အာလူး ရာဇ၀င်

Solanum tuberosum (ခေါ်) အာလူးကို ပီရူးနိုင်ငံ ရှိ အင်ကာ(Inca) လူမျိုးများက ဟိုးနှစ်ပေါင်း ၇၀၀၀ ကျော်ကတည်းက အင်းဒီးစ်တောင်စောင်း တလျှောက် စတင်စိုက်ပျိုး လာခဲ့ကြတာပါ။ အင်ကာ လူမျိုးတို့ က အာလူးကို ‘papa’ ဟု ခေါ်ဆိုကြပြီး၊ ထို ဒေသထွက် အာလူးများဟာ ထွားကြိုင်းပြီး၊ အနှစ်များတဲ့ အ၀ါရောင်ဖြစ်ကာ၊ မရမ်းစေ့ရောင် အခွံက ဖုံးအုပ်ထားပါတယ်။ အာဟာရ ဖြစ် စား သောက်လေ့ရှိကြသလို၊ အင်ကာရိုးရာ တိုင်းရင်း ဆေးကုထုံးအရ နာမကျန်းသောအခါ ခန္ဓာကိုယ် အရေပြားကို အာလူးဖြင့် ပွတ်တိုက်ပေးပါက ယူပစ်သလို ဖျားနာများပျောက်ကင်း လို့ ဆေး ၀ါးဖြစ်ပါ စိုက်ပျိုးကြပါတယ်။ ဒါ့အပြင် တန်ဘိုး မဖြတ်နိုင်တဲ့ သီးနှံဖြစ်လို့ ထိုလူမျိုးတို့ သေရင်၊ အာလူးကိုပါ ထဲ့မြှုပ်နှံလေ့ ရှိကြပါတယ်တဲ့။ အာလူးကို အခြောက်ခံကာ ဧရာမ ပစ္စည်းထဲ့ ပုံးကြီးများတွင် သိမ်းဆည်းထားလေ့ရှိပြီး၊ စစ်ပွဲများဖြစ်၍ ငတ်မွတ် ခေါင်းပါးသော အခါတွင်လည်းကောင်း၊ ခရီးရှည်သွားသော အခါတွင် လည်းကောင်း ရိက္ခာကုန်ကြမ်း အဖြစ် သိုလှောင်ထားကြ တယ်လို့ ဆိုပါတယ်။

၁၅၃၇ ခုနှစ်မှာတော့ စပိန်ကျူးကျော်သူများသည် ပီရူးနိုင်ငံသို့  ရွှေရတနာများ လာရောက်ရှာဖွေကြ ရာမှစ၍ အာလူး စားသုံးခြင်း ကို အမှတ်မထင် တွေ့ ရှိခဲ့ပါတယ်။ စပိန်တို့ က အာလူးကို ‘patata’ လို့ ခေါ်ဝေါ်ကြပြီး၊ ၄င်းတို့ ဌာနေပြန်တဲ့ လမ်းခရီးတွင် သင်္ဘောသားများကို အာလူးကျွေးရာ၊ ပင်လယ် ခရီးကြမ်းတွင် ဒုက္ခပေးနေကျ ဗီတာမင်စီဓာတ်ချို့ တဲ့ရောဂါ လုံးဝမဖြစ်စေတော့ ပါဘူးတဲ့။ ထိုအချိန်မှစ၍ စပိန်ကုန်သည်များဟာ ပီရူးနိုင်ငံရှိ အာလူးအမြစ်ဥတို့ ကို ယူဆောင်လာပြီး စိုက်ပျိုးခဲ့ကြရာမှ စ၍ စပိန် တွင် အာလူးစားသုံးသော ယဉ်ကျေးမှုစတင်လာခဲ့ ပါတော့တယ်။ အချိန်ကာလများရွေ့ လျားလာပြီး၊ လမ်းပန်းဆက်သွယ်မှုများ ပွင့်လန်းလာပြီးနောက်မှာတော့ ၁၉၀၀ ခန့် တွင် အိုင်ယာလန်၊ ၁၉၄၅ တွင် ဗြိတိန၊် ၁၅၈၅ တွင် အီတလီ နှင့် အင်္ဂလန်၊ ၁၅၈၇ တွင် ဘယ်လ်ဂျီယမ် နှင့် ဂျာမနီ၊ ၁၅၈၈ တွင် သြစတြေးလျ၊ ၁၆၀၀ တွင် ပြင်သစ်၊ ၁၇၅၀ တွင် ဂျာမနီ စသည်ဖြင့် အာလူးများ စတင်စိုက်ပျိုး လာခဲ့ကြပါ တယ်။ စဦးပိုင်းတွင် ဥရောပနို င်ငံ များ အားလုံး၌ အာလူးက လူကို အဆိပ်ဖြစ်စေတတ်သည်ဟု ယူဆ ကာ မစားသုံးကြသေး ပါ ဘူး။ ဆေးသိပ္ပံပညာရှင်များက အာလူးဟာ စရိတ်နဲနဲ နဲ့ ခွန်အားကြွယ်ဝတဲ့ ကောက်နှံအစားထိုး အစား အစာဖြစ်လို့ နေ့ စဉ်အစာအာဟာရဖြစ် အရွယ် (၃)ပါးမရွေး စားသုံးသင့် ကြောင်း ဗဟုသု တ ဖွင့်ပေးခဲ့ပြီး၊ ဌာနေအာဏာပိုင်များ ကလဲ လယ်ယာစိုက်ခင်းများတွင် အာလူးကို မဖြစ်မနေ စိုက်ပျိုးစေခိုင်းခဲ့လို့  ၁၇ ရာစုနှစ် အလယ်လောက်မှစပြီး ဥရောပတိုက် တစ်ခွင်လုံးမှာ အာလူးကို တွင်ကျယ်စွာ စားသုံးလာခဲ့ကြ ပါတော့တယ်။

၁၇ ရာစု အလယ်လောက်တွင် ကမ္ဘာပေါ်မှာ အာလူးကို တွင်ကျယ်စွာ စားသုံးသောနိုင်ငံမှာ ပြင်သစ်ဖြစ် လို့ နေပါပြီ။ ပြင်သစ် ဘုရင်မ Marie Antoinette သည် သူမ၏ ဆံလိပ်ခွေ ပေါ်တွင် မရမ်းစေ့ရောင် ပွင့်ဖတ်မှာ ၀ါလွင်လွင်ဝတ်ဆံဖြင့် သင်းပျံ့ လှပတဲ့ အာလူးပန်းခိုင်လေးများကို အမြတ်တနိုး ပန်ဆင့်လေ့ရှိ ပါတယ်တဲ့။ ၁၉၉၅ အောက်တိုဘာ တွင် NASA (ခေါ်) မြောက်အတ္တ လန္တိတ် သုတေသန သိပ္ပံပညာရှင် များ အဖွဲ့ သည်၊ အာလူးက တာရှည်အထားခံပြီး အာဟာရလဲကြွယ် ၀စေလို့  အာကာသယဉ်မှူးများကို သဘာဝရဲ့ အာဟာရ အစားအစာ မီနူးအဖြစ် ကျွေးမွေး သင့်ကြောင့် သတ်မှတ်ခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စု တစ်ခွင်မှာ အာလူးကို တစ်နှစ်ပတ်လုံး ရာသီစာ ကောက်နှံအဖြစ် တောင်သူဦးကြီးများအား တဟုန်ထိုး စိုက်ပျိုးစေခိုင်းခဲ့ပါတော့တယ်။

၁၅ ရာစုအလယ် မင်-မင်းဆက်လက်ထပ်မှာ ပေါ်တူဂီ သင်္ဘောသားများ တရုပ်ပြည်သို့  ကုန်သွယ် ဖောက်ကား ရာမှ အစပြူကာ၊ အာရှတိုက် သို့  အာလူးစတင်ရောက်ရှိလာခဲ့ပါတယ်။ ၁၇ ရာစုနှစ် အစောပိုင်းသို့ ရောက်သောအခါမှာတော့ အိန္ဒိယ၊ မြန်မာ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း …စ သည်ဖြင့် အာရှတိုက် တစ်တိုက်လုံးတွင် အာလူးစားသုံးသော ယဉ်ကျေးမှု ခေတ်စား လို့ နေပါပြီ။

စာဖတ်ပရိတ်သတ်တို့ ကို ဗဟုသုတအဖြစ် ဝေမျှရပါလျှင် ယနေ့  ကမ္ဘာပေါ်တွင် အာလူးမျိုး စိပ်ပေါင်း ၁၀၀ ကျော်ရှိပြီး၊ ကမ္ဘာနှင့်အ၀ှမ်း အာလူးစိုက်ခင်း ဧက စုစုပေါင်းမှာ ၁၉,၅၀၀,၀၀၀ ရှိပါတယ်။ ၂၀၀၆ ခုနှစ် စစ်တမ်းများအရ တရုပ် နှင့် အိန္ဒိယတို့ က ကမ္ဘာ့အာလူးထွက်ရှိမှုရဲ့ ၃ ပုံ ၁ ပုံ ဖြစ်ပါတယ်။ အာလူး ဟာ စိုက်ပျိုးရ အလွန်လွယ်ကူပြီး၊ ကမ္ဘာ့အစား အများဆုံး ကောက်ပဲ သီးနှံ များဖြစ်ကြသော ဆန်၊ ဂျုံ၊ ပြောင်း တို့ နောက်တွင် အာလူးက စတုထ္ထနေရာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် အာလူးအစားဆုံး ဒေသမှာ ဥရောပတိုက် ဖြစ်ပြီး၊ အရှေ့ တောင်အာရှတွင်တော့ တရုပ် နှင့် ဂျပန်တို့ က အစားများကြပါတယ်။ အာလူးဟာ အခြား ကောက်ပဲသီးနှံများထက် ဈေးပေါလို့  ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာလဲ ထမင်းအစားထိုး ဗိုက်ပြည့်စာ အဖြစ် စားသုံးလျှက် ရှိနေကြ ပါတယ်။

စရိတ်စက နဲပြီး ဗိုက်ဝစေတဲ့ အာလူးကို နိုင်ငံတကာရှိ လူမျိုးဘာသာစုံ (၀ါ) အလွှာစုံ အိမ်ရှင်မများဟာ အာလူးကို အခွံခွာ၍ လည်းကောင်း၊ အခွံ လိုက်လည်းကောင်း၊ အလုံးလိုက် လည်းကောင်း၊ လှီးဖြတ်၍ လည်းကောင်း၊ သား/ပုစွန်ပြွမ်း အာလူးဟင်းလျာ အမျိုးမျိုး၊ သက်သက်လွတ် ဟင်းလျာများ၊ စွပ်ပြုတ်၊ အပူစာ၊ အအေးစာ၊ အသုပ်၊ အကြွတ်ကြော်၊ ကင်၊ မီးဖုတ်၊ ပြုတ်၊ ပူရီ၊ ကတ်သလိတ်၊ စနွင်းမကင်း၊ ရွှေကြည်၊ ကိတ်၊ pan ကိတ်၊ pie ကိတ်၊ ရေခဲမုန့် ၊ အာလူး စိမ်းဖျော်ရည် စသည်ဖြင့် မတူညီသော အရသာတို့ ဖြင့် နေ့ စဉ်သုံးဟင်းလျာ အဖြစ် သူ့ ရိုးရာ ဓလေ့များအတိုင်း နည်းအမျိုးမျိုးဖြင့် စီမံချက်ပြုတ် လျှက် ရှိကြပါတယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
--
promise.pauk
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...