ချစ်သူဟောင်းနဲ့ အရက်မူးပြီး အိပ်မိလို့ ရုရှားသူလေး သေကြောင်းကြံ

အသက် ၂၈ နှစ်ပဲ ရှိသေးတဲ့ ရုရှားမလေး Alina Bogdanova ဟာ ချစ်သူဟောင်းနဲ့ အရက် မူးပြီးတော့ တစ်ညတာ ကုန်ဆုံးစေခဲ့မှု အတွက် မိမိကိုယ်ကို သေကြောင်း ကြံစည်ခဲ့ကြောင်း သိရ ပါတယ်။ 

သူမရဲ့ လက်ရှိ ချစ်သူ ဖြစ်တဲ့ Arturas Pakalniskis ကို မျက်နှာချင်း မဆိုင်ရဲတော့တဲ့ အတွက် ယခုလို သေကြောင်း ကြံစည်ခြင်း ဖြစ်ကြောင်း စစ်ဆေးမှုများက ထုတ်ဖော် ပြောဆို ထားပါ တယ်။ သူမဟာ အကို ဖြစ်သူထံ အလည်သွားစဉ် သူ့ချစ်သူဟောင်း ဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် Aleksandra Zuks ရဲ့ အိမ်မှာ တည်းခိုခဲ့ခြင်း ဖြစ်ပါတယ်။ သူမအနေနဲ့ အိမ်ပေါ် အခန်းထဲမှာ အိပ်ပြီး Aleksandra ဟာ အောက်မှာ ဆင်းအိပ်မယ် လို့ပြောပါတယ်။ သို့ပေမယ့် အရက်မူးနေကြတာမို့ ညက အဖြစ်အပျက်ကို အမှတ်သညာ မရှိခဲ့ကြပါဘူး။ မနက်လင်း လာချိန်မှာတော့ ချစ်သူဟောင်း ဖြစ်သူ အိပ်ယာထပြီး ဘေးမှာမရှိလို့ ထွက်ကြည့်ချိန် လှေကားရင်းမျာ ကြိုးဆွဲချ သေနေတဲ့ သူ့ချစ်သူဟောင်းကို တွေ့ရှိခဲ့ပါတယ်။

စုံစမ်း စစ်ဆေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဒါဟာ မိမိကိုယ်ကို သေကြောင်းကြံတဲ့ ဖြစ်ရပ် ဖြစ်ကြောင်း တိကျတဲ့ အဖြထွက်ရှိခဲ့ပါတယ်။ ချစ်သူသစ် ဖြစ်တဲ့ Arturas Pakalniskis ကို မျက်နှာချင်း မဆိုင်ရဲတော့ တဲ့ Alina ဟာ မနက်လင်းချိန်မှာပဲ ကြိုးဆွဲချ သေကြောင်းကြံ ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။


Ref: dailymail

အောင်ခမ်း (ရိုးရာလေး)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...