လူသုံးများလာသော Torrent ၊ လူသိ နည်းနေသေးသော Torrent

ကျွန်တော်တို့ လိုချင်တဲ့ ဖိုင်တစ်ခုခုကို အင်တာနက်ပေါ်ကနေ ရှာလို့မရဘူးဆိုတာ အလွန်ပဲ ရှားပါတယ်။ ကွန်ပျူတာအတွက် Full Version ဆော့ဝဲလိုချင်လား ၊ ဖုန်းအတွက် ဆော့ဝဲလိုချင်လား ၊ ဘာဇာတ်ကား ၊ ဘာသီချင်း ဖိုင်လိုချင်လဲ ၊ အင်တာနက်ပေါ်မှာ အကုန်နီးပါး ရှာလို့ရပါတယ်။ ဒီဖိုင်တွေကို ဘယ်တွေမှာ တင်ထာ်းလဲဆိုရင် လူသုံးများတဲ့ File Sharing Site အများစု မှာပါ။ ယခင်ကတည်းက ဖိုင်တွေမျှဝေချင်ရင် ဒီလို File Sharing Site တွေပေါ်မှာတင်ပြီး မျှဝေခဲ့ကြတာပါပဲ။ ဒါပေမယ့် ၂၀၁၁ နှောင်းပိုင်းလောက် ကစလို့ အမေရိကန်မှာ Online နဲ့ပတ်သက်တဲ့ DCMA Policy အကူးအပြောင်းကြီး စတင်ဖြစ်ပေါ်လာ ပါတယ်။ အဲဒီ Policy အသစ်ကြောင့် Copyright နဲ့ငြိနေတဲ့ ဖိုင်တွေ အများအပြား File Sharing Site တွေကနေ အဖျက်ခံရသလို အချို့ File Sharing Site တွေဟာလည်း FBI က ပိတ်သိမ်းအရေးယူတဲ့ အခြေအနေတွေအထိ ရှိလာခဲ့ပါတယ်။ အဲဒီကာ့လနောက်ပိုင်းတွေ မှာတော့ ဆော့ဝဲ ၊ ဂိမ်း Full version ဖိုင်တွေ ၊ Windows OS (Full version) crack တွေ ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ၊ သီချင်းတွေစတဲ့ Copyright နဲ့ငြိမယ့် ဖိုင်တော်တော် များများဟာ သာမန် File Sharing Site တွေမှာ သိပ်မတွေ့ရ တတ်တော့ပါဘူး ။ Uploader တစ်ဦးတစ်ယောက်က တင်လည်း နာရီပိုင်း ၊ ရက်ပိုင်းအတွင်း အဖျက် ခံရပါတယ်။ ဒါကတော့ တင်သမျှဖိုင်ပေါင်းစုံကို လက်ခံနေတဲ့ File Sharing Service တွေနဲ့ အမေရိကန် Policy အပြောင်းအလဲမှာ File Sharing Site တစ်ချို့အရေးယူခံရပုံ ၊ ပိုက်ဆံပေးသုံးစွဲရမယ့် ဖိုင်မျိုးတွေကို Share ထားရင် Copyright နဲ့ငြိတာကြောင့် ယင်းဖိုင်တွေကို ခဏလေးနဲ့ ပြန်ဖျက်ခံရတဲ့ အကြောင်း ၊ အဲဒီနောက်ပိုင်း သာမန် File Sharing Site တော်တော်များများမှာ Full version Software တွေ ၊ Music ၊ Video တွေကို အတွေ့နည်းသွားရပုံကို သိစေချင်တာပါ။

ဒီနောက်ပိုင်းမှာ အဲ့ဒီလို ဆော့ဝဲ ၊ ဂိမ်း Full version ဖိုင်တွေ ၊ Windows OS (Full version) crack တွေ ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ၊ သီချင်းတွေစတဲ့ Copyright နဲ့ငြိမယ့် ဖိုင်တော်တော်များများကို Online ပေါ်တင်ချင်သူတွေ ၊ ယင်းဖိုင်တွေကို ရရှိနိုင်မယ့်နေရာဟာ သာမန် File Sharing Service တွေကနေ torrent လို့ခေါ်တဲ့ File Sharing Service ဘက်ကို ပိုမိုရွေ့လျား လာခဲ့ပါတယ်။

Torrent လို့ခေါ်တဲ့ File Sharing စနစ်ဟာ ပေါ်ပေါက်ခဲ့တာတော့ ၂၀၀၁ ခုနှစ်လောက် ကတည်းကပါ။၂၀၁၀ နောက်ပိုင်းမှာတော့ တော်တော်လေးကျယ်ပြန့် အသုံးများလာပါတယ်။ Torrent စနစ်က ဘယ်လို အလုပ်လုပ်လဲဆိုရင် File ကိုမျှဝေပေးထားသူနဲ့ ဖိုင်ကို download ရယူလိုသူတို့ကို ချိတ်ဆက်ပေး လိုက်ပြီး Download Speed ကောင်းကောင်းနဲ့ File ကို Download လုပ်လို့ရစေမယ့် Service ဖြစ်ပါ တယ်။ File ကို download လုပ်ပြီးသွား သူတွေရဲ့ ဖိုင်သိမ်းဆည်းထားရာ ကွန်ပျူတာ၊ ဖုန်းကိုလည်း ခုနက download ရယူခဲ့တဲ့ဖိုင်ကို ပြန်လည် share ပေးရတဲ့ Peer-to-peer network အဖြစ်ပြောင်း လဲပေးလိုက်ပါတယ်။ ဒါကြောင့် သာမန် File Sharing Site တွေမှာဆိုရင် File ကို upload လုပ်ထားတဲ့ ပင်မ Server ဆီကနေ ကမ္ဘာ့နေရာအနှံ့အပြားက Users တွေက download ရယူတဲ့ FTP Service ပုံစံဖြစ်ပြီး ဖိုင်အား download ရယူသူများတာနဲ့အမျှ Download Speed နှေးမှာဖြစ်ပြီး ယခု Torrent File Sharing ပုံစံကတော့ ဖိုင်ကိုမျှဝေထားတဲ့ ၊ Download ရယူထားတဲ့ သူတွေ အကုန်လုံးဆီကနေ ဖိုင်ကို တိုက်ရိုက် လှမ်းယူတဲ့ ပုံစံဖြစ်ပါတယ်။ ဖိုင်ကိုမျှထားသူ ၊ Torrent စနစ်ကနေ Download ရယူ ထားသူတွေ အကုန်လုံးဆီကနေ ဖိုင်ကို မျှဆွဲယူတဲ့ ပုံစံဖြစ်တဲ့အတွက် Download ရယူထားသူများလေ ကျန်တဲ့ သူတွေကလည်း ယင်းဖိုင်ကို Download ရယူ ရတာမြန်လေဖြစ်ပါတယ်။

Torrent စနစ်ကို အသုံးပြုပြီး ဖိုင်ကိုမျှဝေမယ့် သူတွေအနေနဲ့လည်း File ကိုယ်တင်မယ့် ဖိုင်တစ်ခုလုံးကို အင်တာနက်ပေါ်ကို upload လုပ်စရာမလိုပါဘူး။ ကိုယ့်ကွန်ပျူတာထဲမှာ ရှိနေတဲ့ မျှဝေလိုတဲ့ ဖိုင်ရဲ့ တည်နေရာ address ကို Torrent ဆော့ဝဲ တစ်ခုခု အသုံးပြုပြီး torrent file အဖြစ်နဲ့ ဖန်တီးပေးလိုက် ရုံသာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ကိုယ်ဖန်တီးလိုက်တဲ့ (.torrent) ဖိုင်ဟာ ကွန်ပျူတာထဲမှာ ရှိနေတဲ့ ကိုယ်မျှဝေလိုတဲ့ ဖိုင်တည်ရှိနေတဲ့ address ကို ညွှန်ပြပေးတဲ့ မြေပုံဖိုင် သဘောမျိုးပါပဲ။ address သာ ပါဝင်တာကြောင့် ဖိုင် size အရွယ်အစား သေးငယ်ပြီး KB ခန့်သာရှိပါတယ်။ ယင်း torrent file လေးကို Torrent File Sharing Site တစ်ခုခု (ဥပမာ- PirateBay.se) မှာသွားပြီး upload လုပ်လိုက် ရုံပါပဲ။ (နောက်ပိုင်းမှာ Torrent File ပြုလုပ်ပုံကို အသေးစိတ် ရေးပေးပါဦးမယ်)

Torrent စနစ်မှာ အဓိကအားဖြင့် Seeder , Leecher , Tracker , Index , Share Ratio ဆိုပြီး ရှိပါ သေးတယ်။ အဲဒီထဲကမှ Seeder နဲ့ Leecher အကြောင်းကိုတော့ User တစ်ယောက်အနေနဲ့ သိထားသင့်ပါတယ်။ Seeder ဆိုတာကတော့ Uploader ကမျှဝေထားတဲ့ Torrent File ကနေတစ်ဆင့် ဖိုင်ကို ပြီးဆုံးအောင် download လုပ်ပြီးတဲ့အခါမှာ ၄င်းရဲ့ ဖုန်း (သို့) ကွန်ပျူတာကိုလည်း ခုနက download ပြုလုပ်ထားတဲ့ ဖိုင်ကို တခြား users တွေကနေလာရောက် ဆွဲယူနိုင်အောင် ပြုလုပ်ပေးထား သူကိုခေါ်ပါတယ်။ Seeder တစ်ယောက်ဖြစ်ဖို့ဘာမှ ထူးထွေ လုပ်စရာမလိုပါဘူး ။ ဖိုင်ကို download လုပ်ပြီးရင် ဖိုင်ကို မဖျက်ဘဲ ဒီအတိုင်းသာ ထားလိုက်ပါ ။ ကိုယ့်ကွန်ပျူတာထဲမှာ သွင်းထားတဲ့ Torrent ဆော့ဝဲက အလိုအလျောက် seeding process ကို ပြုလုပ်ပေးနေမှာဖြစ်ပါတယ်။

Leecher ဆိုတာကတော့ ဖိုင်ကို မျှဝေထားသူဆီကနေ ဖိုင်ကို Download ရယူနေဆဲ ၊ ရယူနေသူများကို ခေါ်ဝေါ်သုံးနှုန်းပါတယ်။ File ကို အပြည့်အ၀ download ရယူပြီးရင်တော့ သူ့ကွန်ပျူတာထဲမှာ သွင်းထားတဲ့ Torrent ဆော့ဝဲက Seeding process ကို စတင်လုပ်ဆောင်နေပြီဖြစ်လို့ Leecher Level ကနေ Seeder Level ကို ရောက်ရှိမှာဖြစ်ပါတယ်။

ဒါကြောင့် torrent site တွေကနေ ဖိုင်တစ်ခုခု ဒေါင်းမယ်ဆိုရင် ယင်းဖိုင်ရဲ့ seeder နဲ့ leecher level ကိုကြည့်နိုင်ပါတယ်။ Seeder အရေအတွက် များနေမှသာ ဖိုင်ကို download လုပ်ရတာ အလွန်မြန်ဆန် မှာဖြစ်ပြီး Seeder အရေအတွက် နည်းနေရင်တော့ ကိုယ့်ဘက်က အင်တာနက်လိုင်း ကောင်းသော် လည်း ဖိုင်ကို download လုပ်ရတာ speed နှေးနေမှာပဲဖြစ်ပါတယ်။

Popular ဖြစ်တဲ့ Torrent Downloader ဆော့ဝဲကတော့ BitTorrent နဲ့ uTorrent ဖြစ်ပါတယ်။ အောက်က link မှာ ရယူနိုင်ပါတယ်။

www.utorrent.com/

www.bittorrent.com/

ဖုန်းတွေ အတွက်ဆိုရင်တော့ Android ဖုန်းတွေအတွက် aTorrent လို့ခေါ်တဲ့ ဆော့ဝဲကို Google Play ကနေ ရယူအသုံးပြုနိုင်ပြီး iPhone တွေအတွက်ကတော့ iTransmission 4 လို့ခေါ်တဲ့ Cydia Tweak ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Torrent File အနေနဲ့ ဆော့ဝဲ၊ သီချင်း ၊ ဗီဒီယို အစရှိတဲ့ ဖိုင်များစွာကို ရရှိနိုင်တဲ့ နာမည်ကြီး torrent site တွေကတော့ အောက်ပါအတိုင်းပါ။

http://kickass.to/
http://thepiratebay.se/
https://torrentz.eu/

ဒီလောက်ဆိုရင်တော့ Torrent File Sharing Service အကြောင်းကို သိရှိကြမယ်လို့ထင်ပါတယ်။ မိတ်ဆွေတို့အတွက် ဗဟုသုတ ရစေမယ်ဆိုရင် ဒီပို့စ်ကို သူငယ်ချင်းတွေအတွက် ပြန်လည် Share ပေးနိုင်ပါတယ်။


သက်နိုင်စိုး (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...