Samsung က ဈေးသက်သာတဲ့ Galaxy စမတ်ဖုန်း လေးလုံးကို ကြေညာ



Samsung က ဈေးသက်သာတဲ့ Galaxy စမတ်ဖုန်း လေးလုံးကို ကြေညာလိုက်ပြီး စမတ်ဖုန်းအားလုံးမှာ နောက်ဆုံးထုတ် Android Version ကို အသုံးပြုထားပါသည်။

စမတ်ဖုန်းလေးလုံးမှာ Galaxy Core II, Galaxy Star 2, Galaxy Ace 4 နှင့် Galaxy Young 2 တို့ဖြစ် ကြပါသည်။

ဖုန်းလေးမျိုးတွင် Galaxy Core II သည် Specification အပိုင်းတွင် အကောင်းဆုံးဖြစ်ပါသည်။ ၄.၅ လက်မ မျက်နှာပြင်နှင့် Quad-Core 1.2GHz Processor တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 5 MP Camera နှင့် 2000mAh Battery ပါရှိပါသည်။ SIM Card နှစ်ခုအသုံးပြုနိုင်ပြီး သားရေနှင့် ဆင်တူ သည့် ကာဗာကို အနောက်ဘက်တွင် တပ်ဆင်ထားပါသည်။

Galaxy Ace 4 သည် ဖုန်းလေးလုံးတွင် စွမ်းဆောင်ရည်သင့်သည့် စမတ်ဖုန်း ဖြစ်ပြီး LTE နှင့် 3G နှစ်မျိုး ထုတ်လုပ်ပေးထားပါသည်။ LTE အမျိုးအစားတွင် Dual-Core 1.2GHz Processor နှင့် လေးလက်မ မျက်နှာပြင် တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 5 MP Camera နှင့် 1850mAh Battery ပါရှိပါ သည်။ 3G အမျိုးအစားတွင် 1.0GHz Dual-Core Processor , 5 MP Camera, 1500mAh Battery နှင့် လေးလက်မ မျက်နှာပြင်တပ်ဆင်ထားပါသည်။

Galaxy Star 2 နှင့် Galaxy Young 2 တို့သည် ဖုန်းလေးလုံးတွင် စွမ်းဆောင်ရည် အနိမ့်ဆုံးဖြစ်ပြီး Core တစ်ခုသာပါသည့် 1.0GHz Processor နှင့် ၃.၅ လက်မမျက်နှာပြင်ပါရှိပါသည်။ Galaxy Star 2 တွင် 2 MP Camera နှင့် 1300mAh Battery ပါရှိပါသည်။ Galaxy Young 2 တွင် 3 MP Camera နှင့် 1300mAh Battery ပါရှိပါသည်။

Samsung က ဖုန်းလေးလုံးကို ရောင်းချမည့် နေ့ရက်နှင့် ဈေးနှုန်းကို ကြေညာခြင်းမရှိသေး ဟု သိရပါ သည်။ စွမ်းဆောင်ရည်နိမ့်ပြီး ဈေးနှုန်းသက်သာသည့် စမတ်ဖုန်းများ ဖြစ်သည့်အတွက် အမေရိကန်ပြင်ပ တွင် ရောင်းချမည်ဟု သုံးသပ်မိပါသည်။

Samsung က သူ၏ မိုဘိုင်း မဟာဗျူဟာ တစ်စိတ်တစ်ပိုင်း အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဈေးသက် သာသည့် စမတ်ဖုန်းများကို မကြာမီက ထုတ်လုပ်လျှက်ရှိပါသည်။ ယခုနှစ်အစောပိုင်းတွင် Samsung က သူ၏ ပထမဆုံး Linux အခြေပြု Tizen OS အသုံးပြုထားသည့် Samsung Z ကို ပြသခဲ့ပါသည်။ Z သည် ဈေးသက်သာသည့် Android Phone များကို ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုနှစ် နှောင်းပိုင်းတွင် ရုရှားနိုင်ငံ ၌ ဦးစွာရောင်းချမည်ဖြစ်သည်။


Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...