တက္ကသိုလ်ဝင်ခွင့် ပုံစံသစ်ကို မိဘတိုင်း သိကြပါစေ
ဒသမတန်း အောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသား များ အတွက် တက္ကသိုလ် ဝင်ခွင့်စိစစ် ရွေးချယ်သည့် ပုံစံသစ်ကို လာမည့် ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှ စတင်၍ ပြောင်းလဲ ကျင့်သုံးရန် ပညာရေးဝန်ကြီး ဌာန တာဝန်ရှိသူများနှင့် ပညာရေးအ ကြံပေးပညာရှင် များက ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ၌ ကျင်းပသည့် ပညာရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
လာမည့်ပညာသင်နှစ် တက္ကသိုလ် ဝင်ခွင့် စိစစ်ရွေးချယ် ရာတွင် အခြေခံပညာ ကျောင်းများမှ စဉ်ဆက်မပြတ် အကဲခတ်ကာ ဘက်စုံပညာ အရည်အချင်း မှတ်တမ်းချုပ် (CPR, Compreh- ensive Personal Record) လုပ်ငန်းဆောင်ရွက်ခဲ့ မှုများကိုပါ ကြည့်ရှု၍ ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ် ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။ ကျောင်းသူ၊ကျောင်း သားတစ်ဦး၏ တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ရရှိခဲ့သော စုစုပေါင်း ရမှတ်ကို သာမက ကျောင်းတွင်း CPR မှတ်တမ်း သတ်မှတ် ချက်အဆင့်ကိုပါ ထည့်သွင်း စဉ်းစားမည့် စိစစ်ရွေးချယ် မှုဖြစ်သည်ဟု ယူဆရပါသည်။
ပြောင်းလဲကျင့်သုံးမည့် တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်သည် ယခုနှစ်အခြေခံပညာအထက် တန်းကျောင်းများ တွင် တက္ကသိုလ် ဝင်တန်း (ခေါ်) ဒသမတန်းတွင် တက်ရောက်ပညာသင်ယူနေကြ သည့် ကျောင်းသူ၊ ကျောင်းသား များ ပထမဆုံးရင်ဆိုင်ကြုံတွေ့ရ မည့် တက္ကသိုလ်ဝင်ခွင့် ပုံစံသစ် ဖြစ်ပါသည်။ ယခင်က ကျင့်သုံးခဲ့ သော တက္ကသိုလ်ဝင်ခွင့်ပုံစံနှင့် ယခုပြောင်းလဲ ကျင့်သုံးမည့် တက္ကသိုလ်ဝင်ခွင့် ပုံစံသစ်တို့၏ ခြားနားချက်မှာ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတို့ဝါသနာ ဆန္ဒနှင့်နီးစပ်သည့် တက္ကသိုလ်နှင့် ဘာသာရပ်များကို ရွေးချယ်သင်ယူနိုင်ခွင့် ရရှိလာခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ယခင်စနစ်ဟောင်းတွင် စုစု ပေါင်းရမှတ်အနည်းအများအလိုက် တန်းစီထားသဖြင့် အမှတ် အများဆုံး ရသူများသာ ဆေးတက္က သိုလ်၊ နည်းပညာတက္ကသိုလ်များ သို့ဝင်ခွင့်ရရှိခဲ့ပါသည်။ ယခုကဲ့ သို့စနစ် သစ်ဖြင့် တက္ကသိုလ်ဝင်ခွင့် ပုံစံကိုပြောင်းလဲသတ်မှတ်လိုက် ခြင်းဖြင့် စုစုပေါင်းရမှတ်အဓိက မကျတော့ဘဲ ကျောင်းသူ၊ ကျောင်းသားတစ်ဦး၏ CPR မှတ်တမ်း အခြေအနေ၊ သူ၏ဆန္ဒနှင့်ဝါ သနာတို့ကို ဦးစားပေး ရွေးချယ် လာနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ကျောင်းသူ၊ ကျောင်းသားများအ နေဖြင့် မိမိဝါသနာနှင့်နှီးနွှယ် သော အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ တက်ရောက် နိုင်ရန် အခွင့်အရေးပိုမိုရရှိလာ သည်ဟု ဆိုနိုင်ပါသည်။
သို့ရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ တက်ရောက်လိုသည့် အသက်မွေး ၀မ်းကျောင်း တက္ကသိုလ်၏ အရည်အချင်း သတ်မှတ်ချက်များကိုတော့ အဆင့်မီရရှိအောင် ကြိုးပမ်းထားနိုင်ရ မည်ဖြစ် သည်။ ဥပမာအားဖြင့် ဆေးတက္ကသိုလ်သို့တက် ရောက်လိုသူများသည် ဆေး တက္ကသိုလ်ဝင်ခွင့်အတွက် သတ် မှတ်ထားသောအင်္ဂလိပ်စာနှင့် ဇီဝဗေဒ (Biology)ဘာသာရပ် များတွင် သတ်မှတ်အမှတ်ပြည့်မီ ရန်လိုအပ်သကဲ့သို့ နည်းပညာ တက္ကသိုလ်သို့ တက်ရောက်လို သောကျောင်းသူ၊ ကျောင်းသား များ အတွက် လည်း နည်းပညာ တက္ကသိုလ်၏ ဝင်ခွင့်သတ်မှတ် ထားသည့် အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ ဘာသာရပ်တို့တွင် သတ်မှတ်ချက်အမှတ်ကို ရရှိထားရန်လို အပ်မည်ဖြစ်ပါသည်။ သက်ဆိုင်ရာ အသက် မွေး ဝမ်းကျောင်းတက္က သိုလ်များ၏ ဦးစားပေးဘာသာရပ် များတွင် အမှတ်ပြည့်မီပြီး သတ်မှတ်ထား သည့် စုစုပေါင်းရမှတ် အရေအတွက်နှင့်ကိုက်ညီလျှင် အဆိုပါအသက်မွေးဝမ်းကျောင်း တက္ကသိုလ်သို့ ဝင်ခွင့်လျှောက် ထားနိုင်မည်ဖြစ်ပါသည်။
‘‘ဒီနှစ်တက္ကသိုလ်ဝင်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာနကပဲ ရွေးချယ်ပေးတာပါ။ ရှေ့နှစ်က စပြီးတော့ တက္ကသိုလ်အလိုက် ရွေးချယ်တဲ့စနစ်ကို ပြောင်းနိုင်ပါ တယ်။ ဖြစ်နိုင်တာက ဆေးတက္က သိုလ်က အင်္ဂလိပ် နဲ့ ဘိုင်အိုနဲ့ရွေး မယ်ဆိုရင် ဆရာတို့ကတော့ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒသုံးဘာ သာမှာ ဘယ်လောက် ရရင်တော့ ဝင်ခွင့်ကိုလျှောက်ထားခွင့်ပြုမယ် ဆိုတာမျိုးတော့ စဉ်းစားထားပါတယ်။ ဆွေးနွေးပြီးတော့ ပြည်သူ တွေကိုကြေညာမှာပါ။ အနည်း ဆုံး ၁၀ လလောက်စောပြီး ကြေညာပေးသွား မှာပါ’’ဟု ရန်ကုန် နည်းပညာ တက္ကသိုလ်ပါမောက္ခ ချုပ် ဒေါက်တာအေးမြင့်ကပြော ကြောင်းသိရှိရပါသည်။
လာမည့်ပညာသင်နှစ် တက္ကသိုလ် ဝင်ခွင့်နှင့်စပ်လျဉ်း၍ အဝေးသင် တက္ကသိုလ်ကတော့ ဘာသာရပ် ၁၁ ခုတွင် ဝင်ခွင့် အမှတ် ကန့်သတ်လိုက်ကြောင်း တွေ့ရသည်။ အဝေးသင်တက္က သိုလ်လျှောက်ထား လိုသူ များအ နေဖြင့် အင်္ဂလိပ်စာအထူးပြုနှင့် ဥပဒေပညာ အထူးပြုဘာသာရပ် များအတွက် အင်္ဂလိပ်စာရမှတ် ၅၀ နှင့် စုစုပေါင်းရမှတ်အနည်း ဆုံး ၃၀၀ မှတ်ရရှိရန်လိုမည်ဖြစ် သည်။
စီးပွားရေးပညာ၊ ပြည်သူ့ ရေးရာပညာ၊ အိမ်တွင်းစီးပွား ပညာ၊ စီးပွားစီမံ ပညာဘာသာရပ် များအတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဘောဂဗေဒဘာသာ ရပ်ပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်ထားသူ များအတွက် ဘောဂဗေဒဘာသာရပ် ရမှတ် ၆၀ နှင့် စုစုပေါင်းရမှတ် ၃၀၀ ရရှိ ထားရမည်ဖြစ်ပြီး ဘောဂဗေဒ ဘာသာရပ် မပါဝင်သောဘာသာ တွဲများဖြင့် အောင်မြင်ထားသူများ အတွက် စုစုပေါင်း ရမှတ် ၃၂၀ ရရှိထားရန်လိုအပ်ပါသည်။
ဓာတုဗေဒ၊ ရူပဗေဒနှင့် သင်္ချာဘာသာရပ်များအတွက် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် သက်ဆိုင်ရာ ဘာသာရပ် ရမှတ်အနည်းဆုံး ၅၀ မှတ်နှင့် သတ္တဗေဒနှင့် ရုက္ခဗေဒဘာသာရပ်များ အတွက် ဇီဝဗေဒ ဘာသာရပ် ရမှတ်အနည်းဆုံး ၄၅ မှတ်ရရှိထားရန်လိုအပ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်၍ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတက်ရောက်လိုသော တက္ကသိုလ်၊ မိမိသင်ကြားလိုသောဘာသာရပ် များတွင် သတ်မှတ်ထားသော အရည်အချင်း သတ်မှတ်ချက်များကို ပြည့်မီထားရန် လိုအပ်မည်ဖြစ် ပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနသည် လာမည့်ပညာသင်နှစ် မှစတင်၍ နည်းပညာတက္ကသိုလ် များတွင် အင်ဂျင်နီယာဘွဲ့ (B.E) ကိုတိုက်ရိုက်ပေးအပ်သွားမည် ဖြစ်ပြီး နည်းပညာဘွဲ့ (B.Tech) ပေးအပ်သော စနစ်ကို ဖျက်သိမ်း လိုက်ကြောင်းသိရသည်။ ထို့ပြင် နည်းပညာ တက္ကသိုလ်များသို့ဝင် ရောက်ခွင့်ပြုသည့် ကျောင်းသား ဦးရေကိုလည်း ရှစ်ထောင်ကျော် လျှော့ချသတ်မှတ်လိုက်သည်။
ထို့ပြင် ဆက်လက်တင်ပြလို သည်မှာ ပညာရေးပြုပြင်မှုနှင့်စပ် လျဉ်း၍ နေပြည်တော်၌ ဇူလိုင် ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပြီ ဟူသောအချက်ဖြစ်သည်။ အဆို ပါအမျိုးသားပညာရေး ဥပဒေ ကြမ်းတွင် ကျောင်းသားများ၏ အရည်အချင်းနှင့်ဆန္ဒပေါ်အခြေ ခံ၍ ရွေးချယ်နိုင်ခွင့်ရှိသော တက္က သိုလ်ဝင်ခွင့်စနစ်ကိုကျင့်သုံးနိုင် ရန် တင်ပြထားသောကြောင့် လာ မည့်ပညာသင်နှစ်တွင် ယင်းဥပဒေနှင့် အညီ လိုက်နာကျင့်သုံးရ တော့မည်ဖြစ်ပါသည်။
သို့ဖြစ်၍ ပညာရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာတက္ကသိုလ် များက လာမည့် ၂၀၁၄-၁၅ ပညာသင်နှစ် တွင် စတင်ကျင့်သုံးတော့ မည့် တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကို ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများ ရှင်းရှင်းလင်းလင်းသိရှိ နိုင်ရန် အချိန်မီကြေညာပေးခြင်း ဖြင့် ပြင်စရာ တွေများလှသည့် ပညာရေးအခက်အခဲတစ်ရပ်ကို ဖြေရှင်းဆောင်ရွက်ပေးရန် အထူး လိုအပ်နေပြီဖြစ် ကြောင်း တိုက်တွန်းရေးသား အပ်ပါသည်။

7Day Daily
No.472 Saturday, August 16, 2014
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook