မိမိတို့၏ စီးပွားရေး မှန်မှန် တိုးတက်စေသော ယတြာ

တစ်နေ့ သူငယ်ချင်း တစ်ဦး ကျွန်တော့်ဆီ ရောက်လာတယ်
သူ့စီးပွားရေး ကောင်းအောင် မှန်မှန်တက်အောင် ဘာလုပ် ရမလဲတဲ့။ ယတြာ တောင်းတယ်။ အဲဒီတော့ ကျွန်တော်က အောက်မှာ ဖော်ပြမယ့် ယတြာကို ပေးလိုက်တယ်။ သူက လည်း ကျွန်တော်ပြောတဲ့ ယတြာကို လိုက်လုပ် ပါတယ်။ နောက်တော့ ကျွန်တော် ကလည်း အဝေးရောက်တော့ ထို သူငယ်ချင်းနဲ့ ကွဲသွားတယ်

နောက် ကျွန်တော့်မြို့ကို ပြန်ရောက်တော့ သူငယ်ချင်းကို ပြန်တွေ့ ရတယ်။ အံ့သြစရာ ကောင်းတာက ရွာမှာ သူငယ်ချင်းက သူဋ္ဌေးလေး စာရင်း တောင်ဝင်နေပြီလေ။ တော်တော်လေး အဆင်ပြေနေတယ်။ သူပြောပြတာက သူက ပထမ ကုန်စုံဆိုင်လေး သေသေး လေးကနေ နောက် တော့ ဆံစပါးတွေပါ တွဲပြီး လုပ်လာတယ်။ မိုးတွင်းဆို ဓာတ်မြေသြဇာတွေပါ လုပ်တယ်။

နောက်ရွာဆိုတော့ မိုးတွင်းဆို စပါးပေးတို့ ကောက်စိုက်ပေးတို့ သူက အကုန်လုံး လုပ်တယ်။ ခြံထဲက တစ်ဖက်ပေါ့။ အခုဆို ၀င်းဗိုလ်ဆိုတဲ့ ကောင်က ရွာမှာ ထော်လာဂျီနဲ့ ဆန်စက်နဲ့ ဖြစ်နေပြီလေ။ တစ်ရွာ လုံးကို လည်း လခနဲ့ မီးတောင်ပေးနေတာ။ ကျွန်တော်နဲ့တွေ့တော့ သူက ပြောတယ်။ ကျေးဇူးတင်တယ် သူငယ်ချင်းတဲ့ ဆိုတော့ ကျွန်တော်ကလည်း ဘာလဲဟပေါ့။ မေ့နေပြီလားတဲ့။ မင်းပေးခဲ့တဲ့ ယတြာ ကြောင့် ဖြစ်လာတာပါတဲ့။ ငါလည်း ကြိုးစားတယ်။ ယတြာလည်း စွမ်းတယ်ထင်တယ်တဲ့။ (၃)နှစ်အတွင်း လုပ်သမျှ စီးပွားရေးက လုံးဝ လွဲချော်သွားတာ မရှိပဲ ဆက်တိုက်ဆိုသလို မှန်မှန်ကြီး အောင်မြင်လာတာ ပဲတဲ့။ ဘယ်သူတွေ ဘာပြောပြော ကိုယ်ကတော့ အရမ်းယုံတယ်တဲ့။

မိမိတို့၏ စီးပွားရေး မှန်မှန် တိုးတက်စေသော ယတြာကတော့..

မိမိ၏မွေးနေ့ အလိုက် သစ်သားကို လှော်တက်ပုံစံ လုပ်ရမည်။ (ပန်းပုဆရာ လက်သမား ဆရာတွေကို လုပ်ခိုင်းလျှင် ရပါသည်) ပြီးရင် မှန်ပေါ်မှာ ကြိုးလေးနဲ့ ချိပ်စွဲပြီး ထောင်ထားလိုက်ပါ။ ဒါဆိုရင် မိမိတို့ လုပ်သော စီးပွားရေး လုပ်ငန်းများတွင် လုံးဝ မှန်မှန်ကြီး တက်နေမည် ဖြစ်ပါကြောင်း။


ref;https://www.facebook.com/techbayda
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...