ခြင်...
ဇနီးသည် မီးဖိုချောင်ထဲ ဝင်သွားချိန် ခင်ပွန်းဖြစ်သူဟာ ခြင်ရိုက်တံ တစ်ချောင်းနဲ့ အလုပ်ရှုပ်နေတာကို တွေ့လိုက်တယ်။
(ဇနီး)- "ရှင် ဘာလုပ်နေတာလဲ...?"
(ခင်ပွန်း)- "ခြင်တွေ လိုက်ဖမ်းနေတာလေကွာ..."
(ဇနီး)- "ဘယ်နှစ်ကောင်ရပြီလဲ...?"
(ခင်ပွန်း)- "အထီး ၃ ကောင်... အမ ၂ ကောင်..."
(ဇနီးသည်က စိတ်ဝင်တစားနဲ့)- "အထီးလား အမလား ရှင် ဘယ်လိုသိလဲ...?"
(ခင်ပွန်း)- "၃ ကောင်က ဘီယာခွက်ပေါ် မှာ လာတယ်... ၂ ကောင်က ဖုန်းပေါ်မှာ လာတယ်..."