boot loader (boot manager)
Boot manager ဟူ၍လည်း ခေါ်ဆိုနိုင်သော boot loader ဆိုသည်မှာ ကွန်ပျူတာ တစ်လုံး၏ operating system ကို memory တွင် ထားပေးသည့် အသေးစား ပရိုဂရမ် တစ်ခုဖြစ် သည်။ ကွန်ပျူတာ တစ်လုံးကို ဖွင့်လိုက်သည့် အခါ သို့မဟုတ် restart ပြုလုပ် လိုက်သည့်အခါ basic input/output system (BIOS) က ကနဦး စမ်းသပ်မှု အချို့ကို လုပ်ဆောင်ပြီး boot loader တည်ရှိသည့် နေရာသို့ master boot record (MBR) ကို လွှဲပြောင်းပေးသည်။ ကွန်ပျူတာ အသစ် အများစုတွင် Microsoft Windows နှင့် Mac OS ဗားရှင်း အချို့အတွက် boot loader များနှင့် တင်ပို့ရောင်း ချသည်။ အကယ်၍ Linux ကို အသုံးပြုထားပါက အထူး boot loader တစ်ခုကို ထည့် သွင်းရန် လိုအပ်သည်။
Linux အတွက် boot loader နှစ်မျိုးကို LILO (Linux Loader) နှင့် LOADLIN (LOAD Linux) ဟူ၍ လူသိများသည်။ အခြားသော boot loader ကို GRUB (Grand Unified Bootloader) ဟုခေါ်ပြီး ၎င်းကို Red Hat Linux တွင် အသုံးပြုကြသည်။ LILO သည် Linux အသုံးပြု ကွန်ပျူတာ သုံးစွဲသူများအကြားတွင် နာမည်ကျော် လူသိများသည့် boot loader ဖြစ်သည်။ LILO ကို အသုံးပြုခြင်း၏ အဓိက အကျိုးကျေးဇူး သည် boot တက်ချိန် လျင်မြန်ခြင်း ဖြစ်သည်။ LOADLIN ကို operating system အများအပြား သုံးစွဲ သည့် user အချို့က အသုံးပြုကြသည်။ LOADLIN ကို တစ်ခါတစ်ရံတွင် LILO ၏ backup boot loader အနေဖြင့်လည်း အသုံးပြုကြသည်။ GRUB ကို Red Hat Linux သုံးစွဲသူများက သုံးစွဲကြသည်။ ၎င်းကို distiburtion များအတွက် default boot loader အဖြစ် အသုံးပြုကြသည်။

ref;Internet Journal