ကင်ဆာရောဂါအကြောင်း တစေ့တစောင်း

ကင်ဆာရောဂါ ဆိုသည်မှာ

ခန္ဓာကိုယ်ကို ဆဲလ်များဖြင့် တည်ဆောက်ထားကြပြီး၊ ဆဲလ်အဟောင်းတွေ ပြိုကွဲသေဆုံးသွား တဲ့အခါ ဆဲလ်အသစ်များက အစားထိုး ဖြစ်ပေါ်လာလေ့ရှိပါတယ်။ အဲဒီလို ပုံမှန်ဖြစ်စဉ်မျိုး မဟုတ်ဘဲ၊ ဆဲလ်များ မူမမှန်၍ အတိုင်းအဆမရှိ ပွားများလာပြီး တခြားအင်္ဂါ အစိပ်အပိုင်းများ အတွင်းသို့  ကျုးကျော်ဝင်ရောက် ခြင်းဖြင့် အလုံး-အဖု-အကျိတ်တွေ ဖြစ်လာကာ “ကင်ဆာရောဂါ” ကို ဖြစ်စေပါ တော့တယ်။ ၄င်းကင်ဆာ ဆဲလ်များဟာ သွေးကြော နှင့် သားငံရည်ကြောများမှတဆင့် တခြားအင်္ဂါအစိပ်အပိုင်းများအတွင်းသို့  ပြန့် နှံ့ ရောက်ရှိသွားခြင်းကို အရပ်ဒေသအခေါ် အဝေါ်စကားများအရ“ကင်ဆာအမြစ်ပွား” တယ်လို့ ခေါ်ပါ တယ်။ သို့ သော် တ ချို့ ဖြစ် စဉ်တွေမှာတော့၊ ကင်ဆာအဖြစ် ဆက်လက်ဖြစ်ပွားခြင်းမရှိဘဲ အသားပို/အကျိတ်အနေဖြင့်သာ တည်ရှိနေပါတယ်။ အဲဒီ အကျိတ်ဟာလည်း တနေ့ နေ့  တချိန်ချိန်မှာ ကင်ဆာဖြစ် လာနိုင် တာကြောင့် မပေါ့ဆသင့်ပါဘူး။

ကင်ဆာရောဂါများ

ကင်ဆာရောဂါကို ဖြစ်ပေါ်သော အင်္ဂါအစိပ်အပိုင်းအလိုက် အမည်တပ်ကာ ခြုံငုံ၍ခေါ်လေ့ရှိသော်လည်း၊ တချို့ အစိပ်အပိုင်းများ ဖြစ်ကြတဲ့…ဥပမာ အူကင်ဆာကို…အူမကြီးကင်ဆာ၊ အူသိမ် င်ဆာဆိုပြီး ထပ်မံ ခွဲခြား၍သတ်မှတ်ပေးရပါတယ်။ အဖြစ်များသော ကင်ဆာများမှာ ဆီးအိမ် ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီး နှင့် စအိုကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ သွေး ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ လည်ေ ချာင်းကင်ဆာ၊ သည်းခြေအိတ်ကင်ဆာ၊ အရိုး ကင်ဆာ၊ အစာအိမ်ရေမြိုကင်ဆာ နှင့် အာခံတွင်း ကင်ဆာ တို့ ဖြစ်ကြပါတယ်။ ခန္ဓာကိုယ်ကြီးရဲ့  အစိတ် အပိုင်းများ အားလုံး လိုလိုမှာ ကင်ဆာဖြစ် နိုင်တာကြောင့် မျက်စိကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ အစာ အိမ်ကင်ဆာ စသဖြင့် များစွာရှိကြ ပါ တယ်။ ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ သတ်မှတ်ချက် အရ၊ ကမ္ဘာပေါ်တွင် ကင် ဆာေ ရာဂါဖြစ်ပွားသူ နှစ်စဉ် ၁၀-သန်း ကျော်ရှိနေ ပြီး ၆-သန်းကျော်မှာ သေ ဆုံးကြ ရကြောင်း၊ ယင်း ၁၀-သန်းကျော်ထဲတွင် ဖွံ့ ဖြိုးပြီးနိုင်ငံများမှာ ၄.၇ သန်းခန့် ရှိပြီး၊ မဖွံ့ ဖြိုးသေး သော နိုင်ငံများမှာ ၅.၅ သန်းခန့် ရှိနေကြောင်း၊ ကမ္ဘာနှင့်အ၀ှမ်း အဖြစ်အများဆုံး ကင်ဆာရောဂါအမျိုး အစားအလိုက် သုတေသ နပြုကြည့်ရာ၊ အမျိုးသားများ ဆီးကျိတ်ကင်ဆာက (ပထမ)နေရာ၊ အမျိုးသမီး များ ရင်သား နှင့် သားအိမ်ကင်ဆာက (ဒုတိယ) နေရာ၊ အဆုတ်ကင်ဆာက (တတိ ယ)နေရာဟု မှတ် တမ်းများမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်မှာတော့ ၂၀၁၄ နှစ်ဦးပိုင်း စာရင်းများအရ၊ မန္တလေးတိုင်း ဒေသကြီးရှိ ကင်ဆာရောဂါဌာနမှာ တစ်နှစ်လျှင် လူဦးရေ ၄၀၀ ခန့် မြင့်တက်လာလျက်ရှိကာ၊ အမျိုးသား များတွင် လည်ချောင်း နှင့် အာခံတွင်းကင်ဆာ အဖြစ်များကြပြီး၊ အမျိုးသမီးများတွင် သားအိမ်ခေါင်း နှင့် ရင်သားကင် ဆာတို့ အဖြစ်များတယ်လို့ ဆိုပါတယ်။

ကင်ဆာအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း

ကင်ဆာရောဂါတွေကို ကိုယ်ခန္ဓာဖွဲ့ စည်းပုံအလိုက် အောက်ပါအတိုင်း အမျိုးအစားခွဲခြားသတ် မှတ်နိုင် ပါတယ်။

(ဦးနှောက် ကင်ဆာ) ကလေးရော လူကြီးများပါ ဖြစ်ပွားတတ်ပါတယ်။ သို့ သော် ဦးနှောက်ဖြစ် တဲ့ အဖု အကျိတ်တိုင်းဟာ ကင်ဆာမဟုတ်သောကြောင့်၊ ဆရာဝန်များက သေချာစစ်ဆေး၍ ရောဂါအမည်တပ်ပြီး မှ ကုသပေးလေ့ရှိပါတယ်။

(ဦးခေါင်း နှင့် လည်ချောင်း ကင်ဆာ) ပါးစပ်၊ လျှာ၊ ခံတွင်း၊ လည်ချောင်း၊ နှုတ်ခမ်း၊ နှာခေါင်း၊ သွားရည် အိတ်တို့ မှာဖြစ်တဲ့ ကင်ဆာတွေကို ဦးခေါင်း နှင့် လည်ချောင်းကင်ဆာ အမျိုးအစားအဖြစ် သတ်မှတ်လေ့ ရှိပါတယ်။ သက်လတ်ပိုင်း နှင့် သက်ကြီးပိုင်း အမျိုးသားများမှာ ခံတွင်း နှင့် လျှာကင်ဆာ အဖြစ်များပါ တယ်။

(အစာခြေအင်္ဂါ ကင်ဆာ) ကင်ဆာအမျိုးအစား အားလုံးထဲမှာ အကျယ်ပြန့် ဆုံးက အစာခြေအင်္ဂါ ကင်ဆာ ဖြစ်ပါတယ်။ အူမကြီး ကင်ဆာ၊ စအိုကင်ဆာ၊ အူသိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ သည်းခြေအိတ် ကင်ဆာ၊ ပန်ကရိယကင်ဆာ နှင့် အစာအိမ် ကင်ဆာအားလုံးတို့ ဟာ အစာခြေအင်္ဂါကင်ဆာများ ဖြစ်ကြ ပါတယ်။ များသောအားဖြင့် အသက် ၄၅ နှစ်ဝန်းကျင် သက်လတ်ပိုင်း အမျိုးသားများ အဖြစ်များကြပြီး၊ အမျိုးသမီးများမှာတော့ အူ နှင့် အစာအိမ်ကင်ဆာ တွေဖြ စ်လေ့ရှိပါတယ်။

(ဟိုမုန်း ကင်ဆာ) ဟိုမုန်းမညီမျှခြင်းကြောင့် ဖြစ်သောကင်ဆာအမျိုးအစားဖြစ်ပြီး၊ လည်ပင်းကြီး ရောဂါမှ တဆင့် အဖြစ်များပါတယ်။ အရွယ်ရောက်ကာစ အမျိုးသမီးငယ်များ၊ သွေးဆုံးခါ နီး နှင့် သွေးဆုံးပြီးစ အမျိုးသမီးကြီးများ၊ အကြောင်းအမျိုးမျိုးကြောင့် သားအိမ်ထုတ်ပြီးသူများမှာ ဖြစ်တတ်ပါတယ်။

(မျက်စိ ကင်ဆာ) မျက်မြှေး နှင့် မျက်လုံးအတွင်းပိုင်းမှာဖြစ်သော ကင်ဆာဖြစ်ပြီး၊ အရွယ်ရောက်ပြီးသူ များနှင့် ကလေးများတွင် အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။

(ဆီးအိမ်ကင်ဆာ) ဆီးအိမ်ကင်ဆာမှာ ဆီးကျိတ်ကင်ဆာ၊ ဆီးလမ်းကြောင်းကင် ဆာ၊ ကျောက်ကပ် ကင်ဆာ၊ မျိုးဥ ကင်ဆာတို့ ပါဝင်ကြပြီး အသက် ၆၀ ကျော် သက်ကြီးပိုင်း အမျိုးသားများမှာ အဖြစ်များလေ့ ရှိပါတယ်။

(အရိုး ကင်ဆာ) ကလေးငယ်များ နှင့် ဆယ်ကျော်သက်များတွင်သာ အဖြစ်များပါတယ်။ အရိုး ကင်ဆာ ကတော့ ဖြစ်ပွားမှုနှုန်း အနည်းဆုံး ကင်ဆာရောဂါအမျိုးအစား ဖြစ်ပါတယ်။ အသက် ၆၀ ၀န်းကျင်တွေမှာ ရံဖန်ရံခါ တွေ့ ရတတ်ပါတယ်။

(ရင်သား ကင်ဆာ) ကမ္ဘာနှင့်အ၀ှမ်း အဖြစ်များသော ကင်ဆာအမျိုးအစားဖြစ်ပြီး၊ အမျိုးသမီး များတွင်သာ မက၊ အမျိုးသားများမှာလည်း ဖြစ်တတ်ပါတယ်။

(သွေး ကင်ဆာ) ရိုးတွင်းခြင်ဆီအတွင်းရှိ ဆဲလ်များအတွင်းမှ သွေးနီဥ၊ သွေးဖြူဥ နှင့် သွေး ခဲစေသော ပစ္စည်းများ အလွန်အမင်း တိုးပွားလာခြင်းကြောင့် သွေးကင်ဆာ ဖြစ်လာရပါတယ်။

(သားအိမ် ကင်ဆာ) အမျိုးသမီးများ၏ မျိုးပွားအင်္ဂါအတွင်းဖြစ်ပွားခြင်းကို သားအိမ်ကင်ဆာလို့ ခေါ်ပါ တယ်။ သားအိမ်ခေါင်း ကင်ဆာ၊ သားအိမ်လည်တံ ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်အမြှေးပါး ကင်ဆာတို့ ဟာလည်း သားအိမ်ကင်ဆာ အမျိုးအစားများ ဖြစ်ကြကာ၊ ရင်သားကင်ဆာကဲ့သို့  အဖြစ် အများဆုံး နှင့် အသေအပျောက်အများဆုံး ကင်ဆာ အမျိုးအ စား ဖြစ်ပါတယ်။

(အသက်ရှုလမ်းကြောင်း ကင်ဆာ) အဆုတ်ကင်ဆာဟာ အသက်ရှုလမ်းကြောင်းကင် ဆာဖြစ်ပြီး ဆေးလိပ်သောက်ခြင်း၊ ငရုပ်သီး မှုန့် -လွှစာမှုန့် -ကျောက်မီးသွေးမှုန့် -ဖုန်မှုန့် - ချည်ထည်ဖြတ်ထည်စ (အမွှေးအမျှင်)များ စတဲ့ ညစ်ညမ်းသောလေထုကို အမြဲရှု ရှိုက်ရသော စက်ရုံ အလုပ်ရုံဝန်ထမ်းများမှာ အဖြစ်များကြပါတယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...