FB ပိတ်ထားလျှင် သုံးနိုင်သည့် အကောင်းဆုံးနည်းလမ်းများ



ဒီပြဿနာက အခုမှ ဖြစ်တာမဟုတ်ပါ ဟိုးအရင်က blogger.com ကိုလည်း ပိတ်ထားလို့ ကျော်ခွနည်းတွေ ခေတ်စားသေးတယ် အဲ .... အဲဒါတွေ ပြန်ဖွင့်တော့ ဒီနည်းတွေ သိပ်မသုံးဖြစ်ကြတော့တာပါ အခု တော့ ပြန်သုံးဖို့ အကြောင်းဖန်လာပြီပေါ့လေ

သတိ- ကျော်ခွနည်းများ သုံးပါက location မတူသည့်အတွက် FB မှ သင့်အကောင့်ကို checkpoint လုပ်တတ်ပါသည်။ အကောင့်စဖွင့်တုန်းက ပေးထားခဲ့သော security Question နှင့် သူငယ်ချင်းတွေရဲ့ ပုံရွေးခိုင်းတာမျိုးတွေ လုပ်ခိုင်းတတ်သည်။

အကယ်၍ လော့ကျပါက ... စာရေးသူနှင့် မဆိုင်ပါကြောင်း အသေအချာ ပြောချင်ပါတယ်ခင်ဗျာ.

အရင်ဆုံး ဘာမှ ဒေါင်းစရာမလိုဘဲ သုံးနိုင်သည့် www.prod.facebook.com ကနေ စမ်းဝင်ကြည့်ပါ အဲဒါကို ကြိုးစားလို့မှ မရရင် ကျော်ခွဖို့ proxy ထည့်နည်းကို သုံးပါ proxy သုံးဖို့အတွက် 
 
http://www.proxynova.com/proxy-server-list/country-us/
or
http://www.us-proxy.org/

မှာ speed အကောင်းဆုံး proxy ကိုရွေးပါ (စပိကောင်းမကောင်း အစိမ်းလေးတွေနဲ့ ပြတတ်သည် :P)

အဲဒီထဲက အကောင်းဆုံး တစ်ခုကိုရွေးပါ နမူနာ 23.89.198.161 :3127 ကိုရွေးတယ်ဆိုရင် အဲကောင် တွေကို မှတ်ထားပါ။

firefox သုံးသူတွေအတွက် ဆို Tools-> options-> advanced-> Network-> Setting မှာ manual proxy configuration ကိုသွားပြီး ခုနက မှတ်ထားတဲ့ 23.89.198.161 ကို HTTP proxy မှာ ၇ိုက်ထည့် ပါ port မှာ 3127 ကို ရိုက်ထည့်ပြီး use this proxy server for all protocols မှာ အမှတ်ခြစ်ပီး
OK လုပ်ကာ www.facebook.com ကို ဖွင့်ကြည့်ပါ အဆင်ပြေတယ်ဆို အိုကေပါတယ်။

အဆင်မပြေဘူးဆို .... နောက်တစ်နည်းက Firefox addon သွင်းနည်းပါ

tools->Add-on->Get add on ကိုသွားလိုက် ပြီးရင် ညာဘက်က search box မှာ anonymox ကို ရိုက်ထည့်ပြီး Search လိုက်ပါ တွေ့ရင်နှိပ်ပြီး install လုပ်လိုက်ပါ သူအင်စတော ပြိးရင် firefox restart လုပ်ဖို့ ပြောပါမယ် restart လုပ်လိုက်ပါ။

ကဲ ပြီးရင် www.facebook.com ကို သွားကြည့်ပါ ရသလား ..??

မရဘူး ဆိုရင် ဆက်လာအုံးမယ်.... နောက်နည်းက ဆော့ဝဲသုံးမယ်

အဲဒါကိုတော့ အရင်က ဆိုဒ်မှာတင်ဖူးတဲ့ http://www.aungkyaw.net/2013/01/blog-post_19.html
ကနေ ဖတ်လိုက်ပါ... http://ultrasurf.us/index.html ကနေ ဆော့ဝဲဒေါင်းပါ  VPN ဆိုတာကို သေချာ သိချင်တယ်ဆိုရင် http://www.itstudier.com/2014/01/vpn.html မှာ သွားဖတ်လိုက်ပါ။

နောက်ထပ် သုံးနည်းတွေကတော့ အချိန်ရရင် ထပ်ရေးပေးပါ့မယ်...

အမြန်ရေးလိုက်လို့ ပုံတွေနဲ့ မရှင်းပြနိုင်တာ ခွင့်လွှတ်ပါ

နားလည်မယ်ထင်ပါတယ် ... သေချာ နားလည်အောင် ရှင်းမပြနိုင်တာ အချိန်မရလို့ပါ သည်းခံပေးပါ အချိန်ရရင် သေချာရေးပေးမယ်နော် မွမွ

အားလုံးကို ခင်မင်လျှက် 

အောင်ကျော်ခိုင်(ပုသိမ်)
www.aungkyaw.net
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...