အမျိုးသမီးငယ်များသည် ဆရာဝန်နှင့် သွားတွေ့ရမည်ထက် Google ကိုသာ ပိုအားကိုးလိုကြ
အမျိုးသမီးငယ် အများစုသည် အတွင်းကျကျ ကျန်းမာရေး ကိစ္စများ ကို ရှက်ရွံ့စရာ အဖြစ် ယူဆထားကြသည်။ လက်တွေ့တွင် အမျိုးသမီး ငယ်များသည် ဆရာဝန်နှင့် သွားရောက် တွေ့ဆုံသည်ထက် အွန်လိုင်းမှ အကြံပြုချက် များကိုအား ကိုးအားထား ပြုကြကြောင်း လေ့လာမှုများ အရ သိရှိရသည်။
အသက် (၁၈)နှစ်မှ (၂၄) နှစ် အရွယ်ရှိ အမျိုးသမီး သုံးပုံတစ်ပုံကျော်သည် သူတို့၏ ကျန်းမာရေးကိစ္စများ ကို ဆရာဝန်ကို ပြောပြ ဆွေးနွေးရမည်ကို ကသိကအောက် ဖြစ်ကြကြောင်း လေ့လာတွေ့ရှိ ရသည်။ အမျိုးသမီး (၃၉) ရာခိုင်နှုန်း ခန့်ကလည်း အမျိုးသား ဆရာဝန်နှင့် ရက်ချိန်းယူ ဆွေးနွေးရမည်ကို မနှစ်သက်ကြောင်း သိရသည်။ အမျိုးသမီးငယ် များသည် အသက်(၅၅) နှစ်ကျော်သည့် အမျိုးသမီးများ ထက် ဆရာဝန်နှင့် ဆွေးနွေး ရမည်ကို သုံးဆခန့် ပိုမို ရှက်ရွံ့ကြ သည်ကို တွေ့ရသည်။
လေ့လာမှုများ အရ အမျိုးသမီးငယ်များသည် အွန်လိုင်းမှ တစ်ဆင့် ရောဂါကို ကိုယ်တိုင်သာ ရှာဖွေမှု ပြုလုပ်ကြကြောင်း သိရသည်။
ဘယ်သူဘယ်ဝါမှန်း မသိရှိခြင်း က သူတို့ကို ပိုမို သက်သောင့်သက် သာဖြစ်စေပြီး၊ အမျိုးသမီးငယ်(၈၀) ရာခိုင်နှုန်းလောက်က ကျွမ်းကျင်သူများ ၀က်ဘ်ဆိုဒ်တွင် ပေးသည့် အကြံဉာဏ်ကို လိုလားကြောင်း သိရသည်။
ငယ်ရွယ်သည့် မိန်းကလေး ငယ်များသည် ကျန်းမာရေး ကိစ္စနှင့် ပတ်သက်ပြီး မိသားစုဝင်နှင့် မိတ်ဆွေ သူငယ်ချင်း များကို စကားပြောရ မည်ကို တွန့်ဆုတ်လေ့ ရှိကြသည်။
အသက်(၁၈)နှစ်မှ (၂၄) နှစ် ကြား အမျိုးသမီး(၅၂) ရာခိုင်နှုန်း ကလည်း သူတို့ကို သူငယ်ချင်းများ က ပြောပြ အကြံဉာဏ် တောင်းပါက ရှက်ရွံ့သလို ခံစားမိကြောင်း ၀န်ခံခဲ့ ကြသည်။
““ဒီလို ကျန်းမာရေးကိစ္စတွေ ကို အမျိုးသမီးငယ်တွေ ဖွင့်ဟ မတိုင်ပင်ရဲ တာကလည်း အမျိုးသမီး တစ်ဝက်ကျော် လောက်က ဗက်တီးရီးယား ကြောင့်ဖြစ်ရတဲ့ မိန်းမကိုယ် ရောဂါမျိုးလို သာမန် ရောဂါ ကိုတောင် မသိနားမလည် တာကြောင့် ဖြစ်ကြောင်း””ဒေါက်တာလီယိုနွိုက် ဆိုသူက ပြောကြားသည်။
Source: Daily Mail

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook