Fake Medicines ဆေးအတု သတိပြု



• ကနေ့မနက် RFA ကနေ ထုတ်လွှင့်တဲ့ ကျန်းမာရေး သတင်းတခုမှာ ဘင်္ဂလားဒက်ရှ် ပါရာစီတမော ဆေးအတု သတင်းပါတယ်။
• အမှန်က ၂၇-၇-၂ဝဝ၉ နေ့ ကလာတဲ့ သတင်းဖြစ်ပါတယ်။ ဘင်္ဂလားဒက်ရှ်မှာ ပါရာစီတမော ဆေးအတု လုပ်မှုနဲ့ လူ ၃ ဦးကို ထောင်ဒဏ် ၁ဝ နှစ် ချမှတ် လိုက်ပါတယ်။ ဒီအဆိပ်ပါ ဆေးအတု တိုက်လို့ ကလေးပေါင်း ၂၅ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ဆေးအတုထဲမှာ ဈေးချိုတဲ့ အဝတ် အထည်နဲ့ သားရေစက်ရုံသုံး ဓါတုဆေးတွေ ပါတယ်။ ဆေးအစစ်မှာ Propylene glycol ကို သုံးတယ်။
• ၂၂-၁-၂ဝဝ၉ နေ့က လာတဲ့ သတင်းမှာ တရုပ်နိုင်ငံမှာ အဆိပ်နို့မှုန့်ကြောင့် လူ ၃ သိန်း နေမကောင်း ဖြစ်ပြီး၊ ကလေး ၆ ယောက် သေဆုံးခဲ့တဲ့ အတွက် လူ ၂ ယောက်ကို သေဒဏ်နဲ့ စက်ရုံပိုင်ရှင်ကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ ပါသေးတယ်။ နို့မှုန့်ထဲမှာ ဓါတ်မြေသြဇာနဲ့ ပလပ်စတစ် စက်ရုံသုံး Melamine မယ်လမင်းဓါတ် ပါတယ်။ လူပေါင်း ၅ သောင်း ကျောက်ကပ် ထိခိုက်လို့ ဆေးကုသမှုခဲခဲ့ ပါတယ်။
• ၂၇-၅-၂ဝ၁၄ နေ့က လာတဲ့သတင်းအရ စပိန်မှာ အာရှကနေလာတဲ့ ဆေးအတု ဖမ်းဆီးရရှိလို့ လူ ၁၃ ယောက်ကို ဖမ်းလိုက်ပါတယ်။ အင်တာနက်ကနေ ရောင်းချတဲ့ ယောက်ျား လိင်အင်္ဂါ သန်မာဆေး၊ ပိုးသေဆေး၊ ဗီတာမင်တွေ၊ ကိုယ်ဝန်တားဆေး၊ စတီရွိုက်ဆေး၊ အနာသက်သာဆေး၊ လိင်အင်္ဂါ သန်မာ ဆေးတွေ ပါဝင်တယ်။ အာဏာပိုင်တွေကနေ လေကြောင်းကနေပို့တဲ့ ဆေးအလုံးရေ ၄ သောင်း ၂ ထောင် ကိုလဲ သိမ်းဆီးခဲ့ပါတယ်။ ဆေးအတုတွေဟာ အိန္ဒိယနဲ့ တရုပ်ကနေလာတာပါ။ အလားတူ မလေးရှား၊ ကိုလမ်ဘီယာ၊ အမေရိကန် ပြည်ထောင်စုနဲ့ ပါရာဂွိုင်းနိုင်ငံတွေကလဲ လာတာတွေ ရှိပါတယ်။
• အင်တာပို အဆိုအရ အင်တာနက် ဆိုဒ်ပေါင်း ၁၁၃ ခုကနေ ဆေးအတု ရောင်းတယ်။
• ဥရောပက European Alliance for Access to Safe Medicines အဆိုအရ ၂ဝ၁၁ အတွင်း၊ အင်တာနက် ကနေ ရောင်းနေတဲ့ ဆေးတွေရဲ့ ၆၂% ဟာ ဆေးအတုတွေ ဖြစ်ပါတယ်။
• အမေရိကားမှာ ရှိတဲ့ Center for Medicine in the Public Interest အဆိုအရ ဆေးဝါးတု စီးပွါးရေး လုပ်ငန်းကနေ ၂ဝ၁ဝ အတွင်းမှာ တန်ဘိုးငွေ ၅၅ ဘီလျန် ရှိတယ်လို့ သိရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၄

https://uk.news.yahoo.com/spain-police-seize-fake-medicine-asia-detain-13-191133192.html#Uag92eR
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...