မိုးသည်းထန်စွာ ရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လူခုနစ်ဦးထက် မနည်းသေဆုံး
![]() |
Written by: အောင်ထက်ခိုင် |
တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း ၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသား အရွယ် ကလေး အပါအ၀င် ခုနစ်ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန (MOI Webportal Myanmar) ၀က်ဘ်ဆိုက်မှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်၊ အိမ်အမှတ် ၆/၄၃၃၊ ဦး..... ပိုင်နေအိမ်နှင့် သုံးခန်းတွဲ အိမ်တန်းလျား၏ ဘေးနံရံအမြင့်ပေ ၂၀ ခန့်ရှိ ကျောက်ရိုးစီဖို့ မြေပြိုကျမှုကြောင့် နေအိမ်များ ပျက်စီးပြိုကျခဲ့သည်။
အဆိုပါ မြေပြိုကျမှုကြောင့် နေအိမ်တန်းလျားတွင် နေထိုင်ကြသော နေအိမ်တန်းလျား ပိုင်ရှင် ဦးကျော်ထွေးလင်း (၃၈)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ယဉ်နု (၃၇)နှစ်၊ လသားအရွယ် ကလေးတစ်ဦး၊ အိမ်ငှားနေ ထိုင်သူ ဦးခင်မောင်သောင်း (၄၅)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ဝင်းဆန်း (၂၅)နှစ်နှင့် သားဖြစ်သူမှုံကြီး(၈)နှစ်၊ သမီးဖြစ်သူ မပေါက်တူး(၅)နှစ်တို့မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“မြေပြိုကျမှုကြောင့် အိမ်ထောင်စုလေးစုမှာ နှစ်စုသေတယ်။ မိုးကများသွားလို့ မြေပြိုသွားတာပါ။ လူလေးယောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားပါတယ်” ဟု ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီးဖြစ်သူ တစ်ဦးက ပြောသည်။
မြေပြိုကျရာနေရာသို့ တာချီလိတ်တပ်နယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး သေဆုံးခဲသူများအား သင်္ဂြိုဟ်နိုင်ရေး၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများအား ပြန်လည် ထူထောင်နိုင်ရေး လုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Eleven Daily News
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ကမ္ဘာ့အချမ်းသာဆုံး စူပါမော်ဒယ်များ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) လူသိနည်းသော iPhone လုပ်ဆောင်ချက် (၂၁) ချက် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း