ကြီးပွားချမ်းသာ တိုးတက်စေသော အဆောင်ပုံများ

မြန်မာ့ရိုးရာ ဗေဒင်ပညာ ရပ်တွေထဲမှာ လူသိများ တဲ့ ပညာရပ်ကတော့ မဟာ ဘုတ် ဗေဒင် ပညာ ပါပဲ။ မြန်မာလူမျိုး တော်တော် များများဟာ မဟာဘုတ် ဆိုတာကို တော်တော် များများ ရင်းနှီးကြတယ်။ ပုတိဖွား ဘင်္ဂဖွား အထွန်းဖွား ဆိုတာလောက် တော့ လူတိုင်း သိကြတယ်။ တွက်တတ် ကြပါ တယ်။

မဟာဘုတ် ပညာဟာ မခက်ပါဘူး။ လွယ်ကူပါ တယ်။ ဒါပေမယ့် လေးနက်မှု့တွေ ပါတယ်။ နက်နဲတယ်။ သိမ်မွေ့တယ်။ ဒါကြောင့် မြန်မာ လူမျိုး အထင်ကရ ဗေဒင်ပညာရှင်ကြီး တွေတောင် မဟာဘုတ် ပညာကို လက်မလွှတ်ကြ ပါဘူး။

ဒီနေ့ မျက်မှောက်ခေတ် မှာတော့ မဟာဘုတ်ပညာဟာ အသွင် ပြောင်းလဲ လာတယ်။ ဟိုးအရင်တုန်းက သိကြတာက ဖွားဇာတာကို အဓိက ထားတယ်။ ပုတိ သဘော မကျော်ဇော။ မရဏဆိုရင် ဘာ အဲဒီ လောက်ပဲ။ ဒါပေမယ့် မျက်မှောက်ခေတ် မှာကြတော့ ပညာရှင်ကြီးတွေရဲ့ ကျေးဇူးကြောင့် ကျွန်တော် တို့ဟာ မဟာပညာကို ကြယ်ဝန်းနက်ရှိုင်းစွာ လေ့လာခွင့်ရခဲ့ကြတယ်။

အခုဆိုရင် မဟာဘုတ် ပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပြီး ဆိုတာနဲ့ လူတစ်ယောက်ရဲ့ အကြောင်း စိတ်နေစရိုက် ဘ၀ကံကြမ္မာ မျိုးစုံကို မြင်ကြည့်လို့ရပါပြီ။ အခု ကျွန်တော် ပြောပြချင်တာက မဟာဘုတ်ပညာနှင့် အဆောင်ပုံ အကြောင်းပါ။ ဘာကြွင်းရင် ဘာပုံဆောင်လို့ရလဲ။ အိပ်ဆောင် အဆောင် ပုံလေးတွေ ဆောင်ထားလို့ ရတယ်။ ဒါမှမဟုတ် ပန်းချီဆွဲပြီး အိမ်မှာ ချိပ်ဆွဲထားလို့ ရတယ်။ ဒါမှမဟုတ် မိမိတို့ရဲ့ ကုမ္ပဏီတို့ အလုပ်ရုံတို့ ဈေးဆိုင်တို့မှာ ပန်ချီဆွဲပြီး ချိပ်ထားလို့ ရပါတယ်။

• (၁)ကြွင်းသူများ-နတ်သမီးပုံ။
• (၂)ကြွင်းသူများ-နတ်သားရွှေအိုးထမ်းနေပုံ။
• (၃)ကြွင်းသူများ-တံခွန်းလုံး စိုက်ထားတဲ့ အောင်အိုး။
• (၄)ကြွင်းသူများ-ငွေအိုးစည်။
• (၅)ကြွင်းသူများ-စိန်စီတဲ့ခေါင်းလောင်း။
• (၆)ကြွင်းသူများ-မေမြို့ပန်းတွေ ဝေနေအောင်ထိုးထားတဲ့ စိန်စီထားတဲ့ ဖလား။
• (၇)ကြွင်းသူများ-သပြေပန်းတွေ ဝေနေအောင်ထိုးထားတဲ့ ဖလား။

မဟာဘုတ်တွက်နည်း မတွက်တတ်ပါက ဒီလင့်မှာ သွားရောက်ပြီး မိမိ မြန်မာ မွေးသက္ကရာဇ်နှင့် မွေးနေ့ ကို ရိုက်ထည့်လိုက်ရုံနှင့် မိမိ အကြွင်းနှင့် မဟာဘုတ်ကို လွယ်ကူစွာ တွက်လို့ ရရှိနိုင်ပါတယ်။ မဟာဘုတ် အကြွင်းသိတာနှင့် အထက်ပါ အဆောင်ပုံများကို ပန်းပုဆိုင်တွင် ကျကျနန သွားရောက်ပြီး စနစ်တကျ ပုံစံတကျ ထုလုပ်ခိုင်းပြီး မိမိတို့ လုပ်ငန်း ဆောင်တာများတွင် ထားရှိ ဆောင်ထားလို့ ရပါသည်။


ref;http://www.heintinzaw.com/
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...