အနာဂတ် ကွန်ပျူတာ ချစ်ပ်များအတွက် IBM က ကန်ဒေါ်လာ ၃ ဘီလီယံ သုံးစွဲမည်

IBM သည် အရွယ် သေးငယ်သည့် ဆီလီကွန် ချစ်ပ်များ အတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ကြေညာခဲ့သည်။

ကုမ္ပဏီ၏ ပထမဦးဆုံး ရည်မှန်းချက်သည့် အရွယ်အစား ၇ နာနိုမီတာသာရှိသည့် transistor များဟု ခေါ်သော အီလက်ထရွန်နစ် အစိတ် အပိုင်းများကို တည်ဆောက်သွားရန် ဖြစ်ကြောင်း IBM က ပြောကြားခဲ့သည်။ အဆိုပါ transistor ၏ အရွယ်အစားသည် လူ့ဆံချည်မျှင်တစ်ခု၏ တစ်ထောင်ပုံ တစ်ပုံသာရှိသည်။

ကုမ္ပဏီ၏ ဒုတိယရည်ရွယ်ချက်သည် ယနေ့ခေတ် ဆီလီကွန်ချစ်ပ် နည်းပညာများနှင့် မတူညီသော ရွေးချယ် စရာများကို ဖန်တီးရန် ဖြစ်ကြောင်း၊ အဆိုပါ ရွေးချယ်စရာများတွင် carbon nanatubes, grapheme, silicon photonics, quantum computing, brainlike architectures နှင့် silicon substitutes တို့ဖြစ်ပြီး ၎င်းတို့သည် အစိတ်အပိုင်းများ သေးငယ်မှု မရှိသည့်တိုင် လျင်မြန်စွာဖြင့် လုပ်ဆောင်ပေးနိုင်ကြောင်း IBM က ဆိုသည်။

“လာမယ့် ၁၀ နှစ်အတွင်းမှာ ကျွန်တော်တို့ အနေနဲ့ ယနေ့ခေတ်မှာ မဖြေရှင်းပေးနိုင်တဲ့ ပြဿနာများကို ကျွမ်းကျွမ်းကျင်ကျင် ဖြေရှင်းပေးမယ့် စနစ်သစ်များကို တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု IBM Researh ၏ သိပ္ပံနှင့် နည်းပညာ ဒုဥက္ကဋ္ဌဖြစ်သူ တီစီချန်က ပြောကြားခဲ့သည်။

အထက်ပါ ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့်နှစ်က IBM ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ရင်းနှီးမြှုပ်နှံမှု ပမာဏထက် ထက်ဝက်ခန့်ရှိကြောင်း သိရသည်။

Ref: CNE
Internet Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...