အဲကမ္ဘောဇ၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ချင်းမိုင်နှင့် မဲဆောက်သို့ ပျံသန်းရန်စီစဉ်

No.436 Friday, July 11, 2014 
အဲကမ္ဘောဇလေကြောင်း လိုင်းက အောက်တို ဘာတွင် ပထမဆုံးပြည်ပ ခရီးစဉ် အဖြစ် ချင်း မိုင်နှင့် မဲဆောက်ခရီးစဉ်ပြေးဆွဲ သွားရန် စီစဉ်နေသည်ဟု ယင်း လေကြောင်းလိုင်းမှ သတင်းရရှိ သည်။

အဲကမ္ဘောဇက ရန်ကုန်-မဲ ဆောက်-ရန်ကုန်၊ ရန်ကုန်-ချင်း မိုင်-ရန်ကုန် ခရီးစဉ်များကို လာမည့် အောက်တိုဘာတွင် ပုံမှန်ခရီးစဉ်များ ပြေး ဆွဲနိုင်ရေးအတွက် ဆောင်ရွက်နေသည်ဟု အထွေ ထွေမန်နေဂျာ ဦးမြတ်သူကပြော ကြားသည်။

‘‘မဲဆောက်နဲ့ ချင်းမိုင်ကိုရွေး ဖြစ်တာ ဈေးကွက်အရ သူများတွေ ဆင်းတာနည်းတဲ့ ခရီးစဉ်ကို ရွေးပြီးတော့ ဆောင်ရွက်တာပါ။ နောက်ပြီး ထိုင်းက နော့ခ်အဲနဲ့လည်း ပူးပေါင်းပြီး ဆောင်ရွက် တာလည်းပါတယ်။ဒါကြောင့် မဲဆောက်ကို ဆွဲမှာပါ’’ဟု ၎င်းက ဆိုသည်။

အဲကမ္ဘောဇ လေကြောင်းလိုင်းက ချင်းမိုင်ခရီးစဉ်ကို စတင် ပြေးဆွဲတော့မည်ဖြစ်၍ ကြောင့် ပြည်တွင်းမှ ချင်းမိုင်သို့ ပြေးဆွဲသည့် လေကြောင်းလိုင်းကို သုံးလိုင်းအထိ ရှိလာမည်ဖြစ်သည်။ လက်ရှိတွင် အေးရှားဝင်း လေကြောင်းလိုင်းနှင့် အဲပုဂံတို့က ထိုင်းနိုင်ငံ ချင်းမိုင်သို့ ပုံမှန်ခရီးစဉ် များပြေးဆွဲလျက် ရှိနေသည်။

ထို့အပြင် မန္တလေးအခြေ စိုက်ပြေးဆွဲနေသော ရွှေမြန်မာ လေကြောင်းလိုင်းကလည်း မန္တ လေးမှ ချင်းမိုင်သို့ စင်းလုံးငှား ခရီးစဉ်များပြေးဆွဲသွားမည်ဖြစ် ကြောင်းလိုင်း၏ အထွေထွေမန် နေဂျာ ဦးအေးလွင် က ဆိုသည်။

မန်းရတနာပုံ လေကြောင်း လိုင်းကလည်း လာမည့်ပွင့်လင်း ရာသီတွင် ချင်းမိုင်သို့ပြေးဆွဲသွားရန် မူလက စီစဉ်ထားသော်လည်း ယခုအခါပြေးဆွဲရန်အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားသည်ဟု ယင်း လေကြောင်းမှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ကနှစ်အထိ ပြည်တွင်း၌ လေကြောင်းလိုင်း ငါးလိုင်းသာရှိနေခဲ့ပြီး ၂၀၁၀ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အထိ လေးနှစ်တာကာလအတွင်း လေ ကြောင်းလိုင်းလေးလိုင်းတိုးတက် လာကာ လက်ရှိတွင် လေကြောင်းလိုင်း ကိုးလိုင်းရှိနေခဲ့ဟု လေ ကြောင်းဦးစီးမှ သတင်းရရှိသည်။

7Day Daily
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...