အချစ်ဦးအကြောင်း


မြေးဦးရတာတောင် အချစ်ဦးကို မမေ့ဆိုတဲ့ စကားရှိပါတယ်။ အချစ်ဦးဟာ လူတစ်ယောက်အတွက် အရမ်းကို အရေးပါတဲ့ လူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများမှာလည်း အချစ်ဦးဟာ လူသားတိုင်း အတွက် လွယ်လင့်တကူ မေ့ဖျောက်လို့မရတဲ့ အတိတ်စာမျက်နှာတစ်ရွက်အဖြစ် တင်စားထားကြပါ တယ်။ လူတစ်ယောက်ဟာ အကြိမ်ပေါင်းများစွာ ချစ်နိုင်ပေမယ့် သုတ်သုတ်သုတ်သုတ်နဲ့ ကတိုက်က ရိုက်လေး ပြေးသွားတဲ့ အချစ်ဦးလောက် နှလုံးသားပေါ် ထင်ကျန်နိုင်စွမ်း မရှိပါဘူး။ မြေမခသလို နှင်းမကျ သေးတဲ့ သစ်ရွက်နုနုလေးအပေါ် ပထမဆုံး ကျသွားတဲ့ နှင်းစက်လေးလို အချစ်ဦးဟာ လူတစ်ယောက် အတွက် အရမ်းကို အဓိပ္ပာယ်ရှိ လှပါတယ်။ ဂျော့ဘားနတ်ရှောကတော့ အချစ်ဦးဟာ မိုက်ရူး နည်းနည်း ဆန်ပြီး သိချင်၊ စပ်စုချင်စိတ်များတဲ့ အချစ်လို့ ဆိုထားပါတယ်။ ဘင်ဂျမင် ဒစ္စရေလီကတော့ အချစ်ဦးရဲ့ အ၀ိဇ္ဇာ အမှောင်ထုလောက် မဆုံးနိုင်တဲ့ အမှောင်ထု မရှိနိုင်တော့ဘူးတဲ့။ 

အချစ်ဦးပွင့်ချိန် 

အချစ်ဦးဟာ ဖူးနုစအသက်အရွယ်မှာ ဖူးပွင့်လာတဲ့ အချစ်တစ်ခုဖြစ်ပြီး လူတစ်ယောက်ရဲ့ ဘ၀နဲ့နေထိုင်မှု အပေါ် များစွာသက်ရောက် လွှမ်းမိုးမှုရှိပါတယ်။ သေတဲ့အထိ စွဲမြဲတဲ့ အမှတ်တရအဖြစ် ပါရှိသွားလေ့ရှိပါ တယ်။ အချစ်ဦးဟာ အများစုအတွက် ဆယ်ကျော်သက် အရွယ်မှာ ဖူးပွင့်လေ့ရှိကြပေမယ့် သက်လတ်ပိုင်း၊ နှောင်းပိုင်းမှာလည်း ဖူးပွင့်လေ့ရှိပါတယ်။ ဒါကြောင့် အချစ်ဦးဟာ အသက်အပေါ် မူတည်ပြီး ဖူးပွင့်တဲ့ ပန်းတစ်ပွင့်တော့ မဟုတ်ပါ။

အချစ်ဦးတို့ ဖူးပွင့်သောအခါ လူတစ်ယောက်ဟာ လက်ရှိပကတိ အနေအထားကနေ ကင်းလွတ် သွား တတ်ပါတယ်။ ဖူးပွင့်ချိန်ကာလပြီးဆုံး သွားတဲ့အထိ ချိုမြိန်တဲ့ ပျော်ရွှင်မှုလေးကို ပေးစွမ်းတတ်ပါတယ်။ဒါကြောင့်လည်း အချစ်ဦးကို မြေးဦးရတာတောင် မမေ့၊ ရည်းစားဦးသား ဦးရတာတောင် မမေ့ဆိုတဲ့ စကားတွေ ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။ ဒီစကားဟာ လက်ရှိချစ်သူအပေါ် ယိုယွင်းတဲ့ သစ္စာရယ်လို့ သမုတ်လို့ မရပါဘူး။ 

အချစ်ဦးသက်တမ်း 

အချစ်ဦးဟာ ဖူးပွင့်ချိန် သာယာသလောက် သက်တမ်းရင့်ရင့် ဖူးပွင့်တဲ့ ပန်းတစ်ပွင့်တော့ မဟုတ်ပါ။ များ သောအားဖြင့် အချစ်ဦးဟာ ဖူးပွင့်ချိန် တိုတောင်းလွန်းလှပါတယ်။ လေပြည်နုထွေး ရုတ်တရက် တိုက်ခတ် သွားသလို ခံစားရစေပါတယ်။ အချစ်နဲ့ပတ်သက်ပြီး အချစ်ဦးမှ ဒီခံစားချက်ကို ခံစားရတာ မဟုတ်ပါဘူး။ အချစ်ရေးနဲ့ပတ်သက်ပြီး လူတိုင်းဟာ မိမိကိုယ်ကိုမိမိ အချစ်ကံကောင်းတယ်လို့ ထင်နေလေ့ ရှိပါတယ်။ အမှန်တကယ်တော့ တကယ့် အချစ်ကံကောင်းတဲ့သူ ရာခိုင်နှုန်းဟာ ငါးရာခိုင်နှုန်းပဲ ရှိတယ်ဆိုတာ လေ့ လာ တွေ့ရှိ ရပါတယ်။ အချစ်ဦးနဲ့ လမ်းခွဲခဲ့ရတဲ့ နည်းပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ဘ၀မှာ အချစ်ဦး အတွက် အမှတ်တရတွေဟာ ကွဲပြားသွားပါတယ်။ အချစ်ဦးနဲ့ ချစ်ရေစက်မဆုံခဲ့တဲ့ သူတွေအတွက် နာကျင်မှုထက် စိတ်ရှုပ်ထွေးမှုကို ဘ၀နှောင်းပိုင်း ကာလတစ်လျှောက် ပိုခံစားရလေ့ရှိပါတယ်။

အချစ်ဦးပေးသောဆု (သို့) ဒဏ်ရာ 

အများစုအတွက် အချစ်ဦးဟာ သာယာပျော်ရွှင်ဖွယ် ဖြစ်ခဲ့ပေမယ့် အချစ်ဦးတိုင်း အချစ်ကံကောင်းကြတာ တော့ မဟုတ်ပါဘူး။ တချို့သူ တွေအတွက် လွန်စွာနာကျင် ခါးသက်ဖွယ်ရာ အတွေ့အကြုံတွေကို ပေးစွမ်း စေပါတယ်။ အစကတည်းက မိုးကြိုးမိခဲ့ရသလို ဖြစ်စေပါတယ်။ တစ်ဖက်သက်အချစ်နဲ့ ချစ်ခဲ့ရတာတွေ ရှိခဲ့သလို တခြားတစ်ယောက်အပေါ် သစ္စာဖောက်သွားတဲ့ အဖြစ်ကို ရင်ဝယ်ပိုက်ခဲ့ရတာတွေ လည်းရှိပါ တယ်။ ဒီလိုအနေအထားမျိုးမှာ အချစ်ဦးဟာ နောက်နောင် အချစ်နဲ့ပတ်သက်ပြီး မခံစား၊ မပတ်သက်ချင် တော့တဲ့အထိ နာကျင် ခံစားမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် အချစ်ဦးဟာ လူတစ်ယောက်အတွက် အရမ်း အရေးကြီးတယ်လို့ ဆိုရခြင်းပဲဖြစ်ပါတယ်။

ဘယ်လို အနေအထားမျိုးပဲဖြစ်ဖြစ် အချစ်ဦးနဲ့ ပတ်သက်ပြီး ရရှိခံစားမှုဟာ ဘ၀တစ်လျှောက်လုံးအတွက် အရမ်းအရေးကြီးတဲ့အတွေ့ အကြုံ တစ်ရပ်အဖြစ် ဦးနှောက်ထဲမှာသာမက ရင်ဘတ်ထဲမှာပါ မှတ်တမ်း ၀င်သွားစေပါတယ်။ အချစ်ဦးနဲ့ ကြုံဆုံခဲ့ရတဲ့ အနေအထားပေါ်မူတည်ပြီး လူတစ်ယောက်ဟာ ဘ၀အ တွက် သင်ခန်းစာတွေကို ရှာမှီးသင်ယူနိုင်ပါတယ်။ နောက်ပြီး အချစ်ဦးကြောင့် လူတစ်ယောက်ဟာ ရင့်ကျက် တည်ငြိမ်လာနိုင်ပါတယ်။ အချစ်ဦးနဲ့ပတ်သက်ပြီး ရရှိတဲ့ အပြစ်ကင်းစင်မှု၊ ချိုမြိန်မှုတို့ဟာ နောက်ရရှိလာမယ့် ချစ်သူတွေမှာ တွေ့ရှိရမှာ မဟုတ်ပါဘူး။

အချစ်ဦးကို မေ့သင့်၊ မမေ့သင့် 

လူမှုတွေးခေါ် ပညာရှင်တွေအနေနဲ့ အချစ်ဦးဟာ လူတ်စယောက်အတွက် မေ့သင့်၊ မမေ့သင့်ကိစ္စကို လူသားတွေအတွက် တာဝန်ယူခေါင်းစားပြီး အဖြေထုတ်ခဲ့ကြရာမှာ အချစ်ဦးဟာ လူတစ်ယောက်ရဲ့ ဘ၀မှာ အချစ်ရေးနဲ့ပတ်သက်ပြီး အဟန့်အတား ဖြစ်စေနိုင်တာမို့ မေ့ဖျောက်သင့်တယ်လို့ အဖြေရှာခဲ့ ကြပါတယ်။ အချစ်ရေးမှာ ပျော်ရွှင်ချင်တယ်ဆိုရင် ကိုယ်ကြုံခဲ့ရတဲ့ အချစ်ဦးအကြောင်းကို မေ့ဖျောက်ပစ် ထားဖို့ပါပဲ။ လူသားတွေအတွက် ပထမဆုံး ကြုံတွေ့ရတဲ့ အချစ်ဟာ တကယ့်အချစ်စစ် မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ အချစ်ရေးမှာ သာယာပျော်ရွှင်မှု ရဖို့အတွက် လူတစ်ယောက်ဟာ လိင်ဖောက်ပြားမှု ရှောင်ရှားရမှာဖြစ်သလို အချစ်ဦးနဲ့ ပတ်သက်ပြီး အဖြစ်အပျက်များကိုလည်း မေ့ဖျောက်ပစ်ခဲ့ရမှာ ဖြစ်ပါ တယ်။ နို့မဟုတ်ပါက လက်ရှိအချစ်ရေးအပေါ် ထိခိုက်လာနိုင်ပါတယ်။ အချစ်ဦးနဲ့ပတ်သက်ပြီး အမှတ် တရ အဖြစ်အပျက်တွေကို မေ့ဖျောက်ပစ်နိုင်ပါမှ နောက်နောင်ကြုံတွေ့ရမယ့် အချစ်သစ်မှာ သာယာ ပျော်ရွှင်မှု အပြည့်ရရှိမှာ ဖြစ်ပါတယ်။

သစ်ပင်မှန်လျှင် အမြစ်နဲ့မကင်းသလို လူမှန်ရင်လည်း အချစ်နဲ့မကင်းကြတဲ့ လူသားတွေအတွက် အချစ် ဦးဟာလည်း ရင်ဘတ်ဆူးစူးတဲ့အထိ သက်ရောက် စိုးမိုးနိုင်ပါတယ်။ ဒီအချစ်ဦးအကြောင်း တဆိတ် မြည်းကြည့်ရင်း မေတ္တာဝေဖြာပြီး ချစ်သက်လျာနဲ့ ဖူးစာဆုံရပါစေသားလို့ ဆုမွန်ကောင်းလေး တောင်း လိုက်ရပါတယ်။


နွေဦးအိမ်
8 Days Journal (အတွဲ ၃ အမှတ် ၃ ဧပြီ ၂၀၁၁)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...