ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီ စာရင်းကိုင်ချုပ် ဖြစ်လာသူ တစ်ယောက် အကြောင်း



အမေရိကန် ပြည်ထောင်စု နယူးယောက်မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ Humans of New York မီယာရဲ့ အင်တာဗျူးကို ယခုလို ဖြေကြားပေး ထားပါတယ်။

'အိမ်ထောင်ကျပြီး ကျမ အသက် ၁၆ နှစ်မှာ ကလေး တစ်ယောက် ရတယ်။ စာမကြိုးစာလို့ ကျောင်းထုတ် ခံရတယ်။ ဒါကြောင့်မို့ မိသားစုကဖွင့်တဲ့ အားကစားပစ္စည်းဆိုင် အသေးလေးမှာပဲ ဝင်ရောက် အလုပ်လုပ် တယ်။ သိပ်မကြာခင်မှာပဲ အခွန်ဆိုင်ရာ ကုမ္ပဏီတစ်ခုမှာ reception ရာထူးနဲ့ ဝင်ရောက် လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။ ကုမ္ပဏီဟာ ကျမကို စာရင်းကိုင်ပညာနဲ့ အခွန်ဆိုင်ရာ ကိစ္စရပ်များကို လေ့လာခွင့်တွေ ပေးခဲ့ ပါတယ်။ စာရင်းကိုင် အခြေခံ ဝန်ထမ်းတစ်ဦး ဖြစ်လာတဲ့ အထိတောင် လေ့လာခွင့် ရခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တော့ အဲ့ထက် အနည်းငယ် သေးတဲ့ ကုမ္ပဏီတစ်ခုက လှမ်းခေါ်လို့ စာရိုင်းကိုင်ရာထူးနဲ့ ဝင်လုပ် ခွင့် ရခဲ့ပါတယ်။ accounts payable, accounts receivable အစရှိသဖြင့် တို့အပြင် လုပ်ပိုင်ခွင့် တာဝန် အများ အပြားကို ပေးအပ်ပါတယ်။

နောက်တော့ ကျမအထက်မှာ အလုပ်လုပ်တဲ့ (Controller/ စာရင်းချုပ်) ဟာ ရုတ်တရက် အလုပ်ထွက် သွားတော့ သူ့တာဝန်ကို ယာယီ လွဲပြောင်းယူခဲ့ ရပါတယ်။ နောက်တော့ ကုမ္ပဏီက ကျမဟာ ဘွဲ့၊ ဒီဂရီ တစ်ခုမှ ရမထားတဲ့အတွက် စာရင်းကိုင်ချုပ် ရာထူးကို တရားဝင် မပေးပါဘူး။ ဒါနဲ့ ကျမဟာ အချိန် ၆ လ လောက်ရင်းပြီး ညကျောင်းတစ်ခု တက်ခဲ့တယ်။ နောက်တော့ ဒီဂရီတစ်ခု ရရှိပြီး ကုမ္ပဏီရဲ့ တရားဝင် စာရင်းကိုင်ချုပ် (Controller of the company) ဖြစ်လာခဲ့ပါတယ်။'

သင်ခန်းစာ

ဘယ်လုပ်ငန်း ပညာရပ်မှာမဆို မဆုပ်မနစ် ကြိုးစားနိုင်ခြင်းက အောင်မြင်ခြင်းရဲ့ သော့ချက်တစ်ခုပဲ ဖြစ်ပါတယ်။


အောင်ခမ်း (www.innewsmyanmar.com)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...