Jailbreak Device တွင် Download Videos များအား iPod Library/ Camera Roll သို့ Import လုပ်နည်း
PwnTube လို့ခေါ်တဲ့ Tweak လေးနဲ့ မိတ်ဆက်ပေးပါရစေ။ သူရဲ့ လုပ်ဆောင်ချက်ကတော့ မိမိ Download ထားသော Videos များအား iPod Library နှင့် Camera Roll သို့ ကူပြောင်း (Import) ပေးနိုင်သော Tweak လေးတခု ဖြစ်ပါတယ်။
၁) မိမိ iDevice သည် Jailbreak ပြုလုပ်ပြီးသား ဖြစ်ရပါမည်။
၂) Cydia သို့ဝင်ပြီး Source > Edit > Add > repo.insanelyi.com/ လို့ရေးပြီး Add Source နှိပ်ပေးရ ပါမည်။
၃) Source Add ပြီးပါက Cydia > search မှာ PwnTube လို့ရေးပြီး ရှာပါ။ တွေ့ရင် Install လုပ်ပါ။
၎) Install ပြီးပြီဆိုရင် မိမိ Download လုပ်ထားသော Video File ရှိရာသို့ iFile သုံးပြီး ဝင်ရောက်ရ ပါ မည်။ ပုံထဲက MP4 ကတော့ iDevice ရဲ့ Original ပါတဲ့ Video App ထဲက Video ပါ။ သူဟာ ဘယ်မှာ ရှိလဲဆိုရင် iFile > var > mobile > media > purchases ဆိုတဲ့ ဖိုင်ထဲမှာပါ။
တခြားနေရာဆိုရင် downloader သုံးပြီး ဒေါင်းထားရင် iFile> var > mobile > application > ထဲမှာ မိမိအသုံးပြုထားသော Downloader နာမည်ရှာပြီး ဝင်ရောက် နိုင်ပါတယ်။
၅) မိမိဒေါင်းထားသော Video file တွေရင် video file ရဲ့ ညာဘက်အစွန်မှာ ရှိတဲ့ (i) လေးနှိပ်ပါက File Attributes ပေါ်လာပါမည်။
File Attributes ရဲ့ အောက်ဆုံးမှာ Add to Camera Roll နဲ့ Add to iPod Library ထဲက ကြိုက်ရာ နှိပ်နိုင်ပါတယ်။
၆) မိမိနှစ်သက်ရာ ရွေးပေးပြီးပြီဆိုရင်တော့ ပုံထဲကအတိုင်း iPod Library နဲ့ Camera Roll တွင်း ဝင်ရောက်ပြီး၎င်း video အား ကြည့်ရှုနိုင်မည်ဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ။
Kyaw Thiha Phyo-Redsnow (MMAS & MMUG)
ref;MMAS
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)