လာမည့်နှစ်တွင် ဝန်ထမ်း ၁၈,၀၀၀ လျှော့ချရန် စီစဉ်ထားကြောင်း Microsoft အတည်ပြု
၂၀၁၅ ခုနှစ်တွင် ဝန်ထမ်း ၁၈,၀၀၀ ထက်မနည်း လျှော့ချရန် စီစဉ်ထားကြောင်း Microsoft အမှုဆောင် အရာရှိချုပ် ဆက်ယာနာ ဒယ်လာက ပြောကြားလိုက်သည်။
ဆော့ဖ်ဝဲ ကုမ္ပဏီကြီးဖြစ်သည် Microsoft သည် ဝန်ထမ်း ၁၈,၀၀၀ အနက် ၁၂,၅၀၀ ခန့်ကို မကြာခင်က ဝယ်ယူထားသည့် Nokia ထုတ်ကုန် များနှင့် ဝန်ဆောင်မှုဌာနမှ လျှော့ချသွားမည် ဖြစ်သည်။
ပထမဦးဆုံး အနေဖြင့် ဝန်ထမ်း ၁၃,၀၀၀ ကို ဦးဆုံး လျှော့ချသွားရန် စီစဉ်ထားပြီး ဝန်ထမ်းလျှော့ချခံ ရသည့် စာရင်းတွင် ပါဝင်သော ဝန်ထမ်းများကို ခြောက်လအတွင်း သတိပေးချက် ထုတ်ပြန်သွားမည် ဖြစ်သည်။
“ပြောင်းလဲဖို့အတွက် အခုလို ဆုံးဖြတ်ချက် ချမှတ်ရတာဟာ အရမ်းကို ခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ ဒါဟာ လိုအပ်တဲ့ အပြောင်းအလဲ ဖြစ်ပါတယ်” ဟု နာဒယ်လာက ပြောကြားခဲ့သည်။
Microsoft သည် အဓိက ဆော့ဖ်ဝဲလိုင်စင် လုပ်ငန်းကို hardware နှင့် cloud ဝန်ဆောင်မှုများအဖြစ် ပြောင်းလဲတိုးချဲ့ရန် လုပ်ဆောင်နေပြီး ၎င်းအပြောင်းအလဲများသည် ကုန်ကျစရိတ် များပြားသောကြောင့် ဝန်ထမ်းများ လျှော့ချရန် လိုအပ်လာခြင်းဖြစ်သည်။
ယခုကဲ့သို့ ဝန်ထမ်းလျှော့ချခြင်းသည် Microsoft ၏ သမိုင်းတွင် အကြီးမားဆုံး ဝန်ထမ်းလျှော့ချမှု ဖြစ်လာမည် ဖြစ်သည်။ Microsoft သည် ၂၀၀၉ ခုနှစ်က ဝန်ထမ်း ၅,၈၀၀ ကို လျှော့ချခဲ့ဖူးသည်။
ဝန်ထမ်း ၁၃၀,၀၀၀ ရှိသည့် Microsoft သည် ဧပြီလက Nokia ကို အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံဖြင့် ဝယ်ယူပြီးခဲ့နောက် ဝန်ထမ်း ၂၅,၀၀၀ တိုးလာခဲ့သည်။
Nokia ထုတ်ကုန်များနှင့် ဝန်ဆောင်မှု လုပ်ငန်းသည် ယခင် Nokia အမှုဆောင်အရာရှိချုပ် စတီဖင်အီလော့ပ် လက်အောက်တွင် Microsoft ၏အရေးပါသည့် အစိတ်အပိုင်တစ်ရပ် အနေဖြင့် ဆက်လက်ရှိနေမည် ဖြစ်သည်။ သို့သော်လည်း Nokia X Android စီမံကိန်းမှာ ဆက်လက်ရှိတော့မည် မဟုတ်ဘဲ ထုတ်ကုန်များကို Windows Phone ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်မည်ဟု သိရသည်။
Ref: CNET

Internet Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) မေလးရွား လေကြောင်းလိုင်း MH 17 ယူကရိန်းမှာ ပစ်ချခံရ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောက်သို့) Myanmar Model Khin Yupa စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို