ဂင်းနစ် စံချိန် ၀င်နိုင်သည့် အသက် ၁၂၀ ဆလုံ အဖွါးအို

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် မကြုံဂလက် မွန်ကင်း ကျေးရွာမှ အသက် (၁၂၀)ရှိပြီလို့ ဆိုတဲ့ ဆလုံလူမျိုး အဖွားအို ဖြစ်ပါတယ်။ 

သားသမီးတွေ အားလုံး သေဆုံးသွားပြီး မြေးဖြစ်သူ အ၀ီးမှာ အသက် ၇၀ ရှိပြီးဖြစ်သည့် အသက် ၁၂၀ ကျော် ဆလုံ အဖွါးအို ကို ပုံပါအတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အစားအသောက် အနေဖြင့် ထမင်းကို ရေဆမ်းစားခြင်း၊ ငါးကို ပြုတ်စားခြင်း များက လွဲပြီး ကျန်သည့် အစာအစာ များအား စားသောက်ခြင်း မရှိကြောင်း သိရပါတယ်။

ကမ္ဘာ့ဂင်းနစ် စံချိန်ဝင် သက်ရှည် အဖွါးအို ဖြစ်သော်လည်း မွေးသက္ကရာဇ် မွေးစားရင်းများ မရှိခြင်းကြောင့် အခက်အခဲများ ရှိနေပါသည်။

သတင်းဌာနများ အနေဖြင့် အဆိုပါ အဖွားအိုအား ကမ္ဘာ့ အသက်ကြီးဆုံး စံချိန် ၀င်နိုင်ရေး စုံစမ်းဖော်ထုတ် ရေးသားပေးနိုင်ပါရန် မေတ္တာရပ်ခံလိုပါသည်။

ဓာတ်ပုံ - သုခမိန် သုခမိန်

credit : မြိတ်သတင်းနှင့် အတင်းများ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...