ကြို့သီး ငါး ငါးပိချက်



ဒီတစ်ပတ်တော့ နယ်က မိတ်ဆွေတွေဆီက လက်ဆောင်ရထားတဲ့ ကြို့သီးလေးတွေနဲ့ ငါး ငါးပိချက်လေး ချက်ထားပါတယ်။

ကြို့သီး နို့ဆီဘူးတစ်ဘူး၊ ငါးခူ ၁၅ ကျပ်သားပဲ လိုပါတယ်။ ပထမဆုံး ကြို့သီးလေးတွေကို အခွံနွှာပြီး ပြုတ်ပါမယ်။ ကြို့သီးလေးတွေ နူးသွားရင် ညှစ်ပြီး အစေ့ထုတ်ပစ်လိုက်ပါ။

ပြီးရင် ကြက်သွန်ဖြူနီ ဆီသတ်ပါ။ ငါးပိ လက်တစ်ဆစ်စာ ထည့်ပြီး သတ်ပါမယ်။ ခဏနေရင် ဆား၊ နနွင်း နယ်ထားတဲ့ ငါးခူကိုထည့်။ ငါးနံ့ပျောက်သွားပြီဆိုရင် ကြို့သီးပြုတ်ပြီးသား အနှစ်လေးတွေထည့်ပါ။

ရေနည်းနည်းထည့်ပြီး ပွက်လာတဲ့အထိ တည်ပါမယ်။ ငရုတ်သီးစိမ်း ထက်ခြမ်းခွဲပြီး အုပ်လိုက်ပါ။


7Day News Journal 
အတွဲ (၁၃)၊ အမှတ် (၁၆)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...