ကမ္ဘာပတ်နေသည့် လူငယ်ပိုင်းလော့ လေယာဉ် ပျက်ကျမှုကြောင့် အသက်ဆုံးရှုံး

ကမ္ဘာ တစ်ပတ် လေယာဉ် မောင်းနှင် နိုင်သည့် အသက် အငယ်ဆုံး ပိုင်းလော့ အဖြစ် မှတ်တမ်း ၀င်ရန် ကြိုးစားနေသည့် ပါကစ္စတန်- အမေရိကန် ဆယ်ကျော်သက် လေယာဉ်မှူး ဟားရစ် ဆူလေမန် သည် ပြီးခဲ့သည့် အင်္ဂါနေ့ညက တောင်ပစိဖိတ် ဒေသရှိ အမေရိကန် ဆာမိုအာ ကမ်းရိုးတန်းတွင် ဖြစ်ပွား ခဲ့သည့် လေယာဉ် ပျက်ကျမှုတွင် အသက် ဆုံးရှုံးသွား ခဲ့ကြောင်း ဆာမိုအာကျွန်း၏ ကမ်းရိုး တန်း လုံခြုံရေး အရာရှိများနှင့် ဟားရစ်၏ မိသားစုများက ပြောသည်။

ဟားရစ် ၁၇ နှစ်၏ ရုပ်အလောင်းကို အမေရိကန် ဆာမိုအာ ရေတပ် လှည့်ကင်းများက ရှာဖွေတွေ့ရှိ ခဲ့ကြသော်လည်း ၎င်းနှင့်အတူ လေယာဉ် ပျက်ကျမှုအတွင်း ပါဝင်သွားခဲ့သည့် ဖခင်ဖြစ်သူ ဘာဘာ ဆူလေမန်မှာမူ ပျောက်ဆုံးနေ ဆဲဖြစ်ကြောင်း သိရသည်။

ဆူလေမန် သားအဖသည် ယင်းတို့၏ ခရီးစဉ် ပြီးဆုံးရန် နီးစပ်နေချိန်တွင်မှ ယခုကဲ့သို့ အဖြစ်ဆိုး ကြုံခဲ့ ရခြင်းဖြစ်သည်။ လေယာဉ် ပျက်ကျခဲ့ချိန်တွင် ဆူလေမန်တို့၏ အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်သည် ဟာဝိုင်အီကျွန်းသို့ ဦးတည် ပျံသန်းနေချိန်ဖြစ်ပြီး သောကြာနေ့တွင် အမေရိကန် ကာလီဖိုးနီးယားသို့ အရောက်မျှော်မှန်းထားကာ ယင်းနောက်တွင် အိန္ဒိယသို့ အိမ်အပြန်ခရီး စတင်တော့မည် ဖြစ်သည်။




ref;Mizzima News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...