၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ခေါ်ယူ

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင် သူများ အနေဖြင့် တက္ကသိုလ် ဝင်ခွင့် လျှောက်ထားနိုင် ရန် အတွက် မိမိတို့စာမေးပွဲ ဖြေဆိုခဲ့ ကြသော စာစစ် ဌာနကြီးကြပ်ရေး မှူးများ၊ အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီး များထံတွင် အမှတ်စာရင်း၊ အရည် အချင်း မှတ်တမ်းချုပ်၊ ရမှတ်အဆင့်၊ တက္ကသိုလ် ဝင်ခွင့် လမ်းညွှန် စာအုပ်နှင့် တက္ကသိုလ် ဝင်ခွင့် လျှောက်ထားရမည့် ပုံစံအိတ်ကို သြဂုတ်လ ၁၄ ရက်၊ ကြာသပတေးနေ့ မှစ၍ ကိုယ်တိုင် လာရောက် ထုတ်ယူ ကြရမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာ များကို သြဂုတ်လ ၁၅ ရက်မှစ၍ စက်တင်ဘာလ ၅ ရက် အထိ၊ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအ၀င် (ပိတ်ရက်မရှိ) အဆင်မြင့်ပညာ ဦးစီးဌာန (အောက် မြန်မာပြည်) တွင် လျှောက်ထားနိုင် မည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၅၃၇၆၆၇၊ ၅၂၅၆၁၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။


ref;Internet Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...