Alcohol and pregnancy အရက်နဲ့ကိုယ်ဝန်

1. အမျိုးသမီးက ကလေးနို့ တိုက်နေပါတယ်။ ကလေးမွေးပြီး နှစ်လလောက်မှာ ခွဲထားတဲ့ အနာကျက်အောင်ဆိုပြီး ဝိုင်နီတစ်ခွက် ညစဉ် သောက်ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် ဘီယာ သောက်ရင် တစ်ခါတစ်ရံ သူလည်း အများဆုံး တစ်ခွက် သောက်ပါတယ်။ ဒီလိုသောက်မိတဲ့အတွက် ကလေးကို ဘာတွေများ ထိခိုက်သွားနိုင်ပါလဲ ဆရာ။ ယခု ဆရာ့စာဖတ်ပြီး လုံးဝမသောက်ရန် ဂရုစိုက်သွားပါပြီ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျာ။
2. အမျိုးသမီးများ အရက် (သို့မဟုတ်) ဘီယာကို ကိုယ်ဝန်ဆောင်ချိန်အတွင်း သောက်သုံးမယ်ဆိုရင် ဆိုးကျိုး ရနိုင်ပါသလား ဆရာ။

ကိုယ်ဝန်ဆောင်ရင် အရက်လုံးဝမသောက်ဘို့ ဆရာဝန်တိုင်းကနေ တိုက်တွန်း၊ တားမြစ်ပါတယ်။ အထဲက ကလေးကို သက်ရောက်မှုတွေ ဖြစ်စေတယ်။ မွေးပြီးနောက်မှာ ကလေးဟာ ရေရှည်ခံစားရနိုင် တာတွေ ရှိလာနိုင်ပါတယ်။

အရက် (ဝီစကီ၊ ဝိုင်၊ ဘီယာ၊ ရှန်ပန်း၊ ရမ်၊ ဗော်ဒ်ဂါ၊ အားလုံး) ကို ပါးစပ်ကနေသောက်လိုက်ရင် ခပ်မြန်မြန်နဲ့ သွေးထဲကို ရောက်တယ်။ ဗိုက်ထဲကကလေးသွေးထဲကို အချင်းကနေတင့်ကူးပြီး ရောက် သွားမယ်။ မိခင်လောင်း အရက်သောက်သလောက် အထဲကကလေးဆီရောက်ပါတယ်။ တခွက်သောက် တခွက်ရောက်လို့ပြောနိုင်တယ်။

သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်မယ်။ လူတွေအရက်သောက်လိုက်ရင် အရက်ထဲပါတဲ့ဓါတ်တွေကို ပြောင်းလဲ ပြစ်တယ်။ ကလေးမှာ အဲဒီဖြစ်စဉ်က အတော်ကြီးအချိန်ကြာတယ်။ အရက်ကို အဥကြနေ အဆိပ် အတောက်တွေဖယ်ပေးတယ်။ ကလေးအဲကလေးက ဘယ်လောက်မှ လုပ်နိုင်သေးတာမဟုတ်ပါ။ ဒီတောါ ကလေးသွေးထဲမှာ အရက်က ကြာကြာနေမယ်။ မူးနေတာကြာမယ်။

မိခင်လောင်းက အရက်ကို များများ၊ ကြာကြာသေညက်ရင် သူကနေမွေးလာမဲ့ကလေးမှာ ဒါတွေဖြစ် လာနိုင်တယ်။
• Behavior and attention problems အမူအယာနဲ့ စူးစိုက်မှုပြဿနာ၊
• Heart defects မွေးရာပါ နှလုံးရောဂါ၊
• Changes in the shape of the face မျက်နှာပုံပန်းပြောင်းခြင်း၊
• Poor growth before and after birth သန္ဓေဘဝနဲ့ မွေးလာပြီးနောက်မှာ ဖွံ့ထွားမှု ထိခိုက်ခြင်း၊
• Poor muscle tone and problems with movement and balance ကြွက်သားအားနည်း၊ ထိန်ညှိလုပ်ဆောင်မှုအားနည်းခြင်း၊
• Problems with thinking and speech တွေးခေါ်မှုနဲ့ စကောထိခိုက်ခြင်း၊
• Learning problems သင်ယူမှုထိခိုက်ခြင်း။

တသက်တာဖြစ်မယ်။ အပျော့အပြင်တော့ မတူကြပါ။
• Cerebral palsy မျက်နှာတခြမ်းလေဖြတ်ခြင်း၊
• Premature delivery စောမွးခြင်း၊
• Miscarriage or stillbirth ကိုယ်ဝန်ပျက်ခြင်။ အသေမွေးခြင်း။

နို့တိုက်မိခင် အရက်သောက်ရင် နို့ထဲကိုလဲ အရက်ဓါတ်ဝင်ပါတယ်။ ပနည်း-အများတော့ နည်းနည်းစီ ကွာတယ်။ အရက် ဘယ်လောက်ဆိုရင် အန္ကရာယ်ရှိသလဲ။ တိတိကျကျ မပြောနိုင်ပါ။ များလေ ဆိုးလေဖြစ်ပါတယ်။

ဝိုင်၊ ရှန်ပိန်၊ ချောကလက် စတာတွေဟာ ကမ္ဘာမှာ အမြတ်အစွန်း အလွန်မတန်ကြီးမားတဲ့ စီးပွါးရေး လုပ်ငန်းကြီးတွေ ဖြစ်တယ်။ ငွေများတော့ ကြော်ညာအားကြီးမားတယ်။ ဆေးပညာသုတေသနထဲအထိ ဝင်တယ်။ မနေ့က နောက်ဆုံးရ ဆေးသုတေသနသတင်းတခုထွက်တယ်။ အရင်ကထင်ခဲ့တဲ့ ဝိုင်နီနဲ့ ချောကလက်စားရင် လိင်စိတ်ကို နှိုးဆွပေးတယ် ဆိုတာ မဟုတ်ပါတဲ့။ ဒါမထွက်ခင်က အလွန် သည်းခြေ ကြိုက် ဆေးပညာသတင်းဖြစ်ခဲ့ပါတယ်။


ဒေါက်တာတင့်ဆွေ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...