နာမည်ကြီး Cydia Default Repo ဖြစ်သည့် BigBoss Repo အား Hack ခံရ


Bigboss repo ဆိုရင် iDevice ကို Jailbreak လုပ်ပြီး Cydia Tweak တွေကို ထည့်သွင်း သုံးစွဲနေကြတဲ့ iDevices Users တိုင်း သိကြပါတယ်။ Bigboss Repo ဟာ iPhone/iPad တွေကို Jailbreak လုပ်ပြီးတာနဲ့ Cydia app ထဲမှာ Default အနေနဲ့ ပါဝင်ပြီးသား Repo တစ်ခုပါ။ ၁၈ ရက်နေ့ညက ယင်းနာမည်ကြီး Repo ‘ Bigboss’ ဟာ Hack ခံ လိုက်ရပါတယ်။ Bigboss Repo ပေါ်မှာ တင်ထားတဲ့ Free Tweak တွေအပြင် ပိုက်ဆံနဲ့ရောင်းတဲ့ Cydia Tweak တွေ စတဲ့ ဖိုင်ပေါင်း တစ်သောင်း သုံးထောင် ကျော်ကို Freedownload အနေနဲ့ရယူနိုင်အောင် Hacker တွေက လုပ်ထားခဲ့ပါတယ်။ iOS Researcher တွေကတော့ ယခုလောလောဆယ် အချိန်မှာ Bigboss မှာ တင်ထားတဲ့ ဘယ် tweak ကိုမှ Users တွေ download မလုပ်ကြဖို့ ပြောဆိုနေကြပါတယ်။


Ref: Redmondpie

Thet Naing Soe (Myanmar Mobile App Store)

-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...