နော်ဝေနိုင်ငံက စက်ဘီးသမားတွေအတွက် "Lift"



နော်ဝေနိုင်ငံက တတိယမြောက် အကြီးဆုံး မြို့တစ်မြို့ဖြစ်တဲ့ Trondheim ဟာ လူဦးရေများပြီး စက်ဘီး စီးတဲ့ သူတွေလည်း ပေါ ပါတယ်... မြို့ထဲက လမ်းတွေရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ကုန်းဆင်း ကုန်းတက်တွေ များပြီး ပရော်ဖက်ရှင်နယ် စက်ဘီး အားကစား သမားတွေအတွက် ကုန်းတက်တွေကို နင်းတက်ရာမှာ ပြဿနာမရှိလှပေမဲ့ အပျော်တမ်း စက်ဘီးသမားတွေ... ရံဖန်ရံခါ စက်ဘီးစီးပြီး shopping ထွက်တဲ့ သူတွေ အတွက်တော့ အတော်လေးကို အကြိတ်အနယ် နင်းတက်ရပါတယ်.....။

ဒါကြောင့်မို့ ကုန်းတက်တွေကို လွယ်ကူသက်သာစွာ သွားလာနိုင်ဖို့ လူတွေကို အောက်ကနေ တွန်းတင် ပေးတဲ့ အရှည်မီတာ ၁၃၀ ရှိ Lift တွေကို ကုန်းတက် လမ်းတွေမှာ ပြုလုပ်ပေး ထားပါတယ်.. အသုံးပြုပုံ ကလည်း ရိုးရှင်းပါတယ်... ခြေနင်း Pedal ပြားနေရာမှာ ခြေတောက် တင်လိုက်တာနဲ့ အောက်ကနေ lift တခု ထွက်လာပြီး သူ့အလိုအလို တွန်းတင်ပေးသွားမှာပါ... အသုံးမပြုတော့လို့ ခြေထောက်ကို ဖယ်လိုက် တာနဲ့ Lift ဟာ သူအလိုလို အောက်ကို ပြန်ဝင်သွားပါတယ်... အခမဲ့ အသုံးပြုခွင့် ပေးထားပြီး... အခု ဆိုရင် ကလေး လက်တွန်းလှည်းနဲ့ သွားလာတဲ့ မိခင်တွေနဲ့ စကိတ်စီးတဲ့ ကလေးတွေပါ သဘောတွေ့နေ ကြပါပြီ....။














ref;oddstuffmagazine/ By Ko Myo
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...