အီတလီစတိုင် ပုဇွန် ပါစတာ Marinara



အီတလီစတိုင် ပါစတာ Marinara ချက်နည်းပါ။ ဆော့အတွက် ခရမ်းချဉ်သီး အနှစ်၊ ခရမ်းချဉ်သီး၊ တို့ဖြင့် ချဉ်ချိုလေး ချက်ထားတာပါ။ ပါစတာ ကြိုက်သူတွေ နှစ်သက်ကြမှာပါ။ ချက်နည်း ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
ပါစတာ – ၃၀၀ ဂရမ်
ပုဇွန်ကျား – ၂၀ကျပ်သား (အမြှီချန်အခွံနွှာ ကျောခွဲချေးထုတ်ထားပါ)
ကြက်သွန်ဖြူ – ၃မွှာ
ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)

ခရမ်းချဉ်သီး – ၄လုံး (အစေ့ထုတ်ပြီ ၈စိတ်ပိုင်းပါ)
ခရမ်းချဉ်သီးနှစ် – ခွက်တ၀က်
ရေ – ခွက် ၄ပုံ၁ပုံ
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
Parmesan ချိစ် – စားပွဲတင်ဇွန်း ၄ဇွန်းစာ (ခြစ်တံဖြင့် ခြစ်ပေးပါ)
ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးထားပါ)



ချက်နည်း

၁။ အရင်ဆုံး ပုဇွန်ကျားများကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)ဖြင့် သမအောင် ရောနုယ်ထားပါ။

၂။ ထို့နောက် ဒယ်အိုး တစ်ခုထဲ ရေများများထည့် ရေဆူလာလျှင် ပါစတာများကို အထုပ်မှာပါသော အညွှန်းအတိုင်း ၈-၁၁ မိနစ်ခန့် ပြုတ်ပေးပါ။

၃။ ပါစတာ ကျက်လျှင် ဇကာဖြင့် ရေစစ်ပေးပြီ ဖယ်ထားပါ။



၎။ ပြီလျှင် ဒယ်ထဲ သံလွင်ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို ၁မိနစ်ခန့် ဆီသပ်ပေးပါ။

၅။ ပြီမှ ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီး အနှစ်၊ ရေတို့ကို ထည့်ပြီ ခရမ်းချဉ်သီး နွမ်းသည်အထိ ၅မိနစ်ခန့် အဖုံးအုပ်ပြီ တည်ထားပါ။

၆။ ပြီနောက် ပုဇွန်၊ ဆား၊ သကြားများ ထည့်ပြီ နောက်ထပ် ၅မိနစ်ခန့် ထပ်တည်ထားပေးပါ။

ရ။ နောက်ဆုံးမှ ပါစတာ ထည့်ပြီ ပုဇွန်၊ ခရမ်းချဉ်သီးဆော့ရည်များဖြင့် သမအောင် ရောမွှေပေးပြီ အပေါ်မှ ငရုတ်ကောင်းမှုန့်၊ ချိစ်၊ ကြက်သွန်မြိတ်များ ဖြူးပေးပါ။



၈။ အရသာရှိသော ပုဇွန် ပါစတာကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…




Wutyee Food House
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...