သတိထားကြပါ၊ ငါးရံ့ခြောက်မှာ ပိုးသတ်ဆေး သုံးနေကြပြီ

မနေ့က ငါးရံ.ခြောက် ထုတ်ပြီးရောင်းတဲ့ လုပ်ငန်းရှင် တယောက်နဲ့ ဖေ့ဘုတ်မှာ စကားပြော ဖြစ်ပါတယ်။ ငါးရံ့ခြောက်မှာလဲ ပိုးသတ်ဆေး တမျိုးဖြစ်တဲ့ ၉၀% ယင်ဆေးခဲ (သူတို့ အခေါ် ၉၀% ယင်မနားဆေး) ကို တွင်တွင် ကျယ်ကျယ် သုံးနေကြပြီတဲ့။

စားသောက်ကုန်တွေကို စစ်ဆေးတဲ့ FDA အဖွဲ့က ဒါတွေကို မသိဘူးလား။ သိလျှက်နဲ့ပဲ လာဘ်ယူပြီး လွှတ်ပေး ထားသလား ဆိုတာ စဉ်းစားစရာပါ။ ရွှေမြန်မာတို့ ငါးရံ့ခြောက် ဟာလဲ ရေကျိုငါးပိလိုပဲ သတိ ထားရ ပါတော့မယ်။ ကျနော်နဲ့ စကားပြောဖြစ်တဲ့ လုပ်ငန်းရှင်ဟာ ကိုယ်တိုင်ထု တ်လုပ်သူဖြစ်ပြီး ၉၀%
ယင်မနားဆေးကို သူကတော့ မသုံးကြာင်း၊ အများစုက သုံးနေကြောင်း ပြောပါတယ်။

လုပ်ငန်းရှင်
------------
တရုပ်က ထုပ်တဲ့ ၉၀% ယင်မနားဆေး ဆိုတာ ငပိတွင် မဟုတ်ဘူး ငါးရန့်ခြောက်မှာ လှိုင်လှိုင် သုံးနေပြီဗျ။ လူတော့ မပြောတတ်ဘူး ... ယင်ကောင်ကတော့ နားလိုက်တာနဲ့ တုံးကနဲဘဲ။ မယုံမရှိကြပါနဲ့ ... ကျုပ်က ငါးရန့်ခြောက်ကို ကိုယ်တိုင် ထုပ်လုပ်သူဗျ။ ကျုပ်တဦးထဲ မသုံးတာ ...။

Aung Khaing Win
----------------------
လေးလေးရေ ၉၀% ယင်မနားဆေးကို ငါးရံ.ခြောက်တွေမှာ ထုတ်လုပ်သူတွေ သုံးနေတာ ကြာပြီလား ဗျာ။

လုပ်ငန်းရှင်
-------------
အဲဒီဆေးကို ဘုရင်နောင် ပွဲရုံတွေကတဆင့် ရလာတယ်လို့ ပြောကြတယ်။ ငါးရန့်ခြောက်က ဆားပေါ့ လှမ်းရတော့ အစိုမှာ ယင်လိုက်တယ်။ ယင်ကောင်က အစာစားရင်း မစင်စွန့်တယ်။ ဥချတယ်။ နောက်နေ့ ဆို အကောင်ပေါက်ပြီ။ ဘယ်လိုမှ ရှင်းမရတော့ဘူး။

အဲဒီတော့ ငါးရန့်ခြောက်က အရောင်၊ အနံ့အရသာ မကောင်းတော့ဘူး။ ဈေးမရတော့ဘူး။ အဲဒါကြောင့် ယင်မနားဆေးကို သုံးနေကြပြီ။ ထုတ်လုပ်သူက သုံးတာပါ ...။ ငါးခြောက် ဝယ်ရောင်းသူက သုံးတာ မဟုတ်ဘူး။ ဆေးရဲ့ အတိုင်းအဆ၊ သုံးနည်းအညွှန်းတို့ ဘယ်လို သိပါ့မလဲကွယ် ... ဝိသမလောဘတွေ ပေါ့။

Aung Khaing Win
----------------------
အဲဒီဆေးက ပိုးသတ်ဆေး အုပ်စုဝင် ဆိုတာတော. ကျတော် သိထားပါတယ်။ ဒါပေမဲ. ဘာတွေပါလဲ ဆိုတာ တရုတ်လိုပဲ ရေးထားတော့ သေချာ မသိရဘူးပေါ့။

လုပ်ငန်းရှင်
-------------
ဟုတ်ပါတယ် ... ဒို့ဆီကလူတွေသုံးတဲ့ ပုံစံကဆေးကို ရေနဲ့ဖျော်ဆေးပြီးသား ငါးရန့်ခြောက်ကို နှစ်နှစ်ပြီးမှ လှမ်းတာ ...။ နားတဲ့ယင်ကောင် အကုန်သေတာမှ မဲမဲလှုပ်ပဲ။ အမှန်တော့ ဒို့တွေဟာအဆိပ်တွေ စားနေကြ ရတာပါကွာ ......။ ။

(Aung Khaing Win) အများအကျိုးကို လိုလားရှေးရှုပြီး လူများများဆီရောက်အောင် Share ရှယ် လုပ်ပေးကြပါခင်ဗျား။


UpMyanmar
ref;သက်ရှည်ကျန်းမာ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...