TransAsia လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ရမှုကြောင့် လူ ၅၁ ဦးသေဆုံး

Wednesday, July 23, 2014
TransAsia Airways လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်းသည် ထိုင်ဝမ်ရှိ ပင်ဂူးဟ် ဒေသတွင် အရေးပေါ် ဆင်းသက်ခဲ့ ရမှုကြောင့် လူ ၅၁ သေဆုံးပြီး အခြား လူ ၇ ဦး ဒဏ်ရာ ရရှိသွားကြောင်း ထိုင်ဝမ် သတင်း ဌာနများက ပြောကြားသည်။

ထိုင်ဝမ် အခြေစိုက် TransAsia လေကြောင်း လိုင်းမှ လေယာဉ်သည် ခရီးစဉ်အမှတ် GE222 အဖြစ် Kaohsiung Siaogang လေဆိပ်မှ ပင်ဂူးဟ်ရှိ Magong လေဆိပ်သို့ ပျံသန်းစဉ် အရေးပေါ် ဆင်းသက် ခဲ့ရခြင်း ဖြစ်သည်။

ထိုင်ဝမ် လေကြောင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်များက လေယာဉ်သည် ပင်ဂူးလ်ဒေသရှိ ကျေးရွာ တစ်ရွာတွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထိုင်ဝမ် သတင်းဌာနများ၏ အဆိုအရ လေယာဉ်မှူးမှာ တိုင်ဖွန်း မုန်တိုင်းကြောင့် ရာသီဥတု ဆိုးရွားနေ သဖြင့် လေယာဉ် ဆင်းသက်ရာတွင် အခက်အခဲ ကြုံရခဲ့ရကြောင်း ဖော်ပြသည်။ လေယာဉ်မှာ အရေးပေါ် ဆင်းသက်ပြီးနောက် မီးလောင်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ref;Mizzima News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...