မျက်မှန် တပ်သူများအတွက် အလှပြင်နည်း

တိုးတက်ပြောင်းလဲ လာတဲ့ ခေတ်ရေစီးကြောင်းနဲ့ အညီ တယ်လီဖုန်း ဟန်းဆက်လေးတွေကို ကြည့်ပြီး အင်တာနက်ကြည့်၊ ချက်တင် စာတို စာရှည်တွေရိုက်၊ ဖုန်းထဲကနေ ဂိမ်းကစားဖြစ်တာ ကြောင့်လည်း ဇက်ကြောတွေထိုးလို့  ပါဝါမျက် မှန်တွေတပ်လာကြသူ လူဦးရေဟာလည်း တနေ့  တခြားများပြားလို့ နေကြပါပြီ။ မျက်မှန်စတပ်ခါစ သူတွေအဖို့  မှန်ထဲကြည့်တဲ့အခါ မိမိကိုယ်ကို တခြားတစ်ယောက်လို ခံစားရတယ်ဟု တွေးထင် ကာ၊ ရှိုးတိုးရှန့် တန့်ဖြစ်ပြီး မျက်မှန်မတပ်ချင် ကြပါဘူး။ သို့ သော် ပါဝါမျက်မှန် တပ်သင့်ပါလျက် မတပ်တဲ့အခါ အမြင်အာရုံ ပိုဆိုးရွားလာစေ ပါ လိမ့်မယ်။

ဒါကြောင့် မျက်မှန်လေးနဲ့ မှ တမျိုးပိုလှလာတယ်လို့  ဘေးလူတွေ အားကျငေးမောလာအောင် Glass Makeup လို့  ခေါ်တဲ့ အောက်ပါ အလှပြင်နည်းဖြင့် အားထုတ်ကြည့်စေလိုပါတယ်။ ဒီအ လှပြင်နည်းက ဘယ်မျက်မှန်ကိုင်း(ဂိုင်း) နဲ့ မဆို လိုက်ဖက်တာ မို့ မိမိကိုယ်ကိုယုံကြည်မှု ပိုလာစေ ပါလိမ့်မယ်။

(မျက်ကွင်းညိုတာတွေကို ဖျောက်ပေးပါ)

မျက်မှန်တပ်သူတွေမှာ မျက်စိအာရုံကြောအားနည်းခြင်း နှင့် မျက်မှန်နှာခေါင်း ဒေါက်တို့ ၏ ဖိအား ကြောင့်၊ မျက်မှန်တပ်သက်တမ်း ကြာလာတာနဲ့ အမျှ အနည်းအများဆိုသလို မျက်ကွင်းညို လာ တတ်ပါ တယ်။ ဒါကြောင့် မျက်ဝန်းအောက်ပိုင်းကို မိမိအသား အရည်ထက် ပိုအရောင်ဖျော့တဲ့ concealer မိတ်ကပ် အရည်လေးတို့ ပေးပါ။ ပြီးရင် မျက်ရည်အိတ်ထောင့်နားလေးတွေကို အိုင်းရှဲဒိုး အရောင် ဖျော့ဖျော့လေး တင်ပေးပါ။

(မျက်တောင်မွှေးကို အလှဆင်ပါ)

မျက်မှန်ကြီးကွယ်နေလို့  မျက်တောင်မွှေးကို အလှမပြင်ဘဲချန်ထားရင် အမှားကြီးမှားသွားပါလိမ့် မယ်။ အမျိုးသမီးတစ်ဦးရဲ့  ဆွဲ ဆောင်မှု လက်နက်တွေထဲမှာ မျက်တောင်မွှေးအလှ ကလည်း မရှိမဖြစ်ပါ။ ဒါကြောင့် mascara မသုံးခင် မျက်တောင်မွှေးလေး တွေကို ကော့တံဖြင့်ကော့တင်ပေး လိုက်တော့ သင့်မျက်လုံးလေးတွေ ပွင့်သွားစေတာပေါ့။ mascara အရောင်ရွေးချယ်ရခက်နေ ရင်၊ ၂၀၁၄ ခုနှစ် အတွက် ခေတ်အစားဆုံးဖြစ်သော ခရမ်းရောင်သမ်းနေတဲ့ Navy အပြာရောင်လေးကို ရွေးချယ်လိုက်ပါ (သို့ မ ဟုတ်) မိမိသုံးနေတဲ့ မျက်မှန်ကိုင်း (ဂိုင်း)ထက် အရောင်ရင့်တဲ့ mascara ကို ရွေးပေးနိုင်ပါတယ်။

(အိုင်းလိုင်နာကို မမေ့ပါနှင့်)

မျက်မှန်တပ်သူများအတွက် မျက်လုံးအိမ် ကျယ်သွားသယောင်ဖြစ်စေဖို့  အိုင်းလိုင်နာကို ချန်မထားသင့်ပါ ဘူး။ အလှတွေ တအား ကြီးပြင်ထားမှန်း မသိသာအောင် အနက်ရောင်အိုင်း လိုင်နာတွေ အစား၊ အညိုရောင်(သို့ မဟုတ်)Navy ပြာရောင်(သို့ မဟုတ်) ခရမ်းရောင်(သို့ မဟုတ်)ခရမ်းရောင် သမ်းနေတဲ့ မီးခိုးရောင် အိုင်းလိုင်နာကို သုံးပေးပါ။ (မျက်စိအားနည်းသူတွေမှာ မျက်ဝန်းထောင့်က မျက်ရည်စတွေ ထွက်တတ်တာကြောင့် ရေစိုခံ (Water Proof) အိုင်းလိုင်နာကိုသာ ရွေးချယ်ပါ)

(နှုတ်ခမ်းနီရင့်ရင့် ဆိုးပေးလိုက်ပါဦး)

မိန်းကလေးအများစုဟာ နေ့ ဖက်မှာ နှုတ်ခမ်းဆိုးဆေး အရောင်ဖျော့ကိုသုံး၍၊ ညပွဲတက်တဲ့အခါ မျိုးတွေ မှာ နှုတ်ခမ်းဆိုးဆေး အရောင်ရင့်ကို သုံးလေ့ရှိကြပါတယ်။ သို့ သော် မျက်မှန်တပ် သူတွေ အတွက် နှုတ်ခမ်းဆိုးဆေး အရောင်ဖျော့ဖျော့တွေက ဆွဲဆောင်မှု မရှိစေနိုင်ပါဘူး။ ဒါကြောင့် မျက်မှန် တပ်သူ များက နေ့ ပွဲတွေရော၊ ညပွဲတွေမှာပါ နှုတ်ခမ်းဆိုးဆေးအရောင် တောက်တောက်ကိုသာ သုံးပါ။ အနီရောင် မကြိုက်သူများအဖို့  လိမ္မော်နီရောင်၊ ပန်းဆီရောင်ရင့်ရင့်၊ အုတ်ခဲ ကျိုးရောင် စတဲ့ မိမိအသား အရေ နှင့်လိုက်ဖက်မယ့် နှုတ်ခမ်းနီမျိုးကို ဆိုးပေးပါ။

(မျက်ခုံးမွှေးကို အပြည့်ဖြည့်ပါ)

မျက်ခုံးမွှေးနဲ့ တတန်းတည်းကျတဲ့ (သို့ မဟုတ်)မျက်ခုံးမွှေးကို အုပ်နေတဲ့ မျက်မှန်ကိုင်း (ဂိုင်း)မျိုးကို မသုံး ပါနှင့်။ အကယ်၍ မျက်မှန်ကိုင်း(ဂိုင်း)က သင့်မျက်ခုံးမွှေးကို အုပ်နေပါက၊ မျက်ခုံးဆွဲခဲတံ အကူအညီနဲ့  မျက်ခုံးမွှေးရဲ့ အဖျားပိုင်း ၃ပုံ ၂ပုံ ကို မျက်မှန် ကိုင်းထက်ကျော်လွန်အောင် အပေါ်ဘက်သို့ နဲနဲ ကိုင်း ညွှတ်ပြီး ခပ်သာသာ ထောင်ဆွဲပေးရပါမယ်။ မွေးရာပါ မျက်ခုံးမွှေးပါးလျား နေသူများက မျက်ခုံးဆွဲတံဖြင့် မျက်ခုံးအတုဆွဲပေးပါ။ (မျက်ခုံးအတုကြီးမှန်း မသိသာအောင်၊ အညိုရောင် မျက်ခုံးဆွဲခဲတံ ကိုသာ သုံးပေး ပါ)

(အိုင်းရှဲဒိုးကို သုံးပေးပါ)

မျက်မှန်တပ်လိုက်တဲ့အခါ၊ မှန်(သို့ မဟုတ်)ကော်မှန်တွေရဲ့ အလင်းတန်ပြန် သက်ရောက်မှုကြောင့် ဘေးလူတွေ အမြင်မှာ သင့် မျက်လုံးကို ကျဉ်းပြီးအရောင်ဖျော့နေတယ်လို့ ထင်တတ်ကြ ပါတယ်။ အဲဒီပြဿနာအတွက် မစိုးရမ်ပါနှင့်။ အိုင်းရှဲဒိုးလေးတွေက သင့်မျက်ဝန်းအလှကို အထောက် အပံ့ဖြစ်စေပါ လိမ့်မယ်။ သင်ရွေးချယ်ထားသော အိုင်းလိုင်နာ(သို့ မဟုတ်)Mascara ထက် အ ရောင်နဲနဲဖျော့တဲ့ အိုင်းရှဲဒိုးကိုရွေးပေးသင့်ပါတယ်။ နောက်တနည်းအနေဖြင့် သင့်မျက်မှန် ကိုင်း (ဂိုင်း)ထက် အတန်ငယ် အရောင် ရင့်တဲ့ အိုင်းရှဲဒိုးကိုလည်း သုံးပေးနိုင်ပါတယ်။ အလှ အပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေ။


(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်..မျှဝေသည်)
--
promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...