Chromecast ဆိုသည်မှာ
တစ်နေ့က ကျွန်တော် Facebook မှာ ဆရာ တစ်ယောက် Google ရဲ့ Chromecast ကို ဝယ်ချင်တယ်။ ဘယ်မှာ ဝယ်လို့ရပါသလဲလို့ Status လေး ရေးထားတာ တွေ့ပါတယ်။ဒါနဲ့ Technoland မှာ ရနိုင်ကြောင်း comment ဝင်ရေးပေး လိုက်ပါတယ်။ တစ်ခါက အဲဒိ ဆိုင်ရောက်တုန်း တွေ့ခဲ့လို့ပါပဲ။ ဆိုင်တော်တော် များများမှာ တင်တာတော့ မတွေ့ရပါဘူး။ ဒီတော့ Chromecast ဆိုတာ ဘာလဲ။ Chromecast က ဒီနေ့ခေတ် အဖို့တော့ အလွန်အသုံးတည့်မယ့် ပစ္စည်းလေး တစ်ခုပါပဲ။ ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ စမတ်ဖုန်း၊ တက်ဘလက်၊ တက်ဘလက်တွေရဲ့ မျက်နှာပြင်တွေက သေးငယ် ပါတယ်။ အဆိုပါ device များနဲ့ ကြည့်ရှုနေတဲ့ အင်တာနက် တီဗီလိုင်းတွေ၊ website တွေကို မျက်နှာပြင် ကျယ်ကျယ် နဲ့ တီဗီတွေ မှာ ကြည့်ရှုနိုင်စေဖို့ Chromecast က ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။
Chromecast က လက်မအရွယ်အစား Memory Stick နဲ့ပုံစံတူတဲ့ media streaming device လေးပဲဖြစ်ပြီး TV ရဲ့ HDMI port နဲ့ချိတ်ဆက် သုံးစွဲရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ device တွေမှာတော့ Chromecast ကို support ပေးတဲ့ apps တွေ တင်ထားရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Youtube လိုမျိုး apps ပေါ့။Apps တွေတိုင်းကတော့ Chromecast နဲ့တွဲဖက်ပြီး လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။ လတ် တလော Chromecast ကိုထောက်ပံ့ပေးထားတဲ့ apps အချို့ကတော့ BBC iPlayer, Netflix, Youtube, BT Sport, Google Play ,Google+, Chrome Browser သဖြင့် အမျိုးမျိုးသော entertainments နဲ့ပတ်သက်တဲ့ apps တွေပါဝင်ပါတယ်။ ဘယ် apps တွေက chromecast ကို ထောက်ပံ့ပေးနိုင်သလဲ သိလိုလျှင်တော့ chromecast.com/apps မှာ သွားရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Chromecast ဟာ Android 2.3 အထက် စမတ်ဖုန်းနဲ့ တက်ဘလက်တွေ၊ iOS 6 နောက်ပိုင်း iPhone/iPad/iPod Touch တွေနဲ့သုံးစွဲနိုင်ပါတယ်။ သို့သော် လတ်တလောအနေနဲ့ ကိုယ့်စမတ်ဖုန်းထဲမှာ ရှိတဲ့ Chrome browser နဲ့ကြည့်ရှုတာတွေကို TV မှာ casting လုပ်ဖို့ ကိုတော့ ထောက်ပံ့ထားခြင်း မရှိသေးပါဘူး။
စမတ်ဖုန်းနဲ့ တက်ဘလက်များ လိုပဲ ကိုယ့်လက်ပ်တော့ကိုလည်း တီဗီနဲ့ချိတ်ဆက်ကြည့်ရှုနိုင်ဖို့ သုံးစွဲနိုင် ပါသေးတယ်။ ယင်းအတွက် ကိုယ့် လက်ပ်တော့မှာ Chrome Browser ကိုသုံးရမှာဖြစ်ပြီး အဆိုပါ Browser မှာ Google Cast Extension ကို install လုပ်ရမှာဖြစ်ပါတယ်။ Install ပြီးသွားရင်တော့ ကိုယ့်ရဲ့ လက်ပ်တော့ကို Chromecast နဲ့ Wi-Fi network ချိတ်ဆက်ကာ ကာ လက်ပ်တော့ရဲ့ Chrome browser ကနေ youtube လိုမျိုး website တွေကိုဝင်ကြည့်ပြီး TV မှာချိတ်ဆက်ကြည့်ရှုနိုင်စေဖို့ cast ဆိုတဲ့ခလုတ်ကိုနှိပ်ကာ TV မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Casting လုပ်တဲ့နေရာမှာ Social Media တွေနဲ့ photo-sharing sites တွေက ဓာတ်ပုံတွေ၊ Youtube သို့မဟုတ် Netflix လိုမျိုး site တွေက ဗီဒီယိုတွေ၊ အွန်လိုင်း သီချင်းအစီအစဉ်တွေ ၊မြေပုံ၊ သတင်း၊ အားကစား စသည့် များစွာသော အကြောင်းအရာများကို ကိုယ့်ရဲ့ စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ တွေကနေ TV နဲ့ချိတ်ဆက်ပြီး မျက်နှာပြင် ကျယ်ကျယ်နဲ့ကြည့်ရှုနိုင်စေမှာ ဖြစ်ပါတယ်။ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ စမတ်တီဗီဝယ်စရာ သိပ်မလိုတော့ပါဘူး။ ဒါ့အပြင် မော်နီတာ ကြီးကြီး ဝယ်ဖို့လည်းမလိုဘဲ ကိုယ့်ရဲ့ လက်ရှိရှိနေတဲ့ HDMI port ပါတဲ့ TV နဲ့ပဲ မျက်နှာပြင်ကျယ်ကျယ် ကြည့်ရှုနိုင်စေမှာက Chromecast ရဲ့ အစွမ်းပါပဲ။
Chromecast ကို နိုင်ငံတကာမှာတော့ £30 ဝန်းကျင်နဲ့ရောင်းချပြီး မြန်မာနိုင်ငံမှာတော့ အဆိုပါဈေးနှုန်း ထက်တော့ ပိုများနိုင်ပါလိမ့်မယ်။
Nyein Chan(TSJ Tech Team)

ref;TechSpace Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)