မျက်စိ အဝေးမှုန်ရောဂါ ပညာအရည်အချင်း မြင့်မားမှုနှင့် ဆက်စပ်နေ

ပညာ အရည်အချင်း မြင့်မားခြင်းနှင့် စာသင်နှစ် များပြားစွာ ဖြတ်သန်း ရခြင်းသည် မျက်စိ အဝေးမှုန် ရောဂါ (myopia) ဖြစ်ပေါ်နိုင်သည့် အန္တရာယ် မြင့်မားကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြ ထားသည်။

ဂျာမန် သုတေသီများ၏ အဆိုအရ အဝေးမှုန် ရောဂါသည် မျိုးဗီဇ ပြဿသနာ အရင်းခံထက် ပတ်ဝန်းကျင် အကြောင်းရင်း များကြောင့် ပိုမို ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။ ထို့ ကြောင့် ကျောင်းသား လူငယ်များကို ပြင်ပပတ်ဝန်းကျင်၌ ပိုမိုနေထိုင် ရန် သုတေသီများက အကြံပြုထားသည်။

အသက် (၃၅) နှစ် မှ (၇၄)နှစ်ရှိသူ ဂျာမန်လူမျိုး (၄၆၅၈) ဦးကိုစုဆောင်း၍ အဝေးမှုန်ရောဂါရှိ မရှိ စမ်းသပ်ခဲ့ရာ ပညာအရည်အချင်း မြင့်မားသူများတွင် အဝေးမှုန်ရောဂါပို မိုဖြစ်ပေါ်သည်ကို တွေ့ရသည်။

အထက်တန်းပညာ မသင်ခဲ့ရ သူများ၏ (၂၄)ရာခိုင်နှုန်း၊ အထက်တန်းအောင်သူများ၏ (၃၅)ရာခိုင်နှုန်း၊ တက္ကသိုလ်ဘွဲ့ရများ၏ (၅၃) ရာခိုင်နှုန်း အဝေးမှုန်ရောဂါခံစားရ လျက်ရှိသည်ကို တွေ့ရသည်။

ဘွဲ့အသီးသီး ရယူနိုင်ရန် စာသင်နှစ်မြောက်များစွာ တက်ရောက် သင်ယူလျက် ရှိသူများတွင် အဝေးမှုန် ရောဂါပိုမိုဖြစ်ပွားပြီး စာသစ်နှစ်တစ် နှစ်တက်တိုင်း အဝေးမှုန်ရောဂါပို ဆိုးလာလေ့ ရှိသည်ဟု သိရသည်။ အဝေးမှုန်ရောဂါနှင့် ဆက်စပ်လျက် ရှိသည့် မျိုးဗီဇပစ္စည်း(၄၅)ခု၏ သက်ရောက်မှုများကိုပါ ဆက်လက် လေ့လာခဲ့ရာ အဝေးမှုန်ရောဂါသည် မျိုးဗီဇအရင်းခံထက် ပညာအရည် အချင်းနှင့် ပိုမိုဆက်စပ်လျက် ရှိသည် ဟု သုတေသီများက ဆိုသည်။

သုတေသနကို American Academy of Opthamology ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။


ဇော်ကို
Ref;MDI
Health Updates journal No.(129)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...