ကိုယ်ဝန်ဆောင်စဉ် နွားနို့သောက်ပါက

ကိုယ်ဝန် ဆောင်စဉ် တစ်နေ့မှာ နွားနို့တစ်ခွက် သောက်တဲ့ မိခင်တွေက မွေးဖွားလာတဲ့ ကလေးငယ် တွေဟာ ဆယ်ကျော် သက် အရွယ်မှာ အရပ်ရှည်နိုင်ခြေ ပိုများကြောင်း သုတေသန သစ် တစ်ခုအရ သိရပါတယ်။

Health Updates Journal No. 125
အိုက်စလန်၊ ဒိန်းမတ်နဲ့ အမေရိကန်က အာဟာရ ရေးရာ သုတေသီ အဖွဲ့တစ်ဖွဲ့က ၁၉၈၀ ပြည့်နှစ် နောက်ပိုင်း မွေးဖွားတဲ့ ကလေးငယ်တွေကို လေ့လာခဲ့ရာ မိခင်ဝမ်းထဲ နေစဉ် နွားနို့ ဘယ်လောက် သောက်သုံးခဲ့ ရတာနဲ့ ဆယ်ကျော်သက် အရွယ် မှာ သူတို့ရဲ့ အရပ်ဟာ တိုက်ရိုက် ဆက်နွှယ်နေကြောင်း တွေ့ရှိ ခဲ့ကြတယ်။

သန္ဓေသား ဘ၀မှာ ရရှိတဲ့ နွားနို့ ကောင်းကျိုးတွေဟာ နောက် ထပ်နှစ် ဘယ်လောက် ကြာမှာကို လေ့လာခဲ့ ကြတာဖြစ်တယ်။ သုတေသီတွေက ဒိန်းမတ်မှာ ၁၉၈၈ ခုနှစ်က ၁၉၈၉ ခုနှစ် အကြား ကိုယ်ဝန်ဆောင်မိခင် ၈၀၉ ဦးကို ကိုယ်ဝန်ဆောင်တုန်းမှာ နွားနို့ဘယ်လောက် သောက်ကြောင်း ကို မှတ်သားခဲ့ကြပြီး၊ မွေးလာတဲ့ ကလေးတွေကို အရပ်နဲ့ ကိုယ်အလေးချိန် တိုင်းတာခဲ့ကြတယ်။အနှစ် ၂၀ ကြာမှာ အဲဒီကလေးတွေရဲ့ အရပ်ကို ထပ်မံတိုင်းတာခဲ့ပြီး၊ ရလဒ်တွေကို ထုတ်ပြန်ခဲ့တယ်။

လေ့လာမှု ရလဒ်တွေအရ ကိုယ်ဝန်ဆောင်တုန်း တစ်နေ့မှာ နွားနို့ ၁၅၀ မီလီလီတာကျော် သောက်သုံး ခဲ့တဲ့ မိခင်တွေကမွေးဖွားတဲ့ ကလေးတွေက အဲဒီလိုမသောက်သုံးတဲ့ မိခင်တွေရဲ့ ကလေးတွေထက် ဆယ်ကျော်သက် အရွယ်မှာ ယေဘုယျအနေနဲ့ အရပ်ပိုရှည်နိုင်ကြောင်း သိရတယ်။ အဲဒီကလေးချင်း နှိုင်းယှဉ်မှုမှာ လိင်တူ (ယောက်ျားလေးအချင်းချင်း၊ မိန်းကလေးအချင်းချင်း) အတွက် ဖြစ်တယ်။ ထို့ပြင် ဆယ်ကျော်သက်အရွယ် အလွန်မှာလည်း အဆင့်၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိခဲ့ တယ်။


ညွန့်လွင် (စက်မှုတက္ကသိုလ်)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...