သင်မသိသေးသော သင့်အကြောင်းများ....

သင်မသိသေးသော သင့်အကြောင်းများ....
သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ

၁။ သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကို ကုတ်လိုက်ပါ။ နားရွက်မှာ ရှိတဲ့ အာရုံကြောတွေကို လှုံ့ဆော်မိတဲ့အခါ အဲ့ဒီ အာရုံကြောတွေဟာ လည်ချောင်းထဲက ကြွက် သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်။

၂။ လူတွေ ဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့အခါ အသံကို မကြားနိုင် ဖြစ်နေပါသလား။ရုတ်ချည်းပြောလိုက်တဲ့ အသံကိုကြားဖို့ ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ။ ဂီတသံစဉ်တွေကို နားထောင်ဖို့ ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ။

၃။ သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်းဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေ အကြောင်း စိတ်ကူးယဉ်လိုက်ပါ။ ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်။

၎။ ဆရာဝန်က သင့်ကို ဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ။ ချောင်းဆိုး ချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန်ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ် ထားစေနိုင်ပါတယ်။

၅။ နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့ အခါမျိုး၊ အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက် နံရံမှာ ဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ ဖိထားလိုက်ပါ။ ဒီ အနေ အထားအတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါစေနိုင်ပြီး ပိတ်ဆို့နေ တာတွေ လျော့ပါးပြီး ရှင်းလင်း သွားစေနိုင်ပါတယ်။

၆။ အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့်အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ။ ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထား မှာ ရှိတဲ့အတွက် အစာချေရည် အက်ဆစ်ပြောင်းပြန် စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်။

၇။ သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့ လက်ညိုးကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

၈။ သင်အလွန်အကျွံ အရက်မူးတဲ့အခါ အခန်းတစ်ခုလုံး ချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ။ တစ်ခုခုကို ဆုပ်ကိုင် လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းက ရပ်အောင် လုပ်ဆောင် ပေးပါတယ်။

၉။ နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ။ နှာခေါင်းက ယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်။

၁၀။ စိတ်လှုပ်ရှား ထိတ်လန့်နေသလား။ သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင် ပါတယ်။vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်။

၁၁။ ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား။ ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့်အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင်လိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေ
ပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်။

၁၂။ ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ်နံရံကနေပြီး ခေါင်းထဲထိ ထိုး ကိုက် တာမျိုး ဖြစ်တတ်ပါတယ်။ Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ် အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ။ လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင်ကပ်
ထားပေးရပါမယ်။ brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ။ ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်။ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲ
မှုက သက်သာစေပါတယ်။

၁၃။ ကြို့ထိုးနေသလား။ လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာ ဖိထားပါ။ မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်။


ref;ရွှေအိမ်စည် စာကြည့်တိုက်
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...