GPG EMMC Box နဲ့ EMMC IC ကို ပြန်ရေးနည်း
GPGEMMC Box နဲ့ EMMC IC ကို ပြန်ရေးတဲ့ နည်းလေးပါ (သိပြီးသား ဆရာတွေ အတွက်တော့ အနှောင့်အရှက် ဖြစ်သွားရင် Sorry ပါလို့ ကြီုတင်တောင်းပန် ပါရစေ)
အရင်ဆုံး လိုအပ်တာကတော့ GPGEMMC Box ပေါ့နော် ပြီင်္းရင် လိုအပ်တဲ့ GPGEMMC Box အတွက် Setup ဖိုင်နဲ့ EMMC ဖိုင်ကို ဒီလင့်
http://www.gpgindustries.com/download/GPGeMMC/index.php?dir
ကနေဒေါင်းယူရင်ဖြစ်ဖြစ်၊ အကောင်းတစ်လုံး ကနေဖြစ်ဖြစ် Backup ယူလို့ရပါတယ် (ကျွမ်းကျင်သူ ဆရာများကတော့ အကောင်းကနေ Backup ယူတာ ပိုပြီးစိတ်ချရတယ်လို့ ဆိုပါတယ်)
ကဲ ပြန်ရေးကြည့်ရအောင်နော် အရင်ဆုံးပြန်ရေးမဲ့ အိုင်စီကို ခဲပြန်ဖော်ပြီး GPGEMMC Box ရဲ့ IC ထဲ့တဲ့ ပုံစံခွက်ထဲမှာ ထည့်ပါ

( ပုံ-၀.၁ ) Box နဲ့ PC ကို ချိတ်ပြီး PC ကနေ ဒေါင်းထားတဲ့ အထဲက GPGeMMC_v1.22 >> GPGeMMC.exe ကို run ရပါမယ်
GPGEMMC Box ဆော့ဝဲ ပွင့်လာပြီဆိုရင် EMMC ဆိုတဲ့ အကွက်ကိုနှိပ်ပြီး All Manufacturers မှာ မိမိ အိုင်စီ အမျိုးအစားကိုရွှေးပြီး Select Chip နေရာမှာတော့ အိုင်စီရဲ့ နံပတ်လေးတွေကို ရွှေးပေးရပါမယ်
(ကျွမ်းကျင်သူများကတော့ မလိုဘူးလို့ ပြောပါတယ် / ကျွန်တော့် အမြင်တော့ မလိုအပ်ရင် ထည့်ပေးမှာ မဟုတ်ဘူးထင်တာဘဲ ကျွန်တော့်အထင်မှားရင်လဲ မှားမှာပေါ့နော်)


(ပုံ-၁/၂) ပြီးရင် ပြန်ရေးမဲ့ အိုင်စီကောင်းမကောင်း Read info ကိုနှိပ်
ပြီး Run ကြည့်ပါမယ် နမူနာအနေနဲ့ GT-I9300 ရဲ့ EMMC ကို ပြပေးထားပါတယ်


(ပုံ ၃/၄) အတိုင်းပြနေရင် ပြန်ရေးလို့ မရပါဘူး

(ပုံ ၅)အတိုင်းပြနေရင်တော့ ပြန်ရေးလို့ ရပါတယ် ပြီးရင် User နေရာထည့်ထည့်က မှန်ဘီလူးနေရာ လေးကိုနှိပ်ပြီး မိမိပြန်ရေးမဲ့ EMMC ဖိုင်ကို သွားရွှေးပေးပြီး Write ဆိုတာလေးကို နှိပ်ပေးလိုက်ရင် ဖိုင်ပြန် ရေးခြင်းစလုပ်နေပါပြီ..

(ပုံ ၆) အတိုင်းစာတွေ ပေါ်လာပြီဆိုရင်တော့ EMMC ပြန်ရေးတာ အောင်မြင်စွာပြီးဆုံးပြီပေါ့ဗျာ အိုင်စီလေးကို စက်ပြားမှာပြန်တပ်ပြီး လိုအပ်တာလေးတွေ ထပ်လုပ်လိုက်ရင် အားလုံးပြီးပြီပေါ့နော်..
ရေးသားသူ- ကိုနေလ (Myanmar Mobile App Store)
ရေးသားသူ- ကိုနေလ (Myanmar Mobile App Store)
- (အရှေ့သို့) MECTEL 1500 တန်ဖုန်းများနှင့် GSM/ WCDMA/ CDMA များပါ Internet လိုင်း လျှောက်ပေးနိုင်တဲ့ - Easy USSD v2.0 APK စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) Driver တွေကို အော်တိုမက်တစ် Scan & Download လုပ်ပေးသွားတဲ့ Software စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို