တရားဝင် အာမခံဖြင့် LG G3 အလုံးရေ ၁၀၀ ကို ကျပ်တစ်သိန်း Discount ဖြင့် ရောင်းချမည်



ကိုရီးယား အီလက်ထရွန်းနစ် ကုမ္ပဏီတစ်ခုဖြစ်သော LG မှ LG G3 စမတ်ဖုန်းသစ် စတင်မိတ်ဆက်ခြင်း အစီအစဉ်အဖြစ် တရားဝင်အာမခံ ပါဝင်သော G3 အလုံးရေ ၁၀၀ ကို ကျပ်တစ်သိန်းအထူး Discount ဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး အဆိုပါ Discount အစီအစဉ်ကို ဇူလိုင်လ ၆ ရက်တစ်ရက်တည်းသာ ပြုလုပ်သွား မည်ဖြစ်ကြောင်း LG ၏ တရားဝင် တင်သွင်းခွင့် ကိုယ်စားလှယ် တစ်ဦးဖြစ်သော NMC (New Myanmar Channel) Co., Ltd မှ သိရသည်။

ပရိုးမိုးရှင်းအစီအစဉ်ကို ရန်ကုန်၊ နေပြည်တော်၊ မုံရွာ၊ ပြည်၊ တောင်ကြီးတစ်ပြိုင်နက် တည်းပြုလုပ်သွား မည်ဖြစ်ပြီး ဦးရာလူစနစ်ဖြင့် G3 စမတ်ဖုန်း မူရင်းတန်ဖိုး ၆၄၉,၀၀၀ ကျပ် အစား ၅၄၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။ အထက်ပါမြို့များရှိ LG ၏ တရားဝင် အရောင်းကိုယ်စားလှယ် ဆိုင်များတွင် သာ ဝယ်ယူနိုင်မည်ဖြစ်ပြီး အရေအတွက် ကန့်သတ်ထားကြောင်းသိရသည်။

အရောင်းကိုယ်စားလှယ်ဆိုင်များမှာ Win Mobile World (ရန်ကုန်)၊ Laser (နေပြည်တော်)၊ Mobile 1 (မုံရွာ)၊ Wise Power (ပြည်)၊ NSM (ပြည်) နှင့် iAngle (တောင်ကြီး) ဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ် ပြီး အဖြူ၊ အနက်၊ အရောင် ၂ မျိုး ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

LG G3 စမတ်ဖုန်းသည် GSM ဖုန်းအမျိုးအစားဖြစ်ပြီး 2G/3G/LTE စနစ်များထိ ထောက်ပံ့ လုပ်ဆောင် ပေးကြောင်း သိရသည်။ သာမန်ထက်သာလွန်ကောင်းမွန်သော 534ppi 4xQuadHD IPS အမျိုးအစား ၅.၅ လက်မ Display၊ 2.5GHz Krait 400 အမျိုးအစား Quad-Core CPU ၊ RAM 2GB/3GB ၊ သိုလှောင် မှုပမာဏ 16GB (up to 128GB) ၊ OIS+ Laser AF ကင်မရာနည်းပညာသစ် အသုံးပြုထားသော 13MP နောက်ကင်မရာနှင့် 2.1MP ရှေ့ကင်မရာများနှင့် Smart Keyboard, Smart Notice, Knock Code, Guest Mode စသည့် စမတ်လုပ်ဆောင်များ ထောက်ပံ့ပါဝင်မည် ဖြစ်သည်။ Android OS 4.4.2 (Kit Kat) အမျိုးအစားကို ထည့်သွင်းအသုံးပြုထားကြောင်း သိရသည်။


Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၅) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...