အုန်းဆီလေးရဲ့  လှို့ ဝှက်ချက်

အုန်းဆီက ဆံပင်နက်မှောင် ပြောင်လက်၊ ဆံသားချော၊ ဆံပင် သန်စေတယ်၊
ဦးရေပြား အေးမြ စေပြီး ဗောက် ပျောက်စေတယ်၊ ဦး ရေ ပြား ပေါ် ဆီ လိမ်း၍ နှိပ် နယ် ပေးခြင်းဖြင့် ချက်ချင်းဆိုသလို ပေါ့ပါး လန်းဆန်းလာပြီး ခေါင်းကိုက် ပျောက် စေတယ်၊ နား သန့်  စေတယ်၊ တံခါး ပတ္တာတွေ တကျွီကျွီ အသံ မြည်တဲ့အခါ (သို့ မဟုတ်) သော့ ခလောက်တွေ ဖွင့်မရတဲ့ အခါ အုန်းဆီထဲ့ လိုက် တာ နဲ့  ကောင်းသွားတယ်.. စသည်ဖြင့် အုန်းဆီ ရဲ့ အသုံးဝင်ပုံကို သိထားကြပြီး ဖြစ်မှာ ပါ။ သို့ သော် အုန်းဆီရဲ့  အခြား အသုံးတည့် နည်းလမ်းကောင်း လေးတွေ ကို အောက်ပါ အတိုင်း လက်တို့ ၍ ပြောပြလိုက် ပါရစေ။

(၁) နံက်အိပ်ယာထ သွားမတိုက်ခင် ပါးစပ် တစ်ဝိုက် ကို မိနစ် ၂၀-ခန့် ကြို၍ အုန်းဆီ လိမ်းပေးခြင်းက ခန္ဓာကိုယ် အဆိပ် အတောက် ပြေစေ ပါတယ်။ ခေါင်းကိုက်ခြင်းကို သက်သာစေရုံ သာမက၊ သွာများဖြူကို လည်း ဖြူဖွေး စေနိုင်ပါတယ်။

(၂) အ၀တ်လျှော်၊ ပန်းကန်ဆေး စသဖြင့် မကြာခဏရေကိုင်ရတာကြောင့် လက်သည်း ပန်းကုန်း(ခေါ်) လက်သည်း အရင်းရှိ အခွံမာနေရာမှာ အရေပြားလန်၍ နာကျင်ခြင်းနှင့် အရေတွန့် ခြင်းများအတွက် တစ်နေ့ ၂-ကြိမ် အုန်းဆီ လိမ်းပေးရုံမျှဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။

(၃) အုန်းဆီက ဦးရေပြားအစိုဓာတ်ကို ထိန်းပေးနိုင်တာကြောင့် ဆံပင်၂-ခွဖြစ်ခြင်းနှင့် ဆံသားကြမ်း၍ မွဲခြောက်ခြောက် ဆံပင်များကို ကောင်းကျိုးဖြစ်စေပါတယ်။

(၄) အသားအရေ ပက်ကြားအက်လေ့ရှိသူများနှင့် အရေပြားကြမ်းထော်သူများအတွက် အုန်းဆီကို လိုးရှင်းအဖြစ် ခပ်ပါးပါးလိမ်း ပေးနိုင်ပါတယ်။

(၅) နှာရည်ကျ၍ နှာတရှုပ်ရှုပ် ဖြစ်နေသူများအဖို့ ၊ အုန်းဆီရှုပေးပါ (သို့ မဟုတ်) နှာခေါင်းပေါက် ထဲကို အုန်းဆီ နဲနဲ ဆွတ်လိမ်းပေးပါ။

(၆) နှုတ်ခမ်းသား ခြောက်သွေ့ ကွဲအက်လေ့ ရှိသူများအတွက် ညအိပ်ယာဝင်ခါနီးမှာ နှုတ်ခမ်း၂- လွှာပေါ် ကို အုန်းဆီလိမ်း၍ အိပ်ပါ။

(၇) အုန်းဆီက မျက်နှာပေါ်ရှိ မိတ်ကပ် နှင့် mascara တွေကို ကုန်စင်အောင်ဖျက်ပေး နိုင်စွမ်းရှိပါယ်။ (သို့ သော် မျက်စိထဲသို့  ဆီမ၀င်အောင် သတိပြု၍ သုံးစွဲပါ)

(၈) အမျိုးသားတွေ မုတ်ဆိတ်မွှေး ရိတ်တဲ့အခါ ထိခိုက်ရှနာခြင်းမှ ကာကွယ်ရန်အတွက် မုတ်ဆိတ်မွှေး ရိတ်မည့် ပါး၊ မေးစေ့ စတဲ့ နေရာတ၀ိုက်ကို အုန်းဆီကြိုလိမ်း ထားနိုင်ပါတယ်။ ဒါ့ပြင် Razor(ဓါး)ပေါ်မှ အမွှေးတွေကို အလွယ်တကူ သုတ်သက်ဖယ်ရှားနိုင်ပါတယ်။

(၉) အုန်းဆီက မျက်နှာပေါ်ကအရေးကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့် အရေအကြာင်း ဖြစ်ပေါ်လေ့ရှိတဲ့ နေရာများ ဖြစ်ကြသော မျက်ဝန်းနှင့် နှုတ်ခမ်းတ၀ိုက်ပေါ်ကို အုန်းဆီ လိမ်းပေးနိုင်ပါ တယ်။ မျက်ကွင်းညိုသူများလည်း လိမ်းပေးသင့်ပါတယ်။ (သို့ သော် ဆီများပိုလျှံ၍ မျက်လုံးထဲ စိမ့်မ၀င်စေ ဖို့ အတွက် သင့်ရုံသာ သုံးစွဲပါ)

(၁၀) မျက်နှာပေါ်ရှိ ၀က်ခြံအမာရွတ်တွေကြောင့် အသားအရေ ပွစိစိဖြစ်နေသူများက မျက်နှာပေါ် အုန်းဆီ လိမ်းပြီးနောက်၊ ၁၅-မိနစ်ခန့် အကြာမှာ ရေခပ်နွေးနွေးဖြင့်မျက်နှာ သစ်ပေးပါ။ ဒီနည်းက အုန်းဆီဖြင့် အသားအရေ ပေါင်းတင်နည်းဖြစ်တာကြောင့် မျက်နှာကို နူးညံ့ချောမွတ် စေနိုင်ပါတယ်။

(၁၁) အုန်းဆီက မွှေးညှင်းပေါက် ဆဲလ်တွေကို အားဖြစ်စေကာ အမွှေးသန်စေတဲ့အတွက် မျက်ခုံးမွှေး ကောင်းချင်သူများက အုန်းဆီ လိမ်းပေးနိုင်ပါတယ်။ (သို့ သော် မျက်စိထဲသို့  ဆီမ၀င်အောင် သတိပြု၍ သုံးစွဲပါ)

(၁၂) အုန်းဆီက အသားအရေ နေလောင်ခြင်းကို သက်သာစေနိုင်တဲ့အတွက်၊ ဥပမာ နွေရာသီမှာ အပန်းဖြေကမ်းခြေ လမ်းလျှောက်သူများအနေဖြင့် နေပူထဲမထွက်ခင် ခြေလက်များကို အုန်းဆီကြို၍ လိမ်းထားပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...