လုပ်ငန်းပိုင်း ဆိုင်ရာအတွက် အသုံးပြုသော Quickoffice app ကို Google ဖျက်သိမ်း

အဆိုပါ app သည် Android ပေါ်တွင်အသုံးပြုခွင့် ရတော့မည် မဟုတ်ဘဲ လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း Google Play နှင့် Apple App Store တို့တွင် အပြီးတိုင် ဖျက်သိမ်း သွားမည်ဖြစ် သည်။ ၎င်း app ကို install ပြုလုပ်ပြီး သုံးစွဲနေသေးသည့် သုံးစွဲသူများ အနေဖြင့် ဆက်လက် အသုံးပြုနိုင်သော်လည်း Google မှ update ထောက်ပံ့မှုများ ဆက်လက်ပြုလုပ် သွားတော့မည် မဟုတ် ကြောင်းသိရသည်။ ယခုနှစ် အစောပိုင်းတွင် Google သည် Google Docs, Sheets နှင့် Slides သီးသန့် app များကို မိတ်ဆက်ခဲ့ပြီး Quickoffice မှပြင်ဆင်နိုင်သော feature များအားလုံးကို ၎င်း app များတွင် အသုံးပြုခဲ့သည်။
ထို့ကြောင့်အဆိုပါ app များ ထွက်ရှိလာချိန်တွင် Google သည် Google Drive အတွင်းရှိဖိုင်များကို သိမ်းဆည်းခြင်း၊ စုပေါင်းထားခြင်း အစရှိသော feature များကို ဖယ်ရှားပစ်ခဲ့သည်။
-စိုးထက်
Ref : CNET
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၆)
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)