သွေးကြောများကို ပြုပြင်ပေးမည့် ခရမ်းချဉ်သီးမှ ထုတ်သည့် ဆေး

Health Updates Journal No. 124
Cambridge တက္ကသိုလ်က လုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုအရ ခရမ်းချဉ်သီးက ထွက်ရှိတဲ့ ဓာတ် တစ်မျိုးက နှလုံးသွေးကြော ကျဉ်းရောဂါ ဖြစ်နေတဲ့ သူတွေရဲ့ သွေးကြောကို ပုံမှန် အလုပ် ပြန်လုပ် လာစေနိုင်ကြောင်း တွေ့ခဲ့ရပါတယ်။ စတင် လေ့လာမိစေတဲ့ အကြောင်းကတော့ လေ့လာ သူတွေက နှလုံးသွေးကြော ကျဉ်းရောဂါက ကမ္ဘာနဲ့ အ၀န်း ကျယ်ပြန့်စွာ ဖြစ်ပွားနေပေမယ့် မြေထဲ ပင်လယ် ဒေသတွေမှာတော့ ဖြစ်ပွားမှုနှုန်း သိသာစွာ နည်းနေတာကို သတိထားမိ ခဲ့ရာက စပါ တယ်။ မြေထဲပင်လယ်ဒေသက အစားအစာတွေမှာ အများအားဖြင့် အသီးအရွက်၊ ဟင်းရွက်ဆီ၊ သံလွင်ဆီ စတာတွေပါဝင်ပါတယ်။ ဆက် လက်လေ့လာတဲ့ အခါမှာ မြေထဲပင်လယ်ဒေသ အစားအစာ တွေထဲက Lycopene က ပမာဏများစွာ ပါဝင်တဲ့ ခရမ်းချဉ်သီးတွေ အများစုပါဝင်တဲ့ အတွက်ဆိုတဲ့ အဖြေကို တွေ့ရှိခဲ့ပါတယ်။ Lycopene က စွမ်းအားမြင့်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပြီး ၎င်းက ဗီတာမင်အီး ထက်ဓာတ် တိုးဆန့်ကျင်းမှုစွမ်းအား (၁၀)ဆ ပိုမြင့်ပါတယ်။

လေ့လာမှုမှာ နှလုံးသွေးကြောရောဂါရှိနေသူတွေနဲ့ နှလုံးရောဂါ မရှိသူတွေကို ရောနှောပြီးနှစ် ဖွဲ့ခွဲ လိုက်ပါတယ်။ တစ်ဖွဲ့ကို နေ့စဉ် Lycopene 7mg ကျွေးပြီး ကျန်တစ်ဖွဲ့ကို ရိုးရိုးဆေးတွေသာ တိုက်ခဲ့ ပါတယ်။ လေ့လာမှုပြီးတဲ့နောက်မှတော့ Lycopene 7mg နေ့စဉ်ကျွေးထားတဲ့ အုပ်စုမှနှလုံးသွေးကြော ကျဉ်းထားတဲ့ ဝေဒနာရှင်တွေမှာ နှလုံးသွေးကြော ၅၃% ခန့် ပြန်ကျယ်လာကြောင်း တွေ့ရပါတယ်။ Lycopeneက သွေးကြော အတွင်းပိုင်းလွှာ (endothelium ) ကိုပြုပြင်ပေးပြီး နှလုံးသွေးကြော ကျဉ်းရောဂါ ဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။


မိုင်ကိ
Ref; Medindia
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...