Botox မထိုးသင့်တဲ့ အကြောင်းပြချက်များ (အပိုင်း-၁)
![]() |
Lily on 2014-07-09 11:36 |
၁။ တကယ် ထိရောက်မှု မရှိပါဘူး။
ခေါင်းတခြမ်း ကိုက်တဲ့ ရောဂါအစရှိတဲ့ ပြင်းထန်တဲ့ ရောဂါတွေ ကုသဖို့ အသုံးပြုတဲ့ ဆေးရည်ပဲဖြစ် ပါတယ်။ သင့်မျက်နှာ အစင်းကြောင်းတွေကို ချောမွတ်စေပြီးတော့ သင့်အကြောတွေကို ဖြေလျော့ပေးနိုင် ပါတယ်။ ဒါပေမယ့် ပိုငယ်ရွယ်ပြီး အသားအရေ နုသွားအောင် လုပ်ဆောင်ပေးတဲ့ နေရာမှာ မဆို သလောက်ပဲ အသုံးဝင်နိုင်ပါတယ် ဆိုပြီး ကျွမ်းကျင်သူတွေ ကိုယ်တိုင်ကတောင် သတိပေးထားတာ ဖြစ်ပါတယ်။
၂။ ဈေးကြီးပါတယ်။
Botox ထိုးဖို့ ဒေါ်လာထောင်ကဏန်း ပေးရပါတယ်။ ခဏပဲ အသုံးဝင်မယ့် အရာအတွက် အဲလောက် ပမာဏများတဲ့ ငွေတွေကို သုံးလိုက်ရမှာ နှမျောဖို့ကောင်းပါတယ်။ ကိုယ်ကျန်းမာရေးအတွက် လိုအပ်မယ့် အစားအစာတွေ ဝယ်စားတာမျိုးဆိုရင် ပိုတန်ပါတယ်။ သို့မဟုတ် စုထားသင့်ပါတယ်။
၃။ အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။
Botox ရဲ့ဆိုးကျိုးတွေဟာ အများအားဖြင့်တော့ သိပ်မတွေ့ရပေမယ့် မရှိတာတော့ မဟုတ်ပါဘူး။ ဖြစ်လာပြီဆိုရင်တော့ ကိုယ်လက်အင်္ဂါသေခြင်း၊ ယားယံခြင်း၊ သေတဲ့ထိတောင် ဖြစ်နိုင်ပါတယ်။ ဆိုးဆိုးရွားရွားမရှိတဲ့ ဆိုးကျိုးတွေကတော့ ကိုက်ခဲခြင်း၊ အားနည်းခြင်း၊ အော့အန်ခြင်း၊ နဲ့ ခေါင်းကိုက် ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
၎။ ဆေးစွဲနိုင်ပါတယ်။
လူအများစုကတော့ နည်းနည်းပဲ အစပိုင်းမှာ ထိုးကြပါတယ်။ ဒါပေမယ့် ထိုးထားတဲ့နေရာ အရေပြား တင်းလာတဲ့အတွက် အခြားတစ်နေရာကို တွန့်သွားစေတာမျိုးရှိပါတယ်။ ထပ်ပြီးပြန်ထိုးရမယ်၊… အဲ့ဒီလိုနဲ့ ဆေးကို မသုံးလို့မဖြစ်တော့အောင် မျက်နှာအရေပြား မညီမညာဖြစ်သွားတတ်ပါတယ်။
၅။ အဆိပ်မတက်အောင် ထိန်းချုပ်ပေးနိုင်တဲ့ ဆေးမရှိပါဘူး။
Botox ထိုးပြီးတဲ့နောက်မှာ ကိုယ်ဖြစ်လာစေချင်တဲ့ ရလဒ်အတိုင်း မဖြစ်လာဘူးဆိုရင် ထိုးထားတဲ့ ဆေးရည် အလုပ်မလုပ်နိုင်အောင် ပြန်ထိန်းပေးမယ့် အခြားဆေးမရှိတာကို သတိရစေချင်ပါတယ်။
Ref:en.amerikanki.com
Trend Myanmar
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)