အဆစ်ရောင် ရောဂါသုံးဆေးက ထိပ်ပြောင် အမျိုးသားများကို ဆံပင် ပြန်ပေါက်စေနိုင်

Health Updates Journal No. 124
ထိပ်ပြောင်လာတဲ့ အမျိုးသားများအတွက် ရွေးချယ်စရာ ဆေးအာနိသင်တစ်မျိုးကို အဆစ်အမြစ်ရောင် ရောဂါမှာ အသုံးပြုတဲ့ ဆေးဝါးတစ် မျိုးမှာ တွေ့ရှိရကြောင်း ဆေးပညာ သတင်းတစ်ရပ်က ဖော်ပြထား ပါတယ်။ ဆံပင်တင်မကဘဲ မျက်တောင်၊ မျက်ခုံးနဲ့မျက်နှာက အမွှေးအမျှင်တွေကိုပါ ပြန်လည် သန်စွမ်းစေ တယ်လို့ သိရှိရပါတယ်။

ဒီဆေးအာနိသင်တွေကို alopecia universalis လို့ခေါ်တဲ့ တစ်ကိုယ်လုံးမှာ ရှိသင့်တဲ့ အမွှေးအမျှင်တွေ မပေါက်တဲ့ ရောဂါရှင်ရယ်၊ plaque psoriasis၊ လို့ခေါ်တဲ့ အရေပြားမှာ နီရဲရောင်ရမ်းပြီး အမွှေး မပေါက်တဲ့ ရောဂါရှင်တွေမှာ စမ်းသပ် အောင်မြင်ခဲ့ပါတယ်။ ဒီလူနာတွေကို ယေးလ် (Yale) တက္ကသိုလ် အရေပြား ကျန်းမာရေးဌာနမှ အထူးကု ဆရာဝန်များက tofacitinib citrate ဆိုတဲ့ ဆေးနဲ့ကုသပေးခဲ့ ပါတယ်။ 

ဒီဆေးဝါးဟာ FDA က အသိအမှတ်ပြုထားပြီး လေးဖက်နာ အဆစ်အမြစ်ရောင် ရောဂါအတွက် သတ်မှတ် ထားတာဖြစ်ပါတယ်။ ဆေး ၁၀မီလီဂရမ်ကို တိုက်ကျွေးပြီး၂လ အကြာမှာ လူနာမှာ ဖြစ်ပေါ်နေတဲ့ နီရဲတဲ့ပြဿနာတွေ သက်သာလာတဲ့အပြင် ဦးရေပြားနဲ့ မျက်နှာပြင် အမွှေးအမျှင်များ ထွက်လာကြောင်း၊ ၅လ အကြာမှာတော့ မျက်ခုံး၊ မျက်တောင်၊ ချိုင်းနဲ့ အခြားအမွှေးအမျှင်များ ထွက်လာကြောင်း ဖော်ပြထားပါတယ်။ ရှစ်လအကြာမှာတော့ အမျိုးသားတစ်ဦးမှာ ရှိသင့်တဲ့ အမွှေးအမျှင်တွေနဲ့ ပြည့်စုံသွားကြောင်း သုတေသန ခေါင်းဆောင် Brittany G Craiglow က ရှင်းပြခဲ့ပါတယ်။


သက်နှင်း
ref;IANS
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...