ခေါင်းမူးခြင်းအတွက် သဘာဝကုထုံးများ

ခေါင်းကိုက်၊ ခေါင်းမူး၊ ခေါင်းမကြည် ဖြစ်နေလျှင် အောက်ပါ သဘာဝ ဆေးနည်းများဖြင့် ကုသနိုင် ကြပါတယ်။

၁။ သံပရာသီး တစ်လုံးကို ဖန်ခွက်ထဲ အရည်ညစ်၍ ဆား၊ ငြုတ်ကောင်း အနည်းငယ်စီ ထည့်မွှေပြီး သောက်ပေးပါ။

၂။ လိမ္မော်သီး၊ ဘယ်ရီသီး၊ စတော်ဘယ်ရီသီး စသည့် ဗီတာမင်စီ ပြည့်ဝပြီး လတ်ဆတ်သော သစ်သီးများကို ဆား သို့မဟုတ် သကြား အနည်းငယ် တို့ဖြင့် တို့ပြီး စားလိုက်ပါ။

၃။ ဒိန်ချဉ်သောက်ပေးပါ။

၎။ ကြက်သွန်ဖြူ  လေးငါးတက်ခန့် ကို အနည်းငယ်ထု၍ ပြုတ်ပြီး အနံ့ကို ရှူပါ။ အရည်ကို သောက်ပေးပါ။ ပြန်လည် လန်းဆန်းစေပါသည်။

၅။ နွားနို့ တစ်ခွက်စာ ထဲကို ပင်စိမ်းရွက် ၃ ရွက်ခန့် ထည့်ကျိုပြီး ညဖက် မအိပ်ခင် သောက်ပေးပါ။ ခေါင်းမူး၊ ခေါင်းကိုက် သက်သာပျောက်ကင်း သွားပါလိမ့်မည်။

၎င်းဆေးနည်းများမှ မိမိနှင့် လွယ်ကူစွာ အဆင်ပြေနိုင်မည့် နည်းများဖြင့် ကုသနိုင်ကြပါသည်။

လူတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။


စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။

Ref: Natural home remedies: Headaches.
ref;ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...