ကစားခြင်းမရှိလျှင် ဖွံ့ဖြိုးခြင်းမရှိနိုင်

‘သဘာဝကို သဘာဝ အတိုင်း ရှိပါစေ။ ကလေးများ ကို လွတ်လပ်ခွင့် များများပေးလေ ကလေး၏ ဖွံ့ဖြိုးမှု မြန်လေမြဲလေ’

‘မာရီယာ မွန်တက်ဆိုရီ’ ၏ အဆို အတိုင်း ကလေး များ၏ဘဝ အဓိက အစိတ် အပိုင်းသည် လွတ် လပ်စွာ ဆော့ကစားခြင်းပင် ဖြစ်သည်။

အိမ်နှင့်စာသင်ကျောင်းများတွင် ဆော့ကစား ခွင့်ပေးပါ။ အမေလုပ်တမ်း ကစားသော ကလေးသည် မိခင် ၏မေတ္တာတန်ဖိုးကို ခံစားနားလည်နေပေ မည်။ စစ်တိုက်တမ်းကစားပါက တိုက်ခိုက်ရေး စွမ်းရည်နှင့်အ တူ ရဲစွမ်းသတ္တိများရှိနေနိုင်သည်။ ဆရာမ လုပ်တမ်း ကစားပါက သင်ကြား သင်ယူခြင်း၏ စွမ်းအားများ ကိုနှစ်သက်တတ်သော သင်ပြချင်သောစိတ် လွှမ်းခြုံနေသူတစ်ဦးဖြစ်နေကြောင်း ကလေးများ၏ သ ဘောသဘာဝကို ကျွန်မတို့မိဘ၊ ဆရာများ သတိ ထားသိနေသင့်သည်။ ကလေးများ၏ဉာဏ်ရည်သည် ကလေးများ၏စွမ်းရည်ဖြစ်၍ စွမ်းရည်များများရှိလေ ဉာဏ်ရည်မြင့်မားလေ ဖြစ်သည်။ ကစားခြင်းမှရရှိ သောအကျိုးမှာ ကလေးများ၏သင်နိုင်စွမ်းအားကို များစွာ အထောက်အကူ ပြုနိုင်ပါသည်။ ငါးနှစ်အ ရွယ်ကလေးငယ်တစ်ဦး ဓာတ်ခဲနှင့်မောင်းသောကား၊ သံပတ်ပေးကားကလေးများကို အကြိမ်ကြိမ် ဆော့ကစားရင်း စူးစမ်းလိုစိတ်ဖြင့် တစ်စစီဖြုတ်လိုက်ပါက အပ်ထိန်းသူမိဘများ ဆူပူကြိမ်းမောင်းမည့် အစားကလေး၏ တီထွင်ကြံဆစိတ် စူးစမ်းလိုမှုများကို အလေးပေးပါ။ စူးစမ်းသင်ယူမှုများအတွက် နားလည်ပေးပါ။ အမေးအမြန်းများစွာဖြင့် သေသေချာချာ စေ့စေ့စပ်စပ်မေးတတ်သော ကလေးများကို အဖြေတစ်ခုပြန်ပေးပါ။ ကလေး၏မေးခွန်းတိုင်းကို တန်ဖိုးထားဖြေဆိုပေးပါ။

ပြေးလွှားခြင်း၊ ခုန်ပေါက်ခြင်း၊ အမြင့်သို့တွယ်တက်ခြင်း၊ လှုပ်ရှားခြင်းအမျိုးမျိုးတို့ဖြင့် ကစားသောက လေးများလည်း ရှိပါသည်။ အန္တရယ်ဖြစ်မည်စိုး၍ ဟန့်တားမှုပြုခြင်းထက် အန္တရာယ်မဖြစ်အောင် ကြည့်ရှုစောင့်ရှောက်ပေးပါ။ ကလေး၏ ကိုယ်လက်လှုပ်ရှား ကစားခြင်းသည် ကလေး၏ကျောင်းပညာ ကိုကောင်းစွာ သင်ယူနိုင်သော စွမ်းရည်တစ်ခုဖြစ်လာနိုင်ပါသည်။

ကျွန်မတို့ဆရာ၊ ဆရာမများသည် သင်ကြားခြင်းဖြင့် ကစားပေးနိုင်သလို၊ ကစားပေးခြင်းဖြင့်လည်း သင်ကြားသင်ယူမှု ဆောင်ရွက်၍ရပါသည်။ အရုပ်မဟုတ်ပါသော လူသားကလေးငယ်များကို စည်း ဘောင်အကန့်အသတ်ဖြင့် သတ်မှတ်နေထိုင်စေခြင်းထက် စည်းကမ်းတကျ နေထိုင်တတ်စေရန် က လေး၏ လမ်းညွှန်သူထက် ကလေးနှင့်အတူရှိနေသော ကလေး၏စိတ်ကို မြင်ပေးပါသော ကလေး၏ ဘေးတွင်ရှိနေသည့် ကလေး၏ အားထားယုံကြည်စေ ညွှန်သူအဖြစ် နေသင့်သည်။

ပြောင်းလဲတိုးတက်နေသော ကမ္ဘာကြီးပေါ်ရှိ ယနေ့ကလေးငယ်များ၏ ကစားခြင်းမှာ Computen Telephone များဖြင့် Game ကစားခြင်းများ၊ အားလပ်ချိန်တိုင်း TV, Video ကြည့်ရှုပြီး လှုပ်ရှားခြင်းမရှိ သော ကစားခြင်းများဖြင့်သာ အချိန်ကုန်နေသည်ကို မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုမှုလွဲမှားနေပါသည်။ ကလေးငယ်များ၏ နှစ်သက်စွဲလမ်းခြင်းများ သဘာဝကျမှုသည်တစ်နေ့ထက်တစ်နေ့ ဆိုးရွားမှုများ ရှိနေခဲ့ပါတယ်။

မိမိတို့၏ကလေးငယ်များအပေါ် မိမိတို့၏ကိုယ်တိုင်ခွင့်ပြုမှု၊ ကလေး၏ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း များသည် မိဘအုပ်ထိန်းသူ၊ ဆရာ၊ ဆရာမများ၏ နားလည်မှုရှိခြင်း၊ တန်ဖိုးထားအသိအမှတ်ပြုခြင်းဖြင့် ‘ကစားခြင်းမရှိလျှင် ဖွံ့ဖြိုးခြင်းမရှိနိုင်’ ဆိုသည့်အတိုင်း နည်းစနစ်မှန် ကစားနိုင်စေရန် အခွင့်အလမ်း များများပေးပါက ကလေးများ၏ဦးနှောက်နှင့် ဉာဏ်ရည်၊ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်မှုအတွက် အရေး ကြီးသော လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်းကို မိဘအုပ်ထိန်းသူနှင့် ဆရာ၊ ဆရာမများ အထူးဂရုပြုမည် ဖြစ်ပေသည်။ 


ကြေးမုံသတင်းစာ
ဇူလိုင် (၃၁) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...