လျစ်လျူ ရှု မထားသင့်တဲ့ သင့်ရဲ့လက်သည်း ပြောင်းလဲမှုများ

သင့်ရဲ့လက်သည်း ပုံမှန် မဟုတ်ပဲ အရောင် သို့မဟုတ် ပြောင်းလဲမှု တစ်ခုခု ရှိလာပြီ ဆိုရင် သင့် အနေနဲ့ ထိုင်မနေ သင့်ပါဘူး။ အဲဒီပြောင်းလဲ မှုတွေဟာ သင် မမြင်နိုင်တဲ့ ရောဂါ ဝေဒနာရဲ့ လက္ခဏာ တွေပဲ ဖြစ်ကြောင်း သတိ ပေးချင် ပါ တယ်။ အောက်မှ ဖော်ပြ ထားတဲ့ ပြောင်းလဲမှု တွေကို လေ့လာပြီး ဆိုးရွားတဲ့ ရောဂါ ဝေဒနာ မခံစားမီ အချိန်မှီ ဆရာဝန်နဲ့ တိုင်ပင် ခြင်းများ ပြုလုပ်ဖို့ အကြံပြု လိုက် ပါတယ်။

မဲနေတဲ့ လက်သည်းများ

လက်သည်း တစ်လျှောက် အနက်ရောင် အတန်းလေး ရှိလာပြီ ဆိုရင်တော့ ဖြစ်နိုင်ချေတစ်ခု ပဲရှိပါတယ်။ သင် အရေပြားကင်ဆာ ခံစားနေတာ သေချာသလောက် ရှိပါတယ်။ ပြီးတော့ တချို့အချိန်တွေမှာ လက်သည်း မှိုရောဂါကူးစပ် ခံထားတယ် ဆိုရင်တော့ မီးခိုးရောင် သို့မဟုတ် စိမ်းနက်ရောင်မှား ပေါ်လာ တတ်ပါတယ်။

အပြာရောင် အဖြစ်ပြောင်းလဲနေတဲ့ လက်သည်းများ

သင့်လက်ချောင်းထိပ်ကို သွေးကနေအောက်ဆီဂျင် လုံလုံလောက်လောက် မပို့ပေးနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ လက်သွေးလည်ပတ်မှု စနစ်မကျခြင်းကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့် သွေးလွှတ်ထုတ်ပေးတဲ့ နှလုံးမှာ ရောဂါတစ်ခုခု ရှိနေတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။

ဖြူနေတဲ့ လက်သည်းများ

အကြောင်းပြချက် အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် အဆိုးရွားဆုံး တစ်ခုကတော့ အသည်းရောဂါ ပဲဖြစ်ပါတယ်။ ဖြစ်နိုင်ချေရောဂါတွေ များတဲ့အတွက် အဖြူကွက်လက်သည်းမှာတွေ့ပြီဆိုရင်တော့ အမြန်ဆုံး ဆရာဝန်ဆီပြသင့်ပါတယ်။

လက်သည်း အထပ်ကွာပြီးပါးလာခြင်း

သင့်လက်သည်းဟာ အထပ်လိုက်ကွဲပြီး ခွာချလို့ရတဲ့အထိ အပ်လာပြီး တဖြေးဖြေးပါးလာမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် သင် သံဓါတ်နည်းနေတာပဲဖြစ်ပါတယ်။

လက်သည်းတွေကျိုးလွယ်ခြင်း

သင့်လက်သည်းတွေဟာ မာတောင့်နေပေမယ့် ကျိုးလွယ်တယ်ဆိုရင်တော့ ခြောက်သွေ့တဲ့ လက္ခဏာ ပဲဖြစ်ပါတယ်။

လက်သည်းအလယ်အောက်ကနေ အက်ကြောင်းရှိခြင်း

လက်သည်းအောက်ကနေ မှိုရောဂါကူးစက်ခံရခြင်းကြောင်းဖြစ်ပြီး ကိုယ်တိုင်ဆေးကုခြင်း မလုပ်ပဲနဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

လက်သည်းအစ အရေပြားဖုန်းထား တဲ့နေရာ ချပ်ပြားနေခြင်း

လက်သည်းအခွံ အခွက် ပုံစံမဟုတ်ပဲ ပြားနေတယ်ဆိုရင်တော့ သွေးမှအောက်ဆီဂျင် ထုတ်လွှတ်နှုန်း နည်းတဲ့အတွက် ဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ချေရှိပါတယ်။

သေးငယ်တဲ့အစက်အပျောက်ရှိနေခြင်း

အထဲမှာရှိတဲ့အရေပြားရောဂါကြောင့်ဖြစ်တဲ့အတွက် သတိထားသင့်ပါတယ်။ ကြာရှည်ယောင်ယမ်း ခြင်းကြောင့် ဆိုးရွားတဲ့နှလုံးရောဂါဝေဒနာ ခံစားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။


Ref: dailymakeover.com
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...