အသည်းရောဂါ ခံစားနေရသော လူသားများအတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည်

အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်း မျှသာကျန်ရှိတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက် ဖြစ်သွားသောကြောင့် အ သည်း အထူးကု ဒေါက်တာခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင် အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင်သာဖြစ်ပါသည်။ ဆရာကြီးစီမှာ အသည်း အတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထိုစီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်းသောက် တကယ် စီပိုးပျောက်ခဲ့ရလို့ သူကိုယ် တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။
လုပ်ဆောင် သောက်သုံးရန်မှာ ….
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကိုယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ (လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန်အတွက်) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲရပါမည် ။
ဆေးရည်ကျိုနည်း ….
ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ။ မြေအိုးထဲတွင် သခွတ်ပွင့်၊ အရွက် နှင့် အခေါက်တို့ကို ရေနဲ့ သုံးခွက်တခွက် ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ။ တနေ့ကို သုံးကြိမ် (သို့ ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ။ အခေါက် တစ်မျိုးတည်းကိုလည်း ကြိုချက်သောက် သုံးနိုင်ပါသည်။
အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါအတိုင်း သောက်သုံး လည်းရပါသည်။
အရွက်ခြောက်နဲ့  အပွင့်ခြောက် အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံ ပြုလုပ်ပြီးတော့လည်း ဆေးအ ဖြစ် သောက်သုံးနိုင်ပါသေးသည်၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အ ရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက် ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူး ရရှိပါသည်။
သခွတ်ဆေးရည်သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများအတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ် ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည်။
ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ………

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) DriverScanner 2014 With Serial Full version Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) အဖြစ်များတဲ့ မိုးရာသီရောဂါများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း