NORTON GHOST ဖြင့် HDD တွေကို CLONE ရိုက်နည်း

ဒီ Post ကိုတော့ အထူးသဖြင့် Internet ဆိုင်တွေ၊ Game ဆိုင်တွေ အတွက် အဓိက ရည်ရွယ် ပါတယ်။ ဘာကြောင့် ကျွန်တော်တို့ HDD တွေကို Clone ရိုက်ရသလည်း ဆိုတာကို အရင် ရှင်းပြပါ့မယ်။
ကျွန်တော်တို့ စက်တစ်လုံးကို Window တင်တဲ့ အခါမှာ WindowInstallation အပိုင်း ချည်းပဲကို အနည်းဆုံး ၄၅ မိနစ်လောက် ကြာပါတယ်။ ဂိမ်းဆိုင် သို့မဟုတ် အင်တာနက် ဆိုင်အတွက် အခြား လိုအပ်တဲ့ Software တွေကိုပါ ထပ်သွင်း မယ်ဆိုရင် အနည်းဆုံး ၂ နာရီ ကျော်ကျော်လောက် ကြာ ပါတယ်။ ဒါဟာ စက်တစ်လုံးတည်း အတွက်ပါ။ အကယ်လို့များ ကျွန်တော်တို့က ဆိုင် တစ်ဆိုင်မှာ စက်အလုံး ၂၀ ရှိတယ် ဆိုပါစို့ ကျွန်တော်တို့က တစ်လုံး ချင်းစီ တင်မယ်ဆိုရင် အချိန်ဘယ်လောက် ကြာမလည်း ဆိုတာကို တွက်ကြည့် လိုက်ပါ။
ဒီတော့ ကျွန်တော်တို့က အချိန်တွေကို လျော့ချပြီး အမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်ဖို့ နည်းလမ်း ကတော့ HDD Clone ရိုက်နည်းပဲ ဖြစ်ပါတယ်။ Clone ရိုက်နည်း များစွာရှိတဲ့ အထဲမှာမှ ကျွန်တော်ဒီ Post မှာ Norton Ghost နဲ့ လုပ်ဆောင်နည်းကို ပြောပါ့မယ်။
ကဲ စကားတွေ များသွားပြီ ဆက်လိုက်ရအောင် ကျွန်တော်တို့ အရင်ဆုံး Norton Ghost ကို Install လုပ်လိုက်ပါ့မယ်။ ပြီးသွားပြီဆိုတာနဲ့Software ကို ဖွင့်လိုက်ပါ့မယ်။ ဒါဆိုရင် အောက်ပါပုံအတိုင်း ပေါ်လာ ပါလိမ့်မယ်။

အထက်ပါပုံအတိုင်း ပေါ်လာပြီဆိုရင် ကျွန်တော်တို့က အောက်ပါပုံအတိုင်း

Ghost Advanced ကို ၀င်လိုက်ပါ့မယ်။ ဒီနေရာမှာ ကျွန်တော်တို့က ညာဘက်ခြမ်းမှာ ရှိသော Clone ဆိုတာကို ၀င်လိုက်ပါ့မယ်။ ဒါဆိုရင်

အထက်ပါပုံအတိုင်း ပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့က Next ကိုနှိပ်လိုက်ပါ့မယ်။ အောက်ပါ ပုံအတိုင်း ပေါ်လာတဲ့အခါမှာ

ကျွန်တော်တို့က တစ်ခု အရေးကြီးဆုံး သတိထားရမယ့် အချက်က HDD ရဲ့ Model Number, Serial Number တွေပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီ အချက်တွေကို သတိမထားပဲ မှားယွင်း လုပ်ဆောင် မိတယ်ဆိုရင် မူရင် Final လုပ်ထားတဲ့ HDD ကို ထိခိုက်ပျက်စီးစေမှာဖြစ် ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Board မှာ တပ်ဆင်မယ့်အခါမှာ Port ဘယ်လောက်မှာ တပ်မှာလည်း?….. နောက် တစ်ချက်က HDD ရဲ့ Lable မှာပါတဲ့ Size, Model, Serial Number တွေကို သေချာ မှတ်ရပါမယ်။ မူရင်း HDD ကို Source နေရာမှာ ဖော်ပြပေးပြီးတော့ Clone လုပ်မယ့် HDD ကို Desination နေရာမှာ ဖော်ပြပေးမှာဖြစ်ပါတယ်။ အထပ်ဖော်ပြပါပုံအတိုင်း Select မှတ်ပေးပြီးတာနဲ့ Next ကို နှိပ်ပေးလိုက် ပါမယ်။

ဖော်ပြပါပုံကတော့ Clone လုပ်မယ့် Disk ကို ပြောတာဖြစ်ပါတယ်။ ကျွန်တော်တို့က OK ကို နှိပ်လိုက် ပါမယ်။

ပြီးသွားရင် အထပ်ပါပုံအတိုင်းမှ Next ကို နှိပ်လိုက်ပါမယ်။ Advanced settings ထဲကို ၀င်စရာမလိုပါ…

အထက်ပါပုံအတိုင်း ပေါ်လာပြီဆိုရင် ကျွန်တော်တို့က Run Now ဆိုတာကို နှိပ်ပေးလိုက် ပါမယ်။ ဒါဆို ရင်တော့ အောက်ပါပုံအတိုင်း ပေါ်လာမှာဖြစ်ပါတယ်။

ဒီနေရာမှာ Message ပြတာကတော့ OK နှိပ်ပြီးတာနဲ့ စက်က Restart ကျသွားပြီး DOS Mode ထဲကနေ လုပ်မယ် ဆိုတာကို ပြောတာဖြစ်ပါတယ်။ OK နှိပ်ပြီးတာနဲ့ ကွန်ပျူတာက Restart ကျ သွားပါမယ်။ ပြန်တက်လာတဲ့ အခါမှာတော့….

ရွေးချယ်စရာ ထဲမှာမှ Option 1 ကို ရွေးချယ်ပေး လိုက်ပါမယ်။ ဒါဆိုရင်တော့

HDD ကို Clone လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ % 100 ပြီးသွားပြီ ဆိုရင်တော့ HDD ကို Clone လုပ်ဆောင်ခြင်း ပြီးသွားပြီဖြစ်ပါတယ်။ ဒီအခါမှာတော့ မိမိကွန်ပျူတာတွေမှာ တပ်ဆင်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အချိန်အားဖြင့် အနည်းဆုံး ၃၀ မိနစ်လောက် ကြာမြင့်မှာ ဖြစ်ပါတယ်။ နောက်ထပ် ဆက်လက်ပြီးတော့လည်း Ancronic True Image ဆိုတဲ့ Software နဲ့ Clone လုပ်နည်းကို လည်း ဖော်ပြပေးပ့ါမယ်။ Ancronic နဲ့ ဆိုရင်တော့ အများဆုံး ၁၅ မိနစ်လောက်ပဲ ကြာမှာဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့် Cristiano Zarni@ ဦးဇာနည်
ပဲခူး သား (MiTG)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook