အချင်းဝက် ၃ စင်တီမီတာအထိ လိပ်ထားနိုင်မည့် TV panel ကို LG Display မိတ်ဆက်

LG ၏ အဆိုအရ flexible panel သည် 1200x810 high-definition resolution ဖြင့် ဖော်ပြပေးနိုင်ပြီး display ၏ လုပ်ဆောင်ချက်ကို ထိခိုက်မှုမရှိစေဘဲ အချင်းဝက် ၃ စင်တီမီတာအထိ လိပ်ထားနိုင်မည်ဟု သိရသည်။
ထွင်းဖောက်မြင်နိုင်ပြီး ခေါက်ထားနိုင်သည့် display များကို ထုတ်လုပ်နေသည်မှာ LG ကုမ္ပဏီတစ်ခု တည်း မဟုတ်ပေ။ Samsung, Nokia နှင့် Apple တို့သည် ပြောင်းလွယ်ပြင်လွယ်ရှိသည့် စမတ်ဖုန်းနှင့် tablet screen များအတွက် နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင်ခဲ့ကြသည်။ သို့သော်လည်း LG ၏ နောက်ဆုံးပေါ် အဆင့်မြင့် panel ဖွံ့ဖြိုးတိုးတက်မှုက ဦးဆုံးဖြစ်ပေါ်လာခဲ့သည်။ LG သည် G Flex ဟု ခေါ်သော flexible စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ပေးခဲ့သလို ၇၇ လက်မ flexible OLED TV ကိုလည်း ဇန်နဝါရီလက ကျင်းပခဲ့သော CES ပြပွဲတွင် မိတ်ဆက်ပေးခဲ့သည်။
Ref: CNET
Internet Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)