American Horror Story အပိုင်း (၄)မှာ ပါဝင် သရုပ်ဆောင်မယ့် ကမ္ဘာ့အသေးငယ်ဆုံး အမျိုးသမီး

ကမ္ဘာ့အသေးငယ်ဆုံး အမျိုးသမီးအဖြစ် စံချိန်တင် ထားခြင်း ခံရတဲ့ Jyoti Amge ကို American Horror Story ရှိုးရဲ့ အပိုင်း (၄)မှာ ထည့်ပြီး သရုပ်ဆောင် တော့မယ်လို့ သိရပါတယ်။ Jyoti Amge ဟာ အသက် ၂၀ရှိနေပြီဖြစ်ပြီး အရပ် ကတော့ ၂ပေသာရှိတဲ့သူပါ။ သူဒီဇာတ်ကားမှာ ပါဝင်လာတဲ့ အတွက်ကြောင့် အားလုံးရဲ့ စောင့်မျှော် ကြည့်ရှု အားပေးမှုကို ပိုရလိမ့်မယ်လို့ ဇာတ်ကားရဲ့ တာဝန်ရှိသူတွေက ခန့်မှန်းထား ကြပါတယ်။ ရှိုးရဲ့ တာဝန်ရှိသူဖြစ်တဲ့ Ryan Murphy ကလည်း သူ့ Twitter မှာ စီးရီးစတားဖြစ်တဲ့ Jessica Lange နဲ့ Amage တို့ရဲ့ပုံကို တင်ပြီး လူတွေရဲ့ အာရုံစိုက်မှုကို အရယူခဲ့ ပါသေးတယ်။


ဒီဇာတ်ကားမှာ ပါဝင်နေကျ သရုပ်ဆောင်တွေဖြစ်တဲ့ Kathy Bates၊ Angela Bessett၊ Sarah Paulson၊ Evan Peters နဲ့ Emma Robers တို့ ပြန်လည်ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပြီး American Horror Story ရဲ့ သရုပ်ဆောင်အသစ်တွေအဖြစ် Michael Chiklis၊ Wes Bentley ၊ Finn Wittrock နဲ့ Patti LaBelle တို့ကလည်း အားဖြည့်ထားမယ်လို့ သိရပါတယ်။


Ref:cosmopolitan.com
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...