ပြဿနာတွေကို အတိတ်မှာ ထားပြီး ပရိသတ်အတွက် ရှေ့ဆက်မယ် ဆိုတဲ့ မေမြတ်နိုး
ဘန်ကောက်တွင် ကြော်ငြာ ရိုက်ကူးပြီး ပြန်လာသော မေမြတ်နိုးသည် သရဖူ သိမ်းခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သော ကိစ္စများကို အတိတ်မှာ ထားခဲ့ပြီး ရှေ့ဆက်မည့် အနုပညာအတွက် ပရိသတ်များ အားပေး စေလိုကြောင်း မေမြတ်နိုးကပြောသည်။
‘‘ဖြစ်ခဲ့တာတွေ အားလုံးကို နောက်မှာ ထားခဲ့ပြီးတော့ ရှေ့ ဆက်ပြီး ဒီထက်မက ကြိုးစား သွားမယ့်အတွက် ပရိသတ်တွေက မြတ်နိုးကို ဆက်လက်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ်’’ ဟု မေမြတ်နိုးက ပြောသည်။
ဘန်ကောက်သို့ ဇူလိုင် ၆ ရက်က သွားရောက်၍ Skeyndor Skin Care ဓာတ်ပုံကြော်ငြာကို ထိုင်းနာမည်ကြီးမင်းသားနှင့် ရိုက် ကူးခဲ့ပြီး ဇူလိုင် ၁၀ ရက်က ပြန် လာခဲ့သည်။
ဘန်ကောက်တွင် ကြော်ငြာရိုက်ပြီး ပြန်လာလျှင် သရဖူသိမ်း ခြင်း၊ မသိမ်းခြင်းကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြု လုပ်မည်ဟု ပြောဆိုထားသော်လည်း မအားလပ်သေးသဖြင့် လုပ်ဖြစ်ဦးမည် မဟုတ်ကြောင်း မေမြတ်နိုးကပြောသည်။
‘‘အခုရက်ပိုင်း တကယ် မအားတော့ စီစဉ်ဖို့ အဆင်မပြေ သေးလို့ပါ။ အမေနဲ့ အရင်တိုင်ပင် နေတုန်းပဲ ရှိတော့လေ။ မအားတာ နဲ့ မစီစဉ်ရသေးဘူး’’ ဟု မေမြတ် နိုးကပြောသည်။
လက်ရှိတွင် အိပ်မက်ဆုံရာ သူငယ်ချင်းများနှင့် အခွေထုတ်ရန် သီချင်းရှာနေပြီး ဒီဇင်ဘာတွင် ထွက်ရှိမည့် အတွဲခွေတစ်ခုအတွက် ခရစ္စမတ်သီချင်းတစ်ပုဒ် သီဆိုပေးထားကြောင်း သိရသည်။
သြဂုတ်လ(သို့) စက်တင် ဘာပထမပတ်တွင် တောင်ကိုရီး ယားသို့ သွားရောက်ကာ ကိုရီးယား ဘာသာ စကား သင်ယူပြီး လေးပတ်ကြာ ကြိုတင်လေ့လာမှု များပြုလုပ်ကာ ဂီတအလုပ်များကို လုပ်ဆောင်တော့ မည်ဖြစ် ကြောင်းသိရသည်။
မေမြတ်နိုးအပါအ၀င် မိန်းကလေး လေးဦးဖြင့် ဖွဲ့စည်းလိုက်သော ‘‘MAPW’’အဖွဲ့ အမည်ဖြင့် ကိုရီးယား သီချင်းများ သီဆိုသွားမည်ဖြစ်ကြောင်း မေမြတ်နိုးက ပြောသည်။
‘‘မြတ်နိုးအပါအ၀င် ကိုရီးယားအဆိုတော် နှစ်ယောက်ရယ်၊ ယူရိုပီယံက ကောင်မလေး တစ်ယောက်ရယ်၊ နာမည်တော့ မပြောသေးဘူးရှင့်။ လေးယောက်ပါ။ အခွေနာမည်က ခရေဇီိလို့ ခေါ်ပါတယ်။ အမ်တီဗီတွေ ပါ ရိုက်မယ်ရှင့်။ ဒီအခွေမှာ ဘယ်နှပုဒ်ပါမလဲ မသိသေးဘူးရှင့်’’ ဟု မေမြတ်နိုးကပြောသည်။
7Day Daily
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
No.437 Saturday, July 12, 2014 |